အခန်း(၁၀၂)

28 1 0
                                    

အခန်း(၁၀၂)

လူအဖြစ်တောင် မရောက်သေးတဲ့ ကလေးတစ်ယောက်မှာ ဘာအပြစ်မှာ မရှိပါဘူး။ အပြစ်ရှိတာက ၊ ကျွန်တော်တို့ပါ။ မထင်မှတ်ထားတဲ့ တစ်နေ့မှာ မထင်မှတ်ထားတဲ့ အဖြစ်အပျတ်တွေ ဖြစ်လာနိုင်တယ် ဆိုတာကို ကျွန်တော် ကြို မျှော်လင့်ထားဖို့ ကောင်းတယ်။ အဲဒီနေ့က သူ့သူငယ်ချင်းရဲ့ မွေးနေ့၊ သူ ဘုရားလိုက်ပို့ပေးနေခဲ့တယ်။ မုံရွာရဲ့ပူချက်ကို သိပြီးသားမို့ ဗိုက်ထဲက ကလေးကို ကျွန်တော်စိုးရိမ်နေခဲ့တယ်။ သူကော အဲဒီအချိန် ၊ ကျွန်တော်လို စိုးရိမ်နေခဲ့သလား။ သေချာတာကတော့ သူ့မှာ စိုးရိမ် ပူပန်မူ မရှိခဲ့ပါဘူး။ ဗိုက်ထဲက ရင်သွေးလေးကိုမငဲ့ဘဲ ၊ သူ နေချင်သလို နေခဲ့တယ်။ မူးရူးနေတာကြောင့် ရေချိုးတဲ့နေရာမှာ သူ ချော်လဲတယ်။ ဒီအတွက် သူရတာ နောင်တတဲ့လား။ ကျွန်တော်အတွက် သိပ်ရီစရာကောင်းလွန်းတယ်။ ဂရုစိုက်ဖို့ ကျွန်တော်အတန်တန်ပြောခဲ့တာပဲလေ။ အခုတော့ သူကျပြတဲ့မျတ်ရည်က ကျွန်တော်ကို နာကျင်စေလွန်းအားကြီးတယ်။
"အသုံးမကြတဲ့မိန်းမတယောက်ပါ။သေသင့်နေp။"
အင်းပေါ့။ ခုမှ သိသတဲ့လား။ အရမ်းနောက်ကျလွန်းပါတယ် ချစ်သူ။ အမြဲမူးရူးနေတဲ့ မိန်းမတစ်ယောက်ဆီမှာ တွယ်ကပ်ခဲ့တဲ့ သန္ဓေသားလေးအတွက် မင်း တာဝန်ကင်းမဲ့ခဲ့မူက ဒီထက် ပိုအပြစ်ကြီးသင့်ပါတယ် ချစ်သူ။ ဒီလိုစကားမျိုးတွေ ကျွန်တော် သူ့ကို မပြောရက်နိုင်ခဲ့ပါဘူး။ တကယ် ကျွန်တော် ပြောနေမိတဲ့ စကားတွေက လူသားချင်း စာနာထောက်ထားတယ်ဆိုတဲ့ စကားတွေချည်းပါပဲ။
"ယောကျာ်းအတွက်မိန်းကမသေသင့်ပါဘူး။ မိန်းမဟာ ယောကျာ်းအနားမှာ အမြဲရှိနေသင့်တယ်။ ဒါအတ္တမဟုတ်ပါဘူး။ ဒါအချစ်ပါ။ ယောကျာ်းတို့လမ်းဆုံးထိ အတူတူလျှောတ်ကြရအောင်။"
ဟင့်အင်း။ ဒါ ကျွန်တော်နူတ်ဖျားက စကားတွေဆိုပေမယ့် ၊ ကျွန်တော် ဆက်လျှောတ်ဖို့ မရဲတော့ဘူး။ ကျွန်တော်ထက် ပိုမိုက်မဲတဲ့ လူတစ်ယောက်ဆီမှာ ကျွန်တော်ဘဝကို ကျွန်တော် မပုံအပ်ချင်ဘူး။
"မိန်မနဲ့ပက်သက်နေရင် ယောင်္ကျား လဲဒုက္ခရောက်ရမှာပဲ။"
သေချာတာပေါ့။ သူ့ကြောင့်ရတဲ့ ဒုက္ခတွေက ကျွန်တော်ကိုယ်ပေါ်မှာ အမဲစက်တွေပေကျံနေသလိုမျိုး။ ဒါပေမယ့်၊ မပြီးဆုံးသေးဘူး။ အနည်းဆုံးတော့ သူဟာ လူရဲ့ဖြစ်တည်ခြင်းအပေါ်မှာ တန်ဖိုးရှာကို ရှာတွေ့သွားရဦးမှ ဖြစ်မှာပါ။ အဲဒီတန်ဖိုးဟာ ပိုပြီးနာကျည်းစရာကောင်းနေတာမျိုးလည်း ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။
