အခန်း(၁၅)

61 7 0
                                    

အခန်း(၁၅)

မေဇော်ဇော်

ကျွန်မအတွက်တော့ ကိုနဲ့စကားပြောနေရတဲ့ အချိန်တိုင်းဟာ တန်ဖိုးရှိနေတာချည်းပါပဲ။ ကိုရဲ့စကားတွေကို ကျွန်မ တစ်လုံးမကျန်အကုန်မှတ်သားထားတယ်။ တစ်ခါတစ်လေ ကိုက ကလေးအရမ်းဆန်တာကိုလည်း ကျွန်မသတိထားမိတယ်။ သူ ပြောတဲ့စကားကိုပဲ ကြည့်လေ။
"မေဇော်ရဲ့ ဓာတ်ပုံကိုကြည့်ပြီး၊ ကျွန်တော် မနေနိုင်လို့ နမ်းလိုက်မိတယ်ဗျာ။"
ကျွန်မရင်ထဲမှာ လှပ်ခနဲပဲ။ ကျွန်မအသက်အရွယ်နဲ့ ကြုံတွေ့ဖူးပြီးသား ကိစ္စတွေဆိုပေမယ့် ကျွန်မအရှက်ပိုနေမိတယ်။ ရှက်ရှက်နဲ့ပဲ ကျွန်မလည်း
"ဟာ..အဲဒီကိစ္စ၊ ဘာလို့လာပြောတာလဲ။ ကွိုင်ပဲ။" လို့ ပြန်ပြောလိုက်မ်တယ်။ ကျွန်မက သာမန်မိန်းခလေးပါပဲ။ အရမ်းကြီး လှပနေတဲ့သူ တစ်ယောက်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မအဝတ်အစားကိုတော့ သိက္ခာရှိတဲ့ ဝတ်စားဆင်ယင်မူကိုပဲ နှစ်သက်တယ်။ ကျွန်မ အမြဲတစေ ထမီပဲ ဝတ်ဆင်ပါတယ်။ လူကလည်း ပိန်ပိန်လေးမို့၊ သူတကာတွေလို့ ကိုယ်လုံးကိုယ်ပေါ်က်လည်း မရှိပါဘူး။ ဒါတောင် ကိုက ကျွန်မကိုလာချစ်တာဟာ ဘာအတွက်များပါလိမ့်။

နောက်တော့ ကိုက တာဝါတိုင်ပေါ်မှာ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံ ကျွန်မဆီ လှမ်းပို့ ပေးတယ်။ ကို့မျတ်နှာက ပြုံးရွှင်နေလေရဲ့။ ကျွန်မအတွက်တော့ ကလေးလေးတစ်ယောက်လိုပါပဲ။ ကိုကလည်း ကျွန်မဆီက ဓာတ်ပုံပြန်တောင်းတယ်။ ကျွန်မ ချက်ချင်းတော့ မပို့သေးပါဘူး။ ကို့ကို နည်းနည်းတော့ ပြန်ရစ်ရလိမ့်မယ်။ ကျွန်မ မရစ်ခင်မှာ ကိုက စဖြစ်အောင်လှမ်းစသေးတယ်။
" ဓာတ်ပုံပို့ပေးခဲ့ရင် အဲဒီဓာတ်ပုံကို နမ်းမှာနော်။"
ကျွန်မတော့ ရယ်နေမိတော့တာပဲ။ ပြီးတော့မှ သူ့ကို စရစ်တယ်။
"ကောင်လေး၊ ကျွန်မကို ဘယ်အချိန်မှာ ချစ်မိသွားတာလဲ။"
ကို ခဏတော့ ငြိမ်သက်သွားတယ်။ ကျွန်မထင်တယ်။ ဒီအဖြေအတွက် တစ်ဘက်မှာ ကို ခေါ်င်းကုတ်နေလိမ့်မယ်လို့။သိပ်မကြာပါဘူး။ ကို့ဆီက ဟိုမရောက် ၊ ဒီမရောက်တဲ့ အဖြေကို ကြားရတာပဲ။
"ဘယ်အချိန်က ချစ်မိတယ်ဆိုတာကို ကျွန်တော်အသေအချာတော့ မပြောပြနိုင်ပါဘူး။ ဒါပေမယ့် စိတ်ဝင်စားခဲ့တာကတော့ မေဇော်နဲ့ မတွေ့ခင်ကတည်းက စိတ် ဝင်စားမူ ရှိခဲ့ တာကတော့ အသေအချာပါ။ ဘယ်အချိန်က ချစ်တာလဲဆိုတာကတော့ အဲဒီအချိန်ကလည်း ဖြစ်နိုင်ပါတယ်။ အဲဒီ လိုဆို ကျွန်တော်ကလည်း ပြန်မေးချင်တယ်။ မေဇော်ကော ကျွန်တော်ကို ဘယ်အချိန်မှာ စချစ်မိသွားတာလဲ။"
ကို့ရဲ့ အဖြေအတွက် ကော ၊ ကိုရဲ့အမေးအတွက်ကိုကော ကျွန်မ စိတ်မဆိုးပါဘူး။ ဘာလို့ဆို ဒီလိုဖြစ်လာမယ့်ဆိုတာ ကျွန်မကြိုခန့်မှန်းထားပြီးမို့ပါ။ ကျွန်မခုတော့ မဖြေချင်သေးဘူး။ လိုင်းပေါ်ကဆင်းပြီး ဖုန်းပိတ်ထားလိုက်တယ်။ ကို့တစ်ယောက်တော့ စိတ်ကသိကအောင့် ဖြစ်ကျန်ခဲ့မှာ ကျိန်းသေပါပဲ။

