(၆)

34 3 0
                                    

အခန်း(၆)

တကယ်တော့ ကျွန်မက စကတည်းက ကျန်နေရစ်ရမယ့်ကံနဲ့ဆိုတာ သိသိရက်နဲ့ ဇွတ်မိုက်မှားတဲ့
အမျိုးသမီးတစ်ယောက်ပါပဲလေ။

ဒါတောင် ကို စိတ်လိုလက်ရ ပြောပြတဲ့ ဘယ်လိုအကြောင်းမျိုးကိုမဆို မျက်တောင်မခတ်စတမ်းကို ကျွန်မ နားထောင်နေခဲ့တယ်။

တစ်ခါတစ်လေတွေဆို ကိုရဲ့စကားလုံးအသုံးအနူန်းတွေကိုတောင် အလွတ်ရနေမိတယ်။

သေချာသတိထားကြည့်ရင်တော့ ကို့ရဲ့စကားပြောပုံကတစ်ဆင့် ကို့ရဲ့ အံသြစရာကောင်းတဲ့
အယူအဆအမြင်တွေကို ကြား
သိရပြန်သေးတယ်။

ကိုကစကားပြောရိုင်းသူ
တစ်ယောက်တော့ မဟုတ်ပါဘူး။

ဒါပေမယ့် အခုမှစခင်တဲ့လူတွေအတွက်ကတော့ ကို့စကားပြောပုံ
ကိုကြည့်ပြီး

" ဒီကောင်ဘာကောင်လဲလို့"
တော့ ထင်သွားနိုင်တယ်။

ပုံမှန်အားဖြင့်တော့ ကိုကစကား
နည်းတယ်။

ဒါပေမယ့် ကိုဟာ သူစိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုခုနဲ့ ကြုံပြီဆိုလိုကတော့ ကိုက အားပါတရနဲ့ကို စကားပြောဆိုတတ်တယ်။

ခုလည်းကြည့် ကျွန်မကို ကဗျာရေးပေးချင်လို့ပါ ဆိုပြီး စာအုပ်နဲ့ဘောပင် ဝယ်ယူပြီး ပြန်လာတဲ့ကို အအေးဆိုင် လူအများကြီးရှိတဲ့နေရာမှာတောင် ကျွန်မိကိုတောင် သတိမရတော့ဘဲ အခုမှ စာရေးတတ်တဲ့
ကလေးတစ်ယောက်လိုမျိုး
သူ့ကဗျာအပေါ်ပဲ အာရုံစိုက်လို့ သည်းကြီးမည်းကြီးကို ရေးနေပါတော့တယ်။

သြော် ရှိပါသေးရဲ့။

ကိုက ချစ်သူအတွက် ကဗျာရေးပေးတဲ့စာအုပ်က ဘယ်လိုစာအုပ်လို့
ရှင်တို့ထင်မလဲ ။

ကျွန်မချစ်သူ ကဗျာဆရာက
ရိုမန်တစ်ဆန်ဆန် ပါပဲ...၂၀၀တန် ဗလာစာအုပ်ကလေးမှာ သူ့ကဗျာကိုပဲ သူခပ်တည်နည်နဲ့ရေးနေတော့တာပါ။

ရယ်ချင်စိတ် ဖြစ်ပေမယ့်
ကျွန်မ မရယ်ပါဘူး။

ကိုယ်ပေးတဲ့
ဗလာစာအုပ်ကလေးကို
အသေအချာ
သိမ်းဆည်းခဲ့ဖြစ်ပါတယ်။

အချစ်သည် မည်သို့နည်း???Where stories live. Discover now