(၁၆)

74 7 0
                                    

အခန်း(၁၆)

အခုဆိုရင် ကျွန်မ မောင်နဲ့ စကားပြန်ပြောခွင့်ရလို့  သာယာနေတယ် ဆိုပါတော့။

ပြီးတော့ မကြာခင်မှာ မောင်နဲ့ လည်း တွေ့ ခွင့်ရဦးမှာမှတ်လား။

" မ အိမ်ကိုပြောပြီးပြီးလား ဘယ်နေ့ ပြန်လာမယ်ဆိုတာ။"

" အိမ်က မ ကို ၂၀ရက်နေ့ ပြန်လာခိုင်းနေတာလေ။"
"တစ်ရက်လောက်တော့ ခွာပြောလေနော်။"

အင်း မောင်လည်း ကျွန်မကို အရမ်းတွေ့ ချင်နေပုံရရဲ့။ ကျွန်မလည်း ဘာထူးလို့ လည်း မောင့်ကို အရမ်းတွေ့ ချင်နေတာ မှတ်လား။

တကယ်ဆို ကျွန်မတို့ နှစ်ယောက်ကြားမှာ ဦးကျော်စွာသာ ဝင်ပြီးခလောက်မဆန်ခဲ့ဘူးဆိုရင် ကျွန်မနဲ့ မောင်နဲ့ ဘဝ ခုလောက်ဆို သာသာယာယာရှိနေလောက်ပြီ ထင်ပါရဲ့။

အဲဒီ ဦးကျော်စွာဆိုတဲ့ လူကြီး။ အတော်ကလေးကိုမှ ရွံရှာစက်ဆုတ်ဖို့ ကောင်းတဲ့လူကြီး။

ကျွန်မ သူ့ ကိုအတော်မုန်းတယ်။

ကျွန်မဟာ သူ့ မိန်းမပါဆိုပြီး မောင်နဲ့ မောင်ရဲ့ သူငယ်ချင်းတွေကိုလျှောတ်ပြောခဲ့တယ်။

အဲဒီမှာပဲ မောင်နဲ့ ကျွန်မလမ်းခွဲဖို့  ကံကြမ္မာ ဖန်လာရတော့တာပါပဲ။
"မ အိမ်ကို တစ်ရက်လောက်ခွာပြောထားလေ။"
"အင်းပါ။"

"မ ဘယ်နေ့ လောက် ရောက်လာမှာလဲ။ မ ရောက်လာမယ့်နေ့ ကို ဒီမှာ ခွင့်ကြိုယူထားမလို့ ။'
ကျွန်မစကားပြောရင်းနု့  မောင့်မျတ်နှာလေးကို မြင်ချင်လာမိတယ်။

"imo က ပြောမယ်လေ။"

အရင်က ကျွန်မတို့ နှစ်ယောက် imoကနေပဲ စကားပြောခဲ့ကြတာပါ။

ပြီးရင် video callပြော စတစ်ကာတွေပို့ နဲ့ ပျော်စရာ အရမ်းကောင်းခဲ့ရတာပေါ့။ မောင်နဲလ့ပြတ်သွားခဲ့တာတောင် imoမှာ သူငယ်ချင်းမရှိပေမယ့် ဒီapplicationလေးကို ကျွန်မ မဖျတ်ရက်ခဲ့ဘူးလေ။
"ခုလား"
"အင်း"
အခုလို ဖြစ်ပျက်နေတာတွေအတွက် အဘဆရာမင်းသိင်္ခံရဲ့ စကားကို သွားအမှတ်ရမိလေရဲ့။

Love really has nothing to do with wisdom or experience or logic. It is the privailing breeze in the land of youth.

အချစ်သဘ် အမှန်တကယ် အသိညဏ်ပညာ (သို့ မဟုတ်) အတွေ့ အကြုံ ဆင်ခြေတုံတရားများနှင့် ပတ်သက်စရာအကြောင်းမရှိချေ။
ယင်းသည် ပျိုရွယ်မူ ကုန်းမြေ၌ စိုးမိုးနေသော လေပြေလေညှင်းလေသာဖြစ်သည်။

