အခန်း(၆၅)

27 1 0
                                    


(၆၅)
ကျွန်တော် ရွှေရည်နဲ့လည်း အမြဲအဆင်ပြေနေတယ်လို့တော့ မထင်စေချင်ပါဘူး။ အခါပေါ်င်းများစွာ ကျွန်တော်တို့ကြားမှာ စကားလုံးစစ်တလင်းတွေ ခင်းခဲ့ရ တာတွေ ရှိပါတယ်။
"ရွှေရည်၊ကို့ကို စိတ်ဆိုးနေတာလား။ ရွှေရည် စကားပြောတာ တစ်မျိုးကြီး ဖြစ်နေတယ်နော်၊ ညကတည်းက။"
"မဆိုးပါဘူး။"
"စိတ်ရှုပ်နေလို့လား၊ ကို့ကိုတော့ ပွင့်ပွင့်လင်းလင်း ပြောပြပါကွာ။"
"ဘာမှမဖြစ်ပါဘူး။"
"အခုအိမ်မှာလား၊ ကို့ကိုစကားမပြောချင်တော့ရင်လည်း ပြောပြပါ ၊ ဘာကြောင့်လဲဆိုတာ။"
"ဘာမှမဖြစ်ပါဘူးဆိုမှ၊ စကားပြန်ပြောနေတာပဲလေ။ ရွှေရည်အကြောင်း သိပ်မတွေးပါနဲ့။"
သူ အဲဒီလို ပြောတော့ ကျွန်တော် ဘယ်လိုခံစားရမလဲ။ ကျွန်တော်က ခံစားချက်မဲ့နေတဲ့လူမှ မဟုတ်တာ။ ဒါပေမယ့် ကျွန်တော်နားလည်ပါတယ်။ သူ စိတ်ရှုပ်နေတဲ့အခါ သူဘယ်သူနဲ့မှ စကားပြောချင်စိတ် မရှိခဲ့ဘူး။ ကျွန်တော်အပါအဝင်ပေါ့။ ဒါပေမယ့် ကျွမ်တော်သူ့ကို အသေအချာကိုချစ်တယ်။ဒါတွေက သူ စိတ်ရှုပ်နေတုန်း မို့လေ။
"မတွေးနဲတဲ့လား။ ရွှေရည်ကို ကို အရမ်းချစ်တာ ရွှေရည်အသိသားနဲ့၊ မတွေးလို့ မရဘူးလေ။"
"ကိုပဲ တွေးပြီးနေရခက်နေမှာ၊ ကိုပိုစိတ်ရှုပ်ရမှာစိုးလို့၊ စေတနာပါ။"
ဟုတ်တယ်။ ကျွန်တော်နဲ့မေဇော်နဲ့ ပြတ်စဲကြပြီးနောက် ရွှေရည်ကို ဆုံးရှုံးခံရမှာကို သေလောက်အောင်ကြောက်နေမိတယ်။ ကျွန်တော်ဟာ အစိုးရိမ်ကြီးခဲ့သူပါ။ အဲဒီစိုး ရိမ်မူတွေကပဲ ကျွန်တော်ကို သတ်ခဲ့တာပါ။
"ကို ရွှေရည်နဲ့ နီးနီးလေးမှာ နေချင်တယ်ကွာ၊ ကို ကြောက်နေတယ်။ ဘာမှန်းမသိတာကို ကို ကြောက်နေတယ်။ အဲဒါ ဘာဖြစ်တာလဲမသိဘူး။ ကို ၁၉နှစ်တုန်းက အဲလိုမျိုး တစ်ခါဖြစ်မိတယ်။ အဲဒီတုန်းကတော့ လူသေတစ်ကောင်လိုပဲ။ ဘာကိုမှ မျှော်လင့်ချက်မရှိတော့သလိုမျိုးဖြစ်တာ။ အခု အဲဒီလိုအခြေအနေမျိုး ပြန်ကြုံရမှာ ကို သေလောက်အောင် ကြောက်နေမိတယ်။"
"ခက်တော့ခက်နေပြီ၊ ရွှေရည်လည်း ကို့ကို ချစ်တယ်လေ။ မယုံကြည်လို့လား။"
ကျွန်တော်စိတ်ထဲမှာ သိနေတယ် ။ မကြာခင် သူအဝေးကြီး ထွက်သွားတော့မယ်ဆိုတာ။
