အခန်း(၃၁)

38 3 0
                                    

အခန်း(၃၁)

ကျွန်တော်က ဘယ်သူ့ကိုမှ ကျွန်တော်အတွက် ဒုက္ခရောက်မနေစေချင်တာ အမှန်ပါ။ ဒါပေမယ့် သူတို့အမြင်မှာက ကျွန်တော်ဟာ သူတို့ဘဝမှာ အကြီးမားဆုံးသော ဒုက္ခတွေကို သယ်ဆောင်လာသော နတ်ဆိုးတစ်ကောင်သာ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ထွေပြားလွန်းတဲ့စိတ်ကို ကျွန်တော် အမေတောင် နားမလည်နိုင်ခဲ့ပါဘူး။ ဆိုတော့ ကျွန်တော်အပေါ်ချစ်တဲ့သူတွေဟာ ချစ်တော့ချစ်ကြတာ မှန်ပါတယ်၊ ဒါပေမယ့် ကျွန်တော်စိတ်ကို အလုံစုံ နားမလည်ကြပါဘူး။ ကျွန်တော်ကကော?

တကယ်ဆို ကျွန်တော်ကလည်း နားလည်မူဆိုတဲ့မျတ်စိနဲ့ မေဇော်အပေါ် ရိုးရိုးကလေး တွေးတောနေကြည့်သင့်တယ်။ သူဟာ ကျွန်တော်ချစ်သူပဲလေ။ သူ့မှာ သဝန်တိုခွင့် အပြည့်အဝကို ရှိတာပေါ့။ ဒါကိုကော ကျွန်တော်နားလည်နိုင်ရဲ့လား။ ဟင့်အင်း ကျွန်တော်နားအလည်နိုင်ခဲ့ဘူး။ ကျွန်တော် တစ်ယောက်တည်း
အတ္တကြီးနေခဲ့တယ်။

ဒီလိုဆို ကျွန်တော်မှားတာပေါ့။ ကျွန်တော်စိတ်တွေ မူလ အခြေအနေဆီ တရွေ့ရွေ့ပြန်စီးဆင်းသွားတယ်။ ညက အိပ်မပျော်တော့ပြန်ပါဘူး။ ကျွန်တော်လိုပဲ မေဇော်ကော အိပ်မပျော် ဖြစ်နေမလား။ အင်းပေါ့၊ သူလည်း သူ့ သူငယ်ချင်းတွေကြားမှာ ကျွန်တော်ကို ပြန်ပြောလို့ကောင်းတဲ့ဖြစ်စဉ်တစ်ခုမျိုးတော့ ရှိနေစေချင်မှာပဲလေ။ ကျွန်တော်ကကော အဲဒီလို ချီးကျူးမခံထိုက်တဲ့လူမျိုး ဘာကြောင့်ဖြစ်နေရတာပါလိမ့်။

ရုတ်တရတ် ကျွန်တော်ဖုန်းထဲက skilletအဖွဲ့ရဲ့ Comatoသီချင်းသံက ထမြည်တယ်။ ဒါ ကျွန်တော်ထည့်ထားတဲ့ Rangtoneပဲ။ ဘယ်သူ ဖုန်းဆက်တာပါလိမ့်။
မေဇော်ဇော်..

"ဟယ်လို၊ကို"

သူ့အသံက တုန်ရီနေတာကို ကျွန်တော်သတိထားမိတယ်။
သေချာတယ်။ သူငိုနေလိမ့်မယ်။ အဲဒီမျတ်ရည်တွေဟာ ကျွန်တော်ကြောင့်ကလွဲ ပြီး အခြားမရှိဘူးပဲ။ သူ့ဟာသူ အဆင်ပြေစွာရှိနေခဲ့တဲ့ သူ့ဘဝကို ကျွန်တော်က ရင်တစ်ဆုံးဝင်ပြီး အမှိုက်တွေ
ထိုးဖွပစ်လိုက်မိပါရောလား။

"ကို၊ ကျွန်မကို
စိတ်ပျတ်သွားပြီးလားဟင်။"

စကားသံနှင့်အတူ ရောထွေးပါလာတဲ့ ငိုရှိုက်သံတွေကို ကျွန်တော်ခြေရာခံမိဖြစ်ပြန်တယ်။ မငိုပါနဲ့တော့ ချစ်ရယ်လို့ သူမကြားနိုင်အောင် ကျွန်တော် တိုးတိုးလေးပြောလိုက်မိတယ်။ ကျွန်တော့်လို မကြာမီ သစ္စာမဲ့ တော့မယ့် ယောကျာ်းအတွက် သူမမျတ်ရည်တွေကျနေရတာ မတန်ပါဘူးလေ။ သူ့ဆီက တစ်ချက်၊ တစ်ချက် ရှိုက်ထွက်လာတဲ့ ငိုရှိုက်သံက
ညထဲမှာ ကျွန်တော်အရှိုက်ကို ခပ်ဆတ်ဆတ်ကလေး ရိုက်နေသလိုမျိုး ကျွန်တော်ဟာ မီးခိုးငွေ့စတွေလို လွင့်မျောပါနေတော့တယ်။ ဒီအချိန်ဘီယာလေးဘေးမှာ ရှိနေရင်တော့ ကောင်းလိမ့်မယ်။ အချိန်တော်တော်ကြာကြာမှာ သူအားယူပြောနေတဲ့စကားတစ်ချို့ကို ကျွန်တော်ထပ်ကြားရတယ်။ မျတ်စိထဲမှာ စွတ်စွတ်ဖြူနေတဲ့ မိုးတိမ်းစတစ်ခု ချက်ချင်း အညိုအမဲစွဲသွားသလိုပါပဲ။

အချစ်သည် မည်သို့နည်း???Where stories live. Discover now