အခန်း(၈၈)

22 2 0
                                    


အခန်း(၈၈)

တစ်ချို့အရာတွေမှာ ကျွန်မ ကို့ကိုလိမ်ညာမိခဲ့တယ်ဆိုတာ မှန်ပါတယ်။ ကိုရဲ့ ယုံကြည်မူနဲ့ မထိုက်တန်ခဲ့တဲ့လူပါ။
"ကိုကတော့ ကလေးပဲ လိုချင်တယ်။"
သူလိုချင်တဲ့ သူကိုယ်ဟွးလေးကို မွေးပေးနိုင်ဖို့ဆိုတာ ကျွန်မမှာ အခက်အခဲတွေ အများကြီးရှိတယ်။ အဲဒီအခက်အခဲတွေ အားလုံးကိုလည်း တစ်ခုချင်းစီ ကျွန်မလိုက်ရှင်းမပြနိုင်ပါဘူး။ ကျွန်မှာ ဆန္ဒနှစ်ခုကြား ဗျာများနေမိတယ်။ တစ်ခုက ကို့ရဲ့ကိုယ်ဟွးလေးကို မွေးပေးချင်တာ။ နောက်တစ်ခု ကျွန်မအချုပ်အနှောင်ကင်းကင်းနဲ့ စီးဟွးရှာချင်တာ။ အဲဒီကြားမှာ ဗျာများပြီး ကျွန်မနေ့စဉ်ရက်ဆက် အရက်တွေ ၊ ဘီယာတွေ သောက်နေဖြစ်ခဲ့တယ်။ တစ်နေ့တော့ ကျွန်မ ဓမ္မတာ မလာတာနဲ့ပတ်သက်ပြီး ကိုနဲ့ထပ်ပြောဖြစ်တယ်။
"ကြည့်လုပ် ခွဲစိတ်နေရဦးမယ်။"
ကို့စကားကြောင့် ကျွန်မ အံသြသွားတယ်။ ဒါပေမယ့် အဲဒီစကားမှာ ကျွန်မအတွေးက သိပ်မလေးနတ်လာသေးဘူး။
"လုပ်ရတော့မှာပဲ။"
"အထဲမှာချုပ်ပြီး ရောဂါတွေဖြစ်လာတာမျိုး ရှိတယ်။ ဘာကြောင့် မလာတာလဲဆိုတာကိုတော့ မိန်းမ
သိအောင်လုပ်သင့်တယ်နော်။"
ဘာလဲ။ ကိုက ကျွန်မတို့ကိစ္စကိုမေ့ထားချင်လို့ ဒီစကားတွေ ပြောနေခဲ့တာလား။
"ယောင်္ကျား ကမယုံဘူးပဲ။"
"ဘာကို မယုံတာ။ ဟိုဟာရှိတာလား။"
ကိုစကားတွေကြောင့် ကျွန်မအရမ်းဝမ်းနည်းသွားမိတယ်။
"စိတ်မဝင်စားဘူးပဲ။"
"စိတ်ဝင်စားတာ တစ်ပိုင်းသေလို့။ ဒါပေမယ့် မှန်တာပြောရရင် မိန်းမလုပ်နြေတာက တစ်မျိုးတွေလေ။"
"ဘာများလုပ်ပြနေလို့လဲ။"
"ဥပမာ အရက်သောက်တာတွေဘာတွေရှိနေတော့ စဉ်းစားရကြပ်တာပေါ့။ ကလေးရှိတယ်လည်းပြောတယ်။
ဘာလို့များ သောက်နေပါလိမ့်ပေါ့။"
တကယ်တော့ ကို့ဘက်က မှန်ပါတယ်။ ဒါပေမယ့် ကျွန်မက ကျွန်မအပြစ်ကို ကျွန်မဝန်မခံရဲခဲ့ဘူး။
"အရင်ရက်ကမသောက်ဘူး။ ဆင်ခြင်တယ်။ ထားပါ။ နောက်ထပ် အာ့အကြောင်းအရာနဲ့မပြောဘူး။"
