အခန်း(၁၉)
ကျွန်တော်ဘဝရဲ့ တစ်ထောင့်တစ်နေရာကနေ စပြီတော့ပေါ့ ကောင်မလေးတစ်ယောက်ရဲ့အချစ်နဲ့အတူ ရဲရဲရင့်ရင့် ခုတ်မောင်းစီးဆင်းသွားလိုက်ဖို့ ကျွန်တော်စတင်စိတ်ကူးယဉ်လာ ဖြစ်တယ်။
အဲဒီလို စိတ်ကူးယဉ်လာခဲ့ပြီးနောက်မှာ သူနဲ့အပြင်မှာတွေ့ဆုံခွင့် ရဖို့ကို ကျွန်တော် အပြင်းအထန် ကြိုးပမ်းခဲ့တယ်။ အဲဒီရလဒ်တွေကတစ်ဆင့်ပေါ့ ကျွန်တော်တို့ တစ်ယောက်ဘဝမှာတစ်ယောက် ပိုပိုရင်းနှီးခဲ့ပြီး အများကြီး ကြိုးစားကျော်ဖြတ်ခဲ့ကြတယ်။
"ရွှေရည် ငိုနေသေးလား"
"မငိုတော့ပါဘူး"
"စိတ်ဆင်းရဲစရာတွေက တွေးကြည့်ရင်တော့ အများကြီးပေါ့ကွာ။ ဒါပေမယ့် ကြိုးစားမေ့ပစ်လိုက်ပါနော်"
"ဟုတ်"
ဒီမတိုင်ခင်ကပေါ့။ မေဇော်က ပုံမှန်အတိုင်း ည ကိုးနာရီဆိုရင် အိပ်ပြီ။ အဲဒီညကိုးနာရီနောက်ပိုင်းမှာ နောက်ထပ်ဘဝသစ်တစ်ခုထဲ ကျွန်တော်ရောက်ရှိနေလျှက် ရှိခဲ့တယ်။ တစ်ကယ်တော့ မေဇော် ကျွန်တော်ကို မယုံကြည်ဘူးဆိုတာလည်း လုံးဝဖြစ်သင့်ပါတယ်။ တစ်နေ့တော့ ရွှေရည်နဲ့တွေ့ချင်စိတ်ကြောင့် ကျွန်တော် ပဲခူးကို ဆင်းလာခဲ့တယ်။ ဒါပေမယ့် ပဲခူးရောက်ချိန်မှာ ည ကိုးနာရီထိုးတော့မှာမို့ ရွှေရည်အနေနဲ့ ကျွန်တော်ကို လာမတွေ့နိုင်ခဲ့ဘူး။
"ဟိုတနေ့က ကိစ္စအတွက် အကို့ကို ရွှေရည်အားနာနေမိတယ်။ " သူတကယ် အားနာနေမှန်း ကျွန်တော်သိခဲ့ပါတယ်။ ဘယ်တတ်နိုင်မလဲ။ သူနဲ့တွေ့ဖို့ အခွင့်အရေးမရသေးဘူးလို့ပဲ ကျွန်တော်လက်ခံထားလိုက်ပါတယ်။"ရပါတယ်ကွာ။ အချိန်တွေ အများကြီးရှိသေးတာပဲ။ ကိုယ်တို့ တစ်နေ့မဟုတ် တစ်နေ့ ထပ်တွေ့နိုင်သေးတာပဲဟာ။"
"အဲဒီနေ့က ရွှေရည် အပြင်ထွက်ဖို့ လုံးဝ
အဆင်မပြေတော့လို့ပါ။"သူမ ဘာကြောင့် ဒီလောက်ရှင်းပြနေရတာပါလိမ့်။
ကျွန်တော်က သူ့အပေါ် စိတ်ပျက်သွားမှာကို သူမ စိုးရိမ်နေတာမျိုးလား။
"ကို နားလည်ပါတယ်ကွာ။"
"အကို မနက်ဖြန်ဆို ရွှေရည် မန္တလေးသွားရမယ်။"
"ဟုတ်လား၊ ဘာသွားလုပ်ဖို့လဲ။"
YOU ARE READING
အချစ်သည် မည်သို့နည်း???
Romanceအချစ်ဆိုတာ မီးပဲ... ရှို့တဲ့သူလည်း ပူတယ် အရှို့ ခံရတဲ့သူလည်း ပူတယ်