မနက်မိုးလင်း အိပ်ယာနိုးပါပြီ။ ကျွန်မပြုလုပ်နေကျအတိုင်းပဲ။ ဖုန်းဖွင့်ပြီး ၊ ကို့ဆီ မတ်ဆေ့ပို့လိုက်တယ်။
"ကို့ကို အရမ်းချစ်တယ်။"
ဟုတ်တယ်။ ကျွန်မသူ့ကို "ကို"လို့ စတင်သုံးစွဲ ခေါ်ဝေါ်လိုက်တာပါ။ ဒီအခေါ်အဝေါ်အတွက် ကို့စိတ်ထဲ ဘယ်လိုနေမယ်ဆိုတာ ကျွန်မ မသိနိုင်သေးဘူးရယ်။ ကိုကတော့ မထုံတတ်သေးနဲ့။ နောက်ဆုံးမနေနိုင်တဲ့ ကျွန်မကပဲ ၊ ကို့ဆီ ဖုန်းလှမ်းဆက်ရတော့တယ်။
"ကိုဆိုတာ ဘယ်သူ့ကိုခေါ်တာလဲ။"
"ကောင်လေးက ဘယ်သူ့ ကို ခေါ်တယ်ထင်လို့လဲ။"
"မသိပါဘူး။ ကျွန်တော်ဆီ မတ်ဆေ့များ မှားပို့သလားလို့။"
"ဖြစ်မှဖြစ်ရတယ်။မှားပို့တယ်လို့ ထင်ရင်လည်း၊ မှားပို့တယ်ပေါ့လေ။ "
"ဟာ...စတာပါဗျာ။ ကျွန်တော်က မေဇော်ကို ချစ်လို့ ခေါ်မယ်နော်။"
"ကို့ သဘောလေ။"
ဒီလိုနဲ့ ကျွန်မဘဝမှာ သက်တံလေးတွေ ထွက်ပေါ်လာရတော့တာပါပဲ။ အဲဒီလိုပါပဲ၊ ကျွန်မကိုယ်ကျွန်မ မသိနိုင်လောက်တဲ့ထိ ကျွန်မကို့ကို အရမ်းချစ်လိုက်မိပါတော့တယ်။

ချစ်စိတ်နဲ့ ကျွန်မအတွက်ရေးပေးခဲ့တဲ့
ကဗျာလေးကို ပြန်ထုတ်ကြည့်မိခဲ့တယ်။


အရင်​လိုမဖြစ်​ပါ​စေနှင့်
................................

တစ်​ချို့တစ်​​လေဟာ
ဘဝထဲက ထွက်​​ပြေးသွားကြတယ်
ကိုယ်​ရှာ​ဖွေ​နေတုန်း ခဏမှာ
နောက်​ထပ်​ အသစ်​​ အသစ်​​တွေ
ပြန်​​ပေါ်လာရစမြဲမို့
အစစ်​အမှန်​ဆိုတာ ဘယ်​မှာလဲ?

နေဝင်​​နေတဲ့ ကိုယ့်​ဘဝမှာ
အလင်းတစ်​စ​တော့ အလိုရှိမိ​သေးတယ်
အေး​လေ၊ညကမက်​တဲ့အိမ်​မက်​မှာ
နတ်​သမီးမရှိ​သေးဘူး
သူမ အစစ်​အမှန်​အတွတ်
ကိုယ်​ဆီလာဖို့ စဉ်းစား​နေတုန်းပဲ။

ကိုယ်​သိတယ်
သူလည်း တစ်​​နေ့...
သူတို့လို ထွက်​​ပြေးသွားဦးမှာ
အဲဒီအခါ ကိုယ်​မှာ
သူမ​ပေးတဲ့ ကဗျာအသစ်​ အသစ်​​တွေနဲ့
နောက်​ထပ်​ မိုးစင်​စင်​လင်း..။ ။
June18.2016
Minsetwai


အချစ်သည် မည်သို့နည်း???Where stories live. Discover now