ကိုကတော့ ကျွန်မဟာ ဘယ်လိုမိန်းမစားလဲလို့
တွေးနေမှာပါ ။
"ကိုကတော့ တကယ်ရှိတယ်ဆို ပျော်တာပေါ့။"
"ပျော်ပျော်မပျော်ပျော်၊ မပြောနေနဲ့။"
"အဲလိုမလုပ်ရဘူးလေ မိန်းမ။ မိန်းမအထင်လွဲပြီနော်။"
"အားအားယားယား ပြောနေတယ်ထင်နေတာမှတ်လား။ "
"မဟုတ်ဘူးနော်။ ယောကျာ်းဖြစ်နိုင်တာလေးတွေကို ပြောပြတာလေ။"
ဟင့်အင်း။ ကျွန်မကိုယ်ကျွန်မ နာကျည်းတယ်။ စိတ်ရှုပ်တယ်။
"နောက်ပြောစရာအကြောင်းလဲ မဟုတ်ဘူး။ ဒီအကြောင်းအရာနဲ့ထပ်မပြောဘူး။ တော်ပြီ။"
"ကိုပြောတာက မိန်းမထင်ထားသလို မဟုတ်ပါဘူး။"
ကိုမယုံတာ မဆန်းပါဘူးလေ။ ကျွန်မလို ကောင်မမျိုးက ယုံကြည်စရာမှ မရှိခဲ့တာ။ ဒါပေမယ့် ကျွန်မဗိုက်လေးကတော့ အချိန်နဲ့အတူ တစ်နေ့တစ်ခြား ပူပူလာခဲ့တယ်။ ကိုကတော့ ကျွန်မကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ထပ်တောင်းပန်ပြန်တယ်။
"ယောကျာ်း စိတ်မဝင်စားတာ မဟုတ်ဘူးမိန်းမရယ်။ မိန်းမကို အရမ်းချစ်တာယုံပေးပါ။ မိန်းမနဲ့ပတ်သက်သမျှ အရာအားလုံးကို စိတ်ဝင်စားခဲ့တာပါ။ ကျေးဇူးပြုပြီ မိနိးမ အထင်မလွဲပါနဲ့နော်။ ယောကျာ်းအိပ်မပျော်နိုင်တော့ဘူး။"
ကျွန်မကို့ဆီကို စာမပြန်ဖြစ်သေးဘူး။ ကို့စာတွေကို ဖတ်ပြီး မျတ်ရည်သာ ပိုးပိုးပေါ်က်ပေါ်က် ကျနေမိခဲ့တယ်။
"ယောကျာ်းကလေးလိုချင်တဲ့သူဆိုတာ မိန်းမအသိပါကွယ်။ ဒါပေမယ့် မိန်းမဘာလုပ်လုပ်လို့ ယောကျာ်းပြောခဲ့တာပဲဟာ။ ရရင်တော့ ယူချင်တာပေါ့။ အထင်မလွဲပါနဲ့နော်။"
ကျွန်မ ကို့အပေါ်အနိုင်လိုချင်စိတ်နဲ့ လုပ်နေခဲ့တာ မဟုတ်ပါဘူး ကိုရယ်။ ခံစားရသမျှတွေအတွက် ကျွန်မမှာ အရမ်းအသက်ရှုကျပ်လှပါတယ်။ အဆိုးဆုံးက အရမ်းနားလည်ပေးနိုင်တဲ့ ကို့အပေါ် အကြိမ်ကြိမ် စော်ကားနေခဲ့မိတဲ့ အပြစ်ပါပဲ။ ပြီးတော့ ကို့အပေါ် ထိန်းချန်ထားတဲ့အကြောင်းအရာတွေလည်း အများကြီးရှိနေသေးတယ် ကိုရယ်။ အဲ စိတ်နဲ့ ကျွန်မမှာ ကို့်ကို စကားပြန်မပြောရဲခဲ့ဘူး။
