အခန်း(၇၀)

26 1 0
                                    

အခန်း(၇၀)
ရွှေရည် ဘယ်ရောက်နေလဲ၊ ကျွန်တော်ကို ဘာကြောင့်မဆက်သွယ်လည်းဆိုတာ ငါးရက်လောက်ကြာတဲ့အထိ ကျွန်တော်မသိခဲ့ဘူး။ အဲဒီအချိန် ကျွန်တော်မှာ စိုးရိမ်ပူပန်မူတွေနဲ့ နေ့စဉ်နေ့တိုင်း နှစ်ပါးသွားနေခဲ့ရတယ်။ ကျွန်တော်ကို အဆက်အသွယ်ဖြတ်လိုက်တာများလားလို့လည်း ကျွန်တော်တွေးထင်နေခဲ့မိတယ်။ သူ လိုပဲ ကျွန်တော်စိတ်ဓာတ်တွေအကုန်လဲပြို ကျဆင်းကုန်တယ်။ လူပါ နေမကောင်း ဖြစ်လာတယ်။ ကျွန်တော်ရဲ့ စွဲလမ်းမူက ကျွန်တော်ကိုအကြိမ်ကြိမ် သတ်နေတယ်။ ကျွန်တော် ဖုန်းတွေ အကြိမ်ကြိမ်ဆက်တယ်။messageတွေ အကြိမ်ကြိမ်ပို့တယ်။ တစ်နေ့မှာတော့ ထူးထူးခြားခြား messageတစ်စောင် ပြန်ရောက်လာတယ်။
"ဘယ်သူလဲ၊ အသက်ရှု ကျပ်လို့ ဆေးရုံတင်ထားရတယ်။"
ကျွန်တော် မျတ်လုံး တွေ ပြူးကျယ်သွားတယ်။ ကျွန်တော်ရဲ့ တုန်ရီနေတဲ့ လက်တွေနဲ့ စာပြန်ရိုက်ပြီး messageပြန်ပို့လိုက်တယ်။
"ဘယ်ဆေးရုံမှာလဲ၊ ဆေးရုံနာမည် တစ်ချက်ပြောပြပါ။"
နောက်ထပ် ကျွန်တော်ဆီ စာပြန်ရောက်လာခြင်းမရှိတော့ဘူး။ ကျွန်တော် တစ်ကိုယ်လုံး ထူပူနေတယ်။ ဖုန်းတွေ ခေါ်ကြည့်တယ်။ ကိုင်မယ့်သူ မရှိဘူး။နောက်နေ့မှာ သူဖုန်းဆက်လာတယ်။ ဖြစ်တာတော့ တစ်ကယ်ပါတဲ့။ ဆေးရုံတင်ရတယ်ဆိုတာတော့ မဟုတ်ပါဘူးတဲ့။ သူငယ်ချင်းက နောက်လိုက်တာတဲ့။ ကျွန်တော်ကိုယ်ခန္ဓ လွင့်စင်ထွက်သွားသလို ခံစားရတယ်။
နောက်မှ သိရတာက ဝေါက သူ့သူငယ်ချင်း အိမ်မှာ သွားနေနေတာတဲ့လေ။ အခု သူနေမကောင်းဘူး ဖြစ်နေတာတဲ့။ ကျွန်တော် ပိုပြီးဝမ်းနည်းရတယ်။ သူနဲ့စကားပြောဖြစ်တိုင်း အခြေအနေကို ကျွန်တော်မေးမြန်းခဲ့တယ်။ အခြေအနေအမှန်က သူရဲ့ မိန်းမကိုယ်ထဲမှာ အနာဖြစ်နေခဲ့တာပါ။ ဘာကြောင့်ဖြစ်တယ် ဆိုတာတော့ ကျွန်တော် အသေအချာမသိခဲ့ပါဘူး။
"ရွှေရည် နေမကောင်း ဖြစ်တာ၊ သက်သာရဲ့လား။"
"ပိုဆိုးနေတယ်၊ လမ်းတောင်မလျှောတ်နိုင်ဘူး။ အနာက ပိုပိုကြီးလာတယ်။"
