(၉)

25 3 0
                                    


အခန်း(၉)

အဖေရဲ့ နှစ်လပြည့်ဆွမ်း
ကပ်အလှုပြုတာလေးကတော့
ပြီးမြောက်သွားခဲ့ပါပြီ။

ပုံမှန်အားဖြင့် ဘယ်ယောကျာ်း
အပေါ်မှာမှ မှီခိုအားထားလိုစိတ်မရှိတဲ့ ကျွန်မ ၊ အယုံအကြည်မရှိတဲ့
ကျွန်မဟာ ဆုံးပါးသွားတဲ့
ကျွန်မအဖေအပေါ်မှာတော့
ယုံကြည်ကိုးစားမူတွေရှိခဲ့တယ်။

အသက်ကြီးလာလို့ ဝင်ငွေနည်းပါးသွားတဲ့ အဖေဟာ.. တခါတလေမှာ
သူလိုချင်တာလေးတွေကို ကျွန်မဆီမှာ ပူဆာတတ်တယ်။

အဲဒီအချိန်တုန်းက
ကျွန်မက မြင်းခြံက
ktvတစ်ခုမှာ အလုပ်လုပ်နေချိန်ပေါ့။

တစ်လတစ်ခါ ပဲခူးပြန်ဖြစ်တဲ့ အချိန်တိုင်း အဖေ့အတွက် တစ်ခုခုကတော့ ကျွန်မဝယ်ပေးနေကြပါပဲ။
အခုလိုအချိနိ အဖေရှိရင် သိပ်ကောင်းမှာပါပဲ...။

အရမ်း သတိရလိုက်တာ
အဖေရယ်။
ကျွန်မယောကျာ်းတွေအပေါ် မယုံကြည်ဘူးဆိုတာလည်း မပြောနဲ့လေ သူတို့ကပဲ ကျွန်မကို စိတ်ဒဏ်ရာရအောင် အမျိုးမျိုးလုပ်ခဲ့ကြတာမှတ်လား။
အခုကျွန်မလက်ရှိချစ်သူကိုပဲကြည့်..
ကျွန်မ အွန်းလိုင်းဖွင့်ကြည့်မိတဲ့အချိန်
သူ အအေးသောက်နေတဲ့ ပုံလေးကို တင်ထားတာ ကျွန်မတွေ့လိုက်ရတယ်။

ဒါပေမယ့် တင်ထားတာတော့
ကို မဟုတ်ဘူး။

သူနဲ့ပြတ်သွားပါပြီလို့ ပြောခဲ့တဲ့.. သူ့အရင်ရည်စား
ဟိုမိန်းမ ဖြစ်နေလေရဲ့...။

စဉ်းစားကြည့်လေ.. ။

ကျွန်မအနေနဲ့ ဒေါသထွက်သင့်သလား၊ မထွက်သင့်ဘူးလားဆိုတာ။

အဲဒါပဲလေ။ ယောကျာ်းတွေဆိုတာ မမြင်ကွယ်ရာမှာ သူတို့စိတ်သဘောအတိုင်း နေထိုင်နေတတ်ကြတာပဲ။
မပြောကြဘူး။ ကျွန်မဘာမှမသိသလိုအထာမျိုးနဲ့ပဲ နေတယ်။
အဲဒီနေထိုင်ခြင်းထဲမှာပဲ အဲဒီလိုအမျိုးမျိုးသော အကြောင်းအရာတွေဟာ အသွေးအသားထိ အမြစ်တွယ် သပ်ရိုက်လို့နေတယ်။

"အင်း လာချင်ပါတယ်။"တဲ့...။

ကျွန်မက လာခဲ့ဖို့ သူ့အဖြေမှာ အားတတ်သရောဖြစ်မူတွေ ပျောက်ဆုံးနေခဲ့တာကို သတိမရခဲ့မိဘူး။

အချစ်သည် မည်သို့နည်း???Where stories live. Discover now