"တကယ်ပြောတာ စကားပြောချင်စိတ်မရှိတော့ဘူးဆိုရင် ကို့အမှန်အတိုင်းပြောပါ။"
ကျွန်မစိတ်ကိုကျွန်မ နားမလည်တော့ဘူး။ လွှတ်ပေးလိုက်မိတော့တယ်။
"ပြောချင်သလိုသာပြောကြ။ မှန်တယ်ထင်လို့ပြောတာ ပြောသာပြော။"
"ဟုတ်တယ်လေ စဉ်းစားကြည့်တာပါ။ မပြောတော့ဘူးနေတာပဲ တစ်ခါတစ်ခါတော့ ခံရခက်တယ်။ ဘေရှိမရှိတော့မသိဘူးလေ active nowက အချိန်အတော်ကြာကြာရှိနေတာ။ ကိုဆိုရင်တော့ ဘေလ်မရှိဘဲ လိုင်းအကြာကြီးဖွင့်ထားမှာ မဟုတ်ဘူး။ အဲလိုမျိုးပေါ့၊
အကျိုးအကြောင်းမသိရတော့ ပိုခံစားရခက်ပါတယ်။ အလုပ်ကရှုပ်နေချိန် စကားပြောဖို့ ဖုန်းခေါ်ပြန်ရင်လည်းမရ။ လိုင်းပေါ်ကလည်း ကိုတတ်လာပြီဆိုတာနဲ့ ဆင်းတော့တာမျိုးတွေကလည်း ရှိနေတော့၊ အဲလိုပဲထင်လိုက်မိတယ်။"
ကိုနဲ့ကျွန်မကြား ပြဿနာတွေဆက်တိုက်ကိုပေါ်ပေါ်က်လာရပါတယ်။
"အခန်းဝင်တော့မယ်ဆိုတာကြောင့် ဖုန်းမဆက်တော့တာ။ ကိုကြောင့်စိတ်ညစ်ပြီး အခန်းထဲမှာအဆင်မပြေဖြစ်နေမှာစိုးလို့ ရမ်းချစ်တယ် အာဘွားနော်။"
ဒါပေမယ့် ကို့ဘက်က ကျွန်မအပေါ်မှာ ဘယ်တော့မှ အချစ်တွေ ပြယ်လွင့်မသွားခဲ့ပါဘူး။ ဒါပေမယ့် ကို စိတ်ဓာတ်တွေ ကျနေတယ်ဆိုတာ ကျွန်မကောင်းကောင်းသိတယ်။
"ကိုလည်းကတိမတည်သလိုဖြစ်ခဲ့တယ်။ မပြောတော့ပါဘူးဆိုမှထပ်ပြီးပြောခဲ့မိတာ။ ရွှေရည်
ပြောသလိုပဲ ဖြစ်လာရတော့မယ်လို့ ထင်နေမိတယ်။ ဘာလို့ဆို ကိုတို့ရှေ့မဆက်တော့ရင် ကိုရဲ့ ထင်သလိုပြောတတ်တဲ့စိတ်၊ အလွယ်ပြောတတ်တဲ့စိတ်ရဲ့ဒဏ်ကနေ ရွှေရည်
လွတ်မြောက်သွားမှာပါပဲ။ အဲတော့ ရွှေရည်
ပြောတာတွေဟာ ဖြစ်နိုင်
ချေရှိလာတယ်။ ကိုယ်လည်းသိပါတယ် ဘယ်မိန်းခလေးမှ ကို့အပေါ်စိတ်မရှည်တတ်မှန်း၊ ကိုရဲ့ အတ္တကနေ ရွှေရည်
လွတ်မြောက်နိုင်ပါစေ။ ကိုက အတ္တ
ကြီးနေမှန်းလည်းနားလည်ပါတယ်။ ဒါပေမယ့် ရွှေရည်
စိတ်ထဲမှာ ချေဖျတ်လိုက်နိုင်ပါစေ။ ကိုလို့လူကို အလေးထားလို့လည်း ထူးမှမလာဘဲလေ။ ယုံကြည်မူတွေလည်းကိုတို့ကြားမှာ နည်းပါးနေပြီပဲ။ ရွှေရည်