တကယ် သူနေမကောင်းဖြစ်တာက အနာရှိန်ကြောင့် နေမကောင်းဖြစ်နေတာပါ။
"ဟုတ်လား၊ ငြိမ်ငြိမ်လေး ထိုင်နေနော် အလုပ်တွေ လျှောတ်မလုပ်နဲ့။"
"အင်း၊ ကိုကော သက်သာရဲ့လား။"
ဟုတ်တယ် ၊ ကျွန်တော်လည်း သူ့စိတ်ကြောင့် နေမကောင်းဖြစ်နေခဲ့တာ၊ မအိပ်မစားနဲ့ ကို့ကိုကိုယ် ရူးသွားနိုင်တယ်တောင် ထင်ခဲ့မိတယ်။
"ကိုက ၊ ရွှေရည်ကိုပဲ စိတ်ပူနေတာပါ။ ရွှေရည် အဲဒီမှာ အဆင်ပြေပါ့မလားလို့။"
"နေရထိုင်ရက အဆင်ပြေပါတယ်။ ဒါပေမယ့် ခုက အညှော်တွေမိပြီး ၊ ကိုယ်ပြန်ပူနေတာ။"
"ခက်တယ်ကွာ၊ အနာ ရင်းကုန်တော့မှာပဲ၊ ဆေးခန်းကော သွားပြပြီးပြီလား။"
"ဟင့်အင်း၊ မပြရသေးဘူး။"
ကျွန်တော် သက်ပြင်းမောကို မှုတ်ထုတ်လိုက်မိတယ်။ သူဟာ အတော်ပေတေတဲ့ ကောင်မလေးပါလား။
"လမ်းမလျှောတ်နိုင်လို့၊ သွားမပြဖြစ်တာ။"
"ခက်ကြီ၊ ကိုစိတ်ပူတယ် ရွှေရည်ရယ်။ အမြန်ပျောက်ကင်းသွားပါစေကွာ။ ခက်တာက အခုထိ ဆေးခန်းသွားမပြတော့ ဘာဖြစ်တယ်ဆိုတာ ဘယ်သိပါ့မလဲ။"
"အဖျားကလည်း မကျဘူး ကိုရယ်။"
" ကိုတို့နှစ်ယောက်စလုံး အတူတူပါပဲ ရွှေရည်ရယ်၊ ကိုလည်း အဖျားမကျဘူး။ မိုးကလည်း အရမ်းအေးနေတာ။ထမင်း မစားနဲ့နော်၊ ခေါ်က်ဆွဲတို့၊ ကြာဇံတို့ပဲ ပြုတ်သောက်ချည်း။ ကိုလည်း ထမင်းမစားဘူး။"
"ဟုတ်။"
သူ နေမကောင်းတော့ ကျွန်တော်သူ့ဘေးနားမှာ ရှိနေချင်မိတယ်။ ဒါက မလွယ်မှန်လည်း ကျွန်တော် သိပါတယ်။ နောက်နှစ်ရက်လောက်မှာ အနာကြီးနဲ့ သူ ပဲခူးကို ရထားစီးပြီး ပြန်လာခဲ့တယ်။ ဝေါက ဆရာဝန်က သူ့ကို ခွဲစိတ်ရမယ်လို့ ဆေးစာရေးပေးလိုက်တယ်။ ရထားပေါ်မှာ သူ တစ်လမ်းလုံး ဒုက္ခရောက်လာခဲ့တယ်။ သူ့အနာကြောင့် သူ လမ်းလျှောတ်လို့ ဘယ်လိုမှ အဆင်မပြေခဲ့ဘူး။ သူ့ကို လိုက်ပို့ပေးမယ်သူလည်း မရှိခဲ့ဘူး။ ဒါပေမယ့် သူ ပဲခူးကို ရောက်အောင်ပြန်လာ နိုင်ခဲ့ပါတယ်။ သူရဲ့ သေချင်စော်နံနေတဲ့ စိတ်နဲ့အတူပေါ့။

အချစ်သည် မည်သို့နည်း???Where stories live. Discover now