အရင်က မောင်ရော ကျွန်မရော စာဖတ်ရတာကို အရမ်းဝါသနာ ပါကြတဲ့သူတွေပေါ့။

အားတဲ့အခမျိုးမှာ မောင်နဲ့ ကျွန်မ စာအုပ်အကြောင်းတွေ ဆွေးနွေးဖြစ်ခဲ့ဘူးတယ်။ ကျွန်မကတော့ ဆရာမြသန်းတင့်ကို အကြိုက်ဆုံးဆိုပါတော့။

ဟော့ မောင် imoပေါ် ရောက်လာပြီ။ ကျွန်မ ချက်ချင်းပဲ video callခေါ်လိုက်တယ်။ ဖြစ်ချင်တော့ မောင်ကအလုပ်ထဲမှာ။

"မအားဘူးလား"

"အားတော့အားတယ် မ ။ ဒါပေမယ့် အလုပ်ထဲမှာဆိုတော့ သိတဲ့အတုင်းပဲလေ။"

"အင်းပါ အဲဒါဆိုလည်း ညကျမှ ပြောကြမယ်လေ။"

"ဟုတ်"

မမြင်တာကြာပြီဖြစ်တဲ့ မောင် ကို မြင်ခွင့်ရလိုက်တာနဲ့ တင် ကျွန်မကျေနပ်ပါရဲ့။ မောင်က အရင်ကထက်ပိုဝလာသလိုပဲ။ အရင်လို နုံတိနုံတုံ ပုံစံမျိုးတွေလည်း မောင်မှာ မရှိတော့သလိုပါပဲ။

အင်းပေါ့ ။

မောင်လည်း မလေးကနေတောင်ပြန်ရောက်လာလို့  ရန်ကုန်မှာ အလုပ်လုပ်နေတာ ကြာပြီပဲဟာ အခုလောက်ဆို အတော်ကလေးကို လူရည်လည်နေရောပေါ့။
"မမရေ...အလုပ်ဝင်ရမယ်တဲ့။"

အဆောင်အပြင်ဘက်ဆီက ခေါ်သံကြောင့် ကျွန်မဖုန်းကို အင်တာနတ်ပိတ်လိုက်တယ်။

"ဟုတ်လား ။ ဘယ်သူတွေနဲ့ တုန်းဟ။"

"မမရဲ့ အချစ်တော်ကြီးနဲ့ ပဲလေ။"

စန္ဒီအဖြေကြောင့် ကျွန်မပြူံးလိုက်မိတယ်။ သေချာတယ် ဒါဆိုရင် ဦးနိုင်ပဲနေမှာ။ ဦးနိုင်ကလည်း ကျွန်မကို သဘောကျနေပြီဆိုတာ ကျွန်မရိပ်မိတာပေါ့။ ဒီလူကြီးဆိုင်ကိုလာနေတာ ငါးရက်ဆက်တိုက်လောက်ကို ရှိနေပြီ။

လာတိုင်းလည်း ကျွန်မကိုပဲခေါ်တယ်။ မနေ့ ကဆို ကျွန်မမအားလို့  တခြားလူမခေါ်ဘူးရယ်။

ကျွန်မ အချိန်ပြည့်တဲ့အချိန်ထိစောင့်ပြီး ကျွန်မကိုခေါ်တယ်။ အင်း ယောကျာ်းတွေ ယောကျာ်းတွေ အတော်ကလေးကိုမှ တတ်လည်းတတ်နိုင်ကြတဲ့ ယောကျာ်းတွေပါ။ ဆိုတော့ အလုပ်ဝင်ရမှာမို့  အဝတ်အစားတွေလဲလိုက်တယ်။ အရမ်းကြပ်တဲ့ အဝတ်အစားမျိုးတွေဆို ကျွန်မမကြိုက်ဘူး။

အကြိုက်ဆုံး အရောင်ကတော့ အနတ်နဲ့ အဖြူ။ အားလုံးပြင်စင်ပြီးတဲ့နောက်တော့ ကျွန်မအပြင်ထွက်လာလိုက်တယ်။ ကောင်တာရှေ့မှာ ခင်မင်စဖွယ်အပြုံးနဲ့  ဦးနိုင်က လှမ်းပြီးတော့ နူတ်ဆက်တယ်။

ကျွန်မလည်း အလိုက်တသိပြန်ပြုံးပြလိုက်မိတယ် ဆိုပါတော့လေ။
___________________________________________

အချစ်သည် မည်သို့နည်း???Where stories live. Discover now