(၁၂)

27 2 0
                                    

အခန်း(၁၂)

မေဇော်ကသာ သူ့ကိုကျွန်တော်က လျော့တွတ်ထားတယ်လို့ ယူဆနေခဲ့တာပါ။

တကယ်ပြောရရင် ကျွန်တော်သူ့ကို လျော့မတွတ်ခဲ့မိပါဘူး။

တစ်ချို့သောအချိန်တွေမှာ ကျွန်တော်သူ့ကို စိုးရိမ်ကြောက်လန့်နေခဲ့ရတာမျိုးတွေတောင်ရှိခဲ့ပါတယ်။ တစ်ခုတော့ ရှိတာပေါ့လေ။

သူက ကျွန်တော်နဲ့ပက်သတ်ပြီး နည်းနည်းလေးတော့ ရေလိုက်လွဲနေခဲ့တယ်။ ကျွန်တော်ပြောခဲ့တဲ့ အကြောင်းအရာတွေဆိုရင် ဘယ်လိုပက်သတ်မူမျိုးတွေ ရှိခဲ့တာလဲဆိုတာမျိုး သူ သိပ်သိချင်တာကြောင့် ဖေ့ဘုတ်မှာ သူ အသည်းအသန်ရှာဖွေနေတတ်တယ်။

တစ်နှစ်စာလုံးမှာ ကျွန်တော်ဝေါလ်ထဲ ဝင်အကြည့်ဆုံးလူတစ်ယောက်အဖြစ် မေဇော်ကို စံချိန်တင်ထားလို့ရတယ်။

ဒါပေမယ့် သူ့မသိသေးတာက ကျွန်တော်တို့က လျိုဝှတ်ချက်တိုင်းကိုသာ ဖေ့ဘုတ်ပေါ် လျှောတ်တင်နေမယ်ဆိုရင် တစ်ဦးနဲ့တစ်ဦးခင်မင်မူကိစ္စတွေဟာ အရောင်တွေပါလာကုန်တော့မယ်ဆိုတာပါ။

ပြောမယ့်သာ ပြောတာပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း ဘာကောင်မှမဟုတ်ပေမယ့် ကျွန်တော်ကိုယ်တိုင် လျှောတ်ပြောပြနေရတာထက် သူ့ဟာသူသိသွားတာကိုပဲ ပိုသဘောကျနေမိတယ်။

ဒါတွေကိုပဲ မေဇော် ကျွန်တော်အပေါ် နားမလည်မိသေးတဲ့အချက်လို့ပဲ ယူဆစရာရှိတာပါ။ ကျန်တာက သူ့အပြစ် ဘာတစ်ခုမှ ဆိုဖွယ်ရာမရှိခဲ့ဘူး ။

ကျွန်တော်ကိုယ်တိုင်ကိုက နဂိုကတည်းက အုပ်မှိုင်းတဲ့ မိုးတိမ်ပဲ ဖြစ်တယ်လေ။

တစ်ခါတစ်လေမှာပေါ့ မေဇော်က ကျွန်တော်မျှော်လင့်ထားတဲ့ မေးခွန်းတွေနဲ့ တိုက်စစ်ဆင်လာတော့တယ်။

ဒီလိုတိုက်စစ်ဆင်ဖို့အတွတ် သူအများကြီး လေ့လာထားတာကိုတော့ အတော်ချီကျူးနေမိတယ်။

ပြီးတော့
ကျေလည်းကျေနပ်နေခဲ့မိတယ်။ ကျေနပ်တယ်ဆိုတာက ကျွန်တော်ကိုယ်ကျွန်တော် အထင်ကြီးကျေနပ်တာ မဟုတ်ပါဘူး။

ကျွန်တော်အကြောင်းကို ဂရုတစိုက်ရှိနေတဲ့သူတစ်ယောက် ဘဝမှာပထမဦးဆုံး စတင်ကြုံတွေ့လိုက်ရလို့ပါ။

အချစ်သည် မည်သို့နည်း???Where stories live. Discover now