"မဟုတ်ဘူးလေကွာ။ ရွှေရည် အဲဒီလို မမေးပါနဲ့၊ ကို မျတ်စိမှိတ်ပြီးတော့ကို ယုံတာပါ။ ကို စိုး ရိမ်နေတာက အခြေအနေတွေကိုပါ။ ရွှေရည်ဘက်က အခြေအနေတွေကိုပေါ့။"
ဒါအမှန်ပါပဲ။ ရွှေရည်ကို ရွှေရည်မိသားစုက သူတို့သဘောတူတဲ့ ရှေ့နေ့ တစ်ယောက်နဲ့ ပေးစားချင်နေကြတာလေ။ အဲဒီရှေ့နေ့ကလည်း သူ့ကိုသေလောက်အောင် ချစ်တဲ့သူဆိုတော့ ကျွန်တော် စိုးရိမ်တာပါ။ ရှေ့နေ့ကလည်း သူကို အသေရရ၊ အရှင်ရရ လိုချင်နေတဲ့ သူမျိုး။
"အဲဒါတွေကို၊ ဂရုလိုက်စိုက်မနေနဲ့လေ၊ အဲဒါတွေက မလိုအပ်ဘူးလေ။"
"ကို ဂရုမစိုက်ပါဘူး။ ရွှေရည် မကျော်ဖြတ်နိုင်တော့မှာကိုပဲ စိုးတာ။ ကို ရွှေရည်ကို အရမ်းချစ်တယ်။"
"ရွှေရည်ကို စိတ်မပူပါနဲ့။"
ကျွန်တော် စိတ်ပျက်သွားမိတယ်။ ကျွန်တော်မှာ စိတ်ပူခွင့်၊ စိုးရိမ်ခွင့် ဆိုတာတွေ မရှိရတော့ဘူးလား။ နားလည်မူဆိုတာက သက်သက်၊ ဒီအရာတွေက သက်သက်ပဲလေ။ ကျွန်တော် တကယ်ဆွံအသွားချင်ခဲ့ပါတယ်။
"အင်း။"
"အင်း ဆိုတာက။"
"ရွှေရည် ပြောတာလေ၊ စိတ်မပူနဲ့ဆို၊ ကို စိတ်မပူသင့်ဘူးမှတ်လား။ ပူတော့ ပူနေမှာပဲလေ ၊ ဒါပေမယ့် အင်းပေါ့။"
ဒါပေမယ့် ကျွန်တော်စိတ်က ဘယ်လို ရှိနေမယ်ဆိုတော့ သူတော့ သိနေခဲ့မှာပေါ့။ တစ်ချို့နေ့ရက်တွေမှာတော့ သူက ကျွန်တော်ကို ပျားရည်နဲ့ သကာချပေးတယ်။ ဘာဖြစ်ဖြစ် ကျွန်တော် ကျေနပ်တယ်။ ကျွန်တော် ရွေးချယ်ထားတဲ့ အရာတစ်ခုဟာ အမြဲတမ်းမှန်တယ်။
"ရွှေရည်တို့ ယူကြရအောင်လေ။"
"တကယ် ယူမှာမို့လား။ နောက်ပြီးရင် ခဏနေပါဦးဆိုပြီး ပြောဦးမှာ။ ခဏာတော့နေမှာပေါ့၊ အကြာကြီးတော့ မနေနိုင်ဘူး။"
"အဲဒါ ဆိုလည်း ၊ လာခိုးလိုက်တော့။"
"တကယ်ကြီးလား၊ အဲဒါဆို တကယ်လာခိုးမှာ။"
"တကယ်။"
"ကိုပိုက်ဆံရှာပြီး၊ လာခိုးမယ်လေ။ ကိုတို့ ထွက်ပြေးကြမယ်။ အဝေးဆုံးကို။"
"အင်း။"
ကျွန်တော်ထင်တဲ့အတိုင်းပါပဲ။ သူ ဘာမပြော ၊ ညာမပြောနဲ့ အဝေးဆုံးကို ထွက်ခွာသွားခဲ့တယ်။ ယုံကြည်ထားခဲ့တဲ့ အချစ်မှာ ကျွန်တော်ရဲ့ မျှော်လင့်ခြင်းတွေ အိုမင်းသွားသလို့တောင် ခံစားရတယ်။ သူ့ရောကိရှိသွားတဲ့ ပတ်ဝန်းကျင်ဟာ သူ့ဘဝ ဖြစ်သွားခဲ့ရင် ကျွန်တော်ဘဝက အရုပ်ကြိုးပျက်ဖြစ်သွားမယ်ဆိုတာ အသေအချာပါပဲလေ။

အချစ်သည် မည်သို့နည်း???Where stories live. Discover now