"ဒုက္ခကို ယောကျာ်းမှ မကြောက်တာ။ ပြီးတော့ ဘယ်လိုဒုက္ခမျိုးလဲ။"
"ဘာကိုမှမစွမ်းဆောင်နိုင်တဲ့မိန်းမတယောက်ပါ။ လူဖြစ်ဖို့တောင်မတန်ဘူး။"
အဲဒါ နောင်တတဲ့လား။ သိသိရက်ကြီးနဲ့ ဇွတ်မိုက်ခဲ့ပြီးမှ ဝမ်းနည်းပက်လက် ဖြစ်ရသတဲ့လား။ နေထွက်မလာနိုင်တော့ပါဘူး ချစ်သူ။
"မိန်းမယုံကြည်ချက်ကို ပြန်မွေးပါ။ ယောကျာ်းတို့ဘာဖြစ်ဖြစ်ဘယ်တော့မှမခွဲဘူးဆို။ မလိုဘူးအချစ်ရယ်။ ယောကျာ်းအတွက်မိန်းမရှိနေပေးရုံပါပဲ။ ပုစ္ဆာတိုင်းမှာ အဖြေရှိပါတယ် အချစ်ရယ်။ အင်းလေ အခုတော့ခေါ်င်းအေးအေးထားနိုင်အောင် ကြိုးစားနော်။ ဒီစကားတွေက ခုချိန်မှာမိန်းမကိုမပြောသင့်ဘူး။ မိန်းမကို အရမ်းဖိအားပေးသလို ဖြစ်နေတယ်။ တစ်ခုတော့ ပြောပါရစေ။ ဘာအကြောင်းကြောင့်မှ စိတ်ဓာတ်မကျပါနဲ့။"
"သေသွားရင်ကောင်းမယ်။ အဲ့ဒါပဲတွေးတော့တယ်။ အရာအား လုံးငြိမ်းချမ်းသွားမယ်လေ။"
မရဘူးလေ။ လုပ်ချင်တာလုပ်ပြီး ထွက်သွားလို့ ရကြေးတဲ့လား။ ကံတရားက အဲဒီလောက်မှ မလွယ်တာကို မင်းနားလည်ဖို့ ကောင်းပါတယ် ချစ်သူ။
"အဲဒါဆို အားလုံးငြိမ်းအေးသွားမှာတဲ့လား။ ကျန်ခဲ့တဲ့မိသားစုနဲ့ချစ်ရသူတွေကကောကွယ်။ ကြာရင်မေ့သွားမှာပေါ့။ ကိုလည်းသေချင်တယ် အချစ်ရယ် အဲဒီလိုဆိုရင်။ "
ကျွန်တော် ရဲ့ စကားတွေနဲ့အတူ ၊ ကျွန်တော် အတွေးတွေကလည်း အစွန်းထွက်နေတယ်။ သူ ဘာလို့ လုပ်ရက်တာလဲ။ ဒီကလေးမှာ အပြစ်ရှိတာမှ မဟုတ်တာ။ တကယ်အပြစ်ရှိတာ သူပဲလေ။ ကလေးမလိုချင်ရင် အစထဲက တားစီးခဲ့ပါလား။ အဲဒီကိစ္စကိုကော၊ သူ ဘာလို့ ပေါ့လျော့ခဲ့တာလဲ။ ဖြစ်လာခဲ့ပြီးတော့ကို သူ ဘာကြောင့် အကောင်းဆုံးဖြစ်အောင် ဆင်ခြင်မနေထိုင်ရတာလဲ။ ကျွန်တော်ကတော့ ကလေးလေးနဲ့ ပတ်သက်ပြီး အိပ်မက်တွေ တစ်သီကြီး မက်ခဲ့ပြီးမှ၊ ဆတ်ခနဲချိုးခံလိုက်ရတဲ့ သစ်ခြောက်ချောင်းလေးဘဝ။ ကျွန်တော် သိတယ် သူ့နောင်တဟာ မနက်ဖြန်၊ သဘက်ခါဆို ကျပျောက်သွားမှာ။ သူ့က မေ့လွယ်၊ပျောက်လွယ်တဲ့လူပဲဟာ။ ကျွန်တော်ကတော့ မမေ့ဘူး။ ကျွန်တော် ဘယ်တော့မှ မမေ့ဘူး။ ဒါ ကျွန်တော် ရက်စက်တာ မဟုတ်ဘူး။ လူဖြစ်ရခြင်းရဲ့ တန်ဖိုးကို သိသွားစေချင်တာ။ မတော်တဆဖြစ်တာလို့ပဲပြောပြော၊ ဂရုမစိုက်မူ၊ တာဝန်မဲ့ခဲ့မူဟာ အပြစ်တစ်ခုဆိုတာ အမှန်တရားပဲ ဖြစ်နေမှာပါ။ ဒါကို ကျွန်တော်တော့ လက်ဆုတ်လက်ကိုင်ထားတယ်။

အချစ်သည် မည်သို့နည်း???Where stories live. Discover now