(၂၁)

44 2 0
                                    

အခန်း(၂၁)

တစ်ချို့အချိန်တွေမှာ ကျွန်မရဲ့ ရစ်တဲ့ဒဏ်ကြောင့် ကိုစိတ်ဓာတ်ကျ​နေပြီလားလို့ ကျွန်မတွေးရင် ကျွန်မစိတ်ဓာတ်တွေကျစပြုလာရပါတယ်။ဒါ​ပေမယ့်ဘအဲလိုစိတ်ဓာတ်မကျ​အောင် ကျွန်မအတတ်နိုင်ဆုံး ဖာထေးနေပေမယ့် ကိုနဲ့ပက်သက်တဲ့ အခြားကိစ္စတွေမှာ ကျွန်မလုံးဝ လျစ်လျူရှုမထားနိုင်ခဲ့ပါဘူး။ အဓိက ပြဿ နာက လရောင်ဆိုတဲ့ ကောင်မလေးအကြောင်းပါ။

ကိုက အဲဒီကောင်မလေးကို ဘယ်လောက်စိတ်ဝင်စားကြောင်း ဝထ္ထူရေးပြီး သူ့ရဲ့websiteတွေ pageတွေမှာ တင်ခဲ့ဖူးပါတယ်။ ဒါကြောင့် တစ်ခါတစ်လေမှာ အချိန်ရရင် ကျွန်မက လရောင်ရဲ့wallထဲကိုပါ ဝင်ဝင်ကြည့်ဖြစ်ခဲ့ပါတယ်။ အဲဒီလိုကြည့်မိတိုင်း ဟိုတစ်ချိန်တုန်းက လရောင် wallထဲမှာ ကိုကိုရေးခဲ့တဲ့ ကဗျာတွေ သူတို့အချင်းချင်း အပြန်ပြန်အလှန်လှန် ကော်မန့်ပေးထားတာတွေက ကျွန်မကို စိတ်ပိုခြောက်ခြားစေခဲ့ပါတယ်။

ဖြစ်နိုင်ရင် အဲဒီအတိတ်ကြီးကို ကျွန်မ မရမက အတင်းဖြတ်ပစ်ချင်နေမိတယ်။ ဒါပေမယ့် တကယ်ဖြတ်ပစ်ခံလိုက်ရတာက ကျွန်မပါ။ ကျွန်မရဲ့စွပ်စွဲမူတွေဟာ လရောင်ရဲ့ဂုဏ်သိဏ္ခာကိုလည်း ထိခိုက်စေသလို ကို့အပေါ်ကိုလည်း အရှက်ရစရာတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းပြချက်နဲ့ ကိုက ကျွန်မကို အဆက်ဖြတ်ထားခဲ့တယ်။

အဲဒီနေ့တွေဟာလည်း ကျွန်မအတွက် ဝမ်းအနည်းရဆုံးနေ့တွေပါပဲ။ ညဆိုရင် ငိုငိုနေမိတယ်။ မနက်မိုးလင်း အလုပ်သွားရင် ကျွန်မမျက်လုံးတွေ နီးရဲဆွေးနေလို့ အမေကတောင် စိတ်ပူပန်ပြီး ခဏခဏမေးနေတော့တယ်။

တစ်ညမှာတော့ ကိုပေးထားတဲ့စာအုပ်လေးမှာ ဒဏ်ရာတစ်ချို့ကို ကျွန်မချရေးလိုက်မိတယ်။
အခြေအနေတွေလွန်ကုန်တော့မှ..
နောင်တရလည်း အပိုပါပဲ..
အမှားတွေ ထပ်တလဲလဲလုပ်..
စိတ်ညစ်အောင် ခဏခဏလုပ်ပြီးမှ..
ပြန်တောင်းပန်တတ်တော့..
ကိုလည်း ကျွန်မကို စိတ်ပျက်သင့်ပါတယ်လေ..။

တစ်နေ့တော့ ဒီစာအုပ်လေးကို ကို့ဆီပို့ပေးဖြစ်တယ်။ ကို ကျွန်မကို စိတ်မပျက်ဘူးလားမသိ။ လရောင်နဲ့ကိုကြားက ဆက်ဆံရေးကို ကိုကရှင်းပြပါတယ်။ ဒီအကြောင်းကို ကျွန်မနားထောင်ခဲ့ရတာ အကြိမ်ကြိမ်ပေါ့။ ပြီးတော့ ကျွန်မကျေနပ်နေမိပြန်တာပဲ။ ကျွန်မရဲ့ စိတ်ဆိုးစိတ်ကောက်မူတွေဟာ ကို့မျက်နှာတစ်ချက် ကို့စကားလေးတစ်ခွန်း ကြားရရင်ပဲ လေထဲမှာ အကုန်လွင့်ပျောက်ပြယ်သွားတော့တာပါပဲ။ ကိုက သူကြိုက်တဲ့ ပရီမီယာကော်ဖီကို ဖျော်နေရင်းနဲ့ပေါ့ သူနဲ့ လရောင်ဟာချစ်သူတွေ မဖြစ်ခဲ့ဘူးလို့ ရှင်းပြနေတယ်။