ပြောတဲ့၁၅ရက်လည်းစောင့်နိုင်ပါတယ်။ ခဏခဏဖြစ်နေတော့ ရွှေရည်လည်း
သည်းခံနိုင်မှာမဟုတ်ဘူး။ အာ့တော့... လုပ်သင့်တယ်ထင်တာလုပ်ပါ။ ကိုနဲ့ပတ်သက်ပြီးပြောတာပါ။ ရွှေရည်လည်း
သွေးအေးနေပြီပဲဟာ။ ဒါအပြင် ကို့ကြောင့် ရွှေရည်မှာ စိတ်လည်းပိုဆင်းရဲရတယ်။ မိဘပြဿနာ၊အလုပ်ပြဿနာအပြင်၊ ကို့ပြဿနာတွေပါ ရှင်းပြနေရတော့ ပင်းပန်းမယ်ဆိုတာ သိပါတယ်။ ကိုကြောင့်အာရုံနောက်နေရတာလည်းထပ်မဖြစ်စေချင်တာ အမှန်ပါ။ ဒါပေမယ့် ကိုရဲ့ယုတ်ညံတဲ့စိတ်က တစ်ခါတစ်ခါ၊ ဟင့်အင်း မဟုတ်သေးဘူး။
ခဏခဏ ပေါ်ပေါ်နေတော့၊ အမှန်ပြောရရင်ကိုယ့်ကိုကိုယ့်လည်းရှက်ပါတယ်။ ကိုလိုကောင်ဟာ ဘယ်သူနဲ့မှ လိုက်ဖတ်မညီတာ သိလျှက်နဲ့ အတင်းစွတ်ကြိုးစားနေမိခဲ့တာကို။ မိန်းမပျော်ရွင်ပါစေ။ မိန်းမဘဝမှာ ကို့ထက်အစစအရာရာနားလည်နိုင်မျိုးတဲ့သူမျိုးနဲ့ မိန်းမ
တွေ့ ရှိပါစေကွယ်။ ကိုယ်ဟာ နားမှမလည်ပေးနိုင်ခဲ့ပဲနော်။ ကို့အတ္တတွေအတွက်တော့ တောင်းပန်ပါတယ်။ နားမလည်နိုင်ခဲ့တဲ့သူကို ရွှေရည် ဘဝအတွက်ရွေးချယ်နေလည်း စိတ်ဆင်းရဲစရာတွေပဲ ဖြစ်နေမှာ။ ဒါတွေဟာ ရွှေရည်
ပြောသလို ကို့ရဲ့တစ်
ဖတ်သတ်ဆန္ဒတော့မဟုတ်ပါဘူး။ ကိုကြောင့်ဆက်ပြီး
စိတ်မဆင်း
ရဲစေချင်တာရယ် ပြီးတော့ ရွှေရည်
ဘဝအတွက် မှန်ကန်တဲ့အရာတစ်ခုကိုရှာဖွေ့တွေ့ရှိ စေချင်တာရယ်ပါ။ကို့အချစ်တွေက မမှန်ကန်ခဲ့ဘူး ပြောခဲ့သလို အတ္တကြီးခဲ့တယ်။ ဒါပေမယ့်တစ်ခုတော့ ပြောပါရစေ။ မိန်းမကိုအရမ်းချစ်တယ်ဆိုတာ ယုံပေးပါ။ ကိုတို့နောက်ပြန်လှည့်ရမယ့် အအြေနေတစ်ခုကို ကြိုးစားရင်ဆိုင်ကြည့်ကြတာပေါ့။ အမှတ်တရတွေဟာလည်း နောက်တော့မှုန်ဝါးမှာပဲလေ။"
စကားတွေအများကြီး ပြောသွားတဲ့ကို့ကို ကျွန်မခွန်းတုန့် မပြန်မိဘူး။ တကယ်က ကျွန်မ ဘာပြောရမှန်းမသိအောင်ကို ဖြစ်နေမိတာပါ။ အပြစ်ဟာ နေရာလွဲနေလေရဲ့။

အချစ်သည် မည်သို့နည်း???Where stories live. Discover now