တကယ်တော့ ကိုမရှင်းပြခင်ကတည်းက ဆိုခဲ့ပြီးအတိုင်း ကျွန်မဒေါသစိတ်တွေက ကြက်ပျောက်ဌက်ပျောက် ပျောက်နေခဲ့ပြီးသားပါ။ ဒါပေမယ့် ကို့မျက်နှာလေးကိုကြည့်ပြီး ကိုရှင်းပြတဲ့စကားတွေကို နားထောင်ချင်နေမိတယ်။ ကိုက အတိတ်အကြောင်းအရာတစ်ချို့ကို အစီအစဉ်ချထားပြီးတဲ့အတိုင်း တရစပ်ပြောပြနေလေရဲ့။

အခုကျတော့ အဲဒီဖြေရှင်းချက်တွေဟာ ကျွန်မလိုအပ်ခဲ့တာမဟုတ်ဘူးဆိုတာကိုလည်း ကျွန်မကိုယ်ကျွန်မ ပြန်ရိပ်မိနေလေပြန်ရော။
"တော်ပါပြီကိုရယ်။ ကျွန်မ သဘောပေါ်က်ပါတယ်။ ဒါပေမယ့် ကိုရယ် ကျွန်မစိတ်က ကိုနဲ့ပက်သတ်တဲ့အတိတ်တွေပေါ်မှာလည်း တစ်ခါတစ်ခါ အနိုင်ရချင်စိတ်များနေသလားပေါ့။ တကယ်လို အဲဒီလိုသာဆို ကျွန်မက အတ္တကြီးတဲ့ လူတစ်ယောက်ပဲနော်။"

"မဟုတ်ပါဘူး ချစ်ရာ။ ချစ် ဘာကြောင့်ဒီလိုဖြစ်ရတဲ့ဆိုတာ ကိုယ်နားလည်ပါတယ်။ ကိုက လရောင်ကိုရူးသွပ်သူတစ်ယောက်အဖြစ်နဲ့ စာရေးခဲ့မိတာကို။"
ကျွန်မ မကြားချင်မိပါဘူး။

"ဒါပေမယ့် ချစ်စဉ်းစားကြည့်လေ ဒီလိုရေးချင်လို ကိုက သူကို ရူးသွပ်ပြခဲ့တာမျိုးကော မဖြစ်နိုင်ဘူးလား။ ဒါပေမယ့် ကိုယ့်စကားက တစ်ဘက်မိန်းကလေးက ကြားရင်တော့ ကို့ကို အတော်ဒေါသထွက်ပြီး ပေါ်က်ကွဲမှာပဲ။"

ကိုက အတော်မသတ်ဆက်ရှင်းပြတော့မှပဲ ကျွန်မ ဒေါသတွေ တစ်ဖန်ပြန်ပြီး တန်ပိုမြင့်လာရပြန်ပါတယ်။
"ဘာလဲ ကိုက အခုထိ သူ့ကို မျှော်လင့်နေတုန်းမို့ သူအထင်လွဲမှာကို ကြောက်နေတာလား။"

ကျွန်မအသံက အနည်းငယ်တော့ ကျယ်သွားခဲ့လိမ့်မယ်။ ကိုက ဘေးဘီဝဲယာကို တစ်ချက်လှည့်ကြည့်ပြီး.
"ကိုတောင်းပန်တယ် ချစ်ရာ နော် ။ ကိုလည်း အခု သူနဲ့ပက်သတ်နေတာမှ မဟုတ်တာ။ ကိုတို့ ဒီအကြောင်းကို ဆက်မပြောပဲ ထားလိုက်ရအောင်နော်။"
ကို စိတ်ရှုပ်သွားပြီ ထင်ပါရဲ့။ ကို ကျွန်မအပေါ် ထပ်ပြီး စိတ်ပျက်သွားတာမျိုး ကျွန်မ မလိုလားပါဘူး။
"ကျွန်မလည်း တောင်းပန်ပါတယ်။ နောက်ဆို ကို့ကိုစိတ်ညစ်အောင် ထပ်မလုပ်ဆတာ့ပါဘူး။"

ကို့မျက်နှာပေါ်မှာ အပြုံးတစ်ချက်ကို ကျွန်မ ပြန်လည်ရရှိသွားတယ်။ သေချာတယ် ။ ကျွန်မ ကိုနဲ့ ဘယ်လိုနည်းနဲ့မှ အဝေးခံဖို့ မဖြစ်နိုင်ပါဘူးလေ။ အဲဒီနေ့ ပြန်တော့ ကိုက ကျွန်မပါးလေးကို ဖွဖွနမ်းခဲ့တယ်။ ဒီလို လှပငြင်သာမူမျိုးတွေ ကျွန်မနဲ့ကိုကြားမှာ ဘယ်တော့မှ ပျောက်ဆုံးမသွားပါစေနဲ့လို့ ကျွန်မတိတ်တိတ်လေး ဆုတောင်းလိုက်တယ်။ ကိုကော ကျွန်မနဲ့နီးဖို့ ဆုတောင်းပြုမူတွေ ရှိလေမလားကွယ်။

အချစ်သည် မည်သို့နည်း???Where stories live. Discover now