အခန်း(၆၇)

16 3 0
                                    


(၆၇)
ကျွန်တော်စိတ်ထဲမှာ အရာရာတိုင်းကို မတင်မကျရှိနေဆဲပါ။ ကျွန်တော်ဟာ အမှန်တရားတစ်ခုကို လက်သင့်မခံရဲတဲ့ကောင်ပါ။ ကျွန်တော်ဟာ မေဇော်နဲ့ပြတ်သွားပြီဆိုပေမယ့် မိတ်ဆွေ သူငယ်ချင်းတွေအဖြစ် ဆက်ရှိချင်နေသေးတယ်။ အမုန်းတွေနဲ့ လမ်းမခွဲချင်ပါဘူး။ ဒါဟာ သူ့အပေါ် မတရားရာကျမှန်းလည်း သိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့နှစ်ယောက် သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေခဲ့ပါတယ်။ ဒါကို ရွှေရည်လည်း မရိပ်မိသေးပါဘူး။ ဒါပေမယ့် ဒီအနေအထားလောက်ကိုတော့ ရွှေရည်လက်သင့်ခံပေးလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ မကြာခင်မှာ မေဇော်မွေးနေ့ ရောက်လာတော့မယ်။ ပြီးခဲ့တဲ့နှစ်က သူမွေးနေ့ ကျွန်တော်ကို ထမင်းလိုက်ကျွေးတာကို ကျွန်တော်သွားပြန်အမှတ်ရတယ်။ အဲဒါနဲ့ပဲ ကျွန်တော်ကို သူပြန်ပေးသွားတဲ့ စာအုပ်ထဲမှာ သူဘာတွေရေးထားမလဲလို့ ကျွန်တော်သိချင်သွားတယ်။ ကျွန်တော်ရဲ့ဗီရိုထဲကနေ အဲဒီစာအုပ်လေးကို ထုတ်ပြီး သူ့ဘာတွေရေးထားခဲ့သလဲလို ကျွန်တော်ပြန်ဖတ်ကြည့်ဖြစ်ခဲ့တယ်။ သူစာ(၄)စောင် ရေးထားတာကို တွေ့ရတယ်။
ပထမစာ
*******
အရမ်းချစ်တယ် ကို
ကို့ကို အဆုံးရှုံးမခံနိုင်ဘူး
ကို အရမ်းစိတ်ရှုပ်ထွေးအောင် ပြဿနာရှာခဲ့မိပေမယ့်
ကို ကျွန်မကို လမ်းခွဲပြီးမထားခဲ့ပါနဲ့နော်...။
June13
ကျွန်တော် အံသြသွားတယ်။ သူ ကျွန်တော်ကို အပြင်မှာ ပြောသွားတာက သူ့အတွက် အချိန်တစ်ခုပဲ လိုအပ်တာပါဆို..။ အိုး..ကျွန်တော်မေ့နေတာပဲ။ ဒီစာအုပ်က ပါးစပ်က ထုတ်ဖော်မပြောချင်တဲ့စကားမျိုးတွေ ရှိခဲ့ရင် ရေးဖို့ ကျွန်တော် ပေးခဲ့တာပဲ။ အင်း..ဘာဖြစ်ဖြစ် တစ်ချိန်ချိန်တော့ သူ နေ့သားကျသွားမှာပါ။ နောက်စာတစ်စောင်ကို ကျွန်တော် ဆက် ဖတ်ကြည့်တယ်။

ဒုတိယစာ
*******
ကို
ကျွန်မ အရမ်းမြတ်နိုးရတဲ့ ကို့ကို
ဘယ်သူ့ကိုမှ မပေးချင်ဘူး
ဒါပေမယ့် စိတ်ထဲမှာ ယုံကြည်နေမိတာက
တစ်ချိန်မှာ ကို့ကို
သူများလက်ထဲ ထည့်ပေးလိုက်ရမယ်လို့
အဲဒီအကြောင်း စဉ်းစားမိရင်
အသက်ရှု မဝတော့သလို ခံစားရတယ်
ဒီလိုပြဿနာတွေ ဖြစ်ခဲ့ရတာ ကျွန်မကြောင့်လားကို....
June 14
ဒီစာမှာတော့ ကျွန်တော်ခံနိုင်ရည်တွေ ပြိုကျပျတ်စီးသွားရတယ်။ ကျွန်တော်နူတ်က တိုးတိုးလေးရွတ်မိတယ်။ ကျွန်တော်ကြောင့်ပါလို့။ တစ်ချိန်ကျရင် ကျွန်တော်လည်း ဝဋ်ပြန်လည်လိမ့်မယ် ထင်ပါရဲ့။ ကျွန်တော် ဘာကြောင့်များ အဲလောက်ထိ သူ့အပေါ် မျတ်ကွယ်ပြုခဲ့ရတာပါလိမ့်။ သေချာတာ တစ်ခုတော့ ကျွန်တော်သိတယ်။ ကျွန်တော် သူ့ကို ထပ်ပြီး မနာကျင်စေချင်တာပါ။ မေဇော်ဟာ ကျွန်တော်ထက်အသက်ကြီးပေမယ့် လူတွေရဲ့မာယာကို မသိဘဲ၊ သူ အရမ်းရိုးသားလွန်းအားကြီးတယ်။
တတိယစာ
********
ကို
အချိန်တွေကုန်တာ သိပ်မြန်တာပဲ ။ ကိုနဲ့..အတူတူ ရှိနေတဲ့ အချိန်ဆိုရင် အချိန်တွေ ဘယ်လိုကုန်သွားမှန်း မသိလိုက်ဘူး။ နောက်ဆို ကိုနဲ့ရှိနေတဲ့ အချိန်တွေဆိုရင် ဘယ်မှမသွားတော့ဘူး။
ကို့ အနားမှာ ငြိမ်ငြိမ်လေးနေပြီ ကိုပြောတဲ့စကားတွေ နားထောင်ရင်းနဲ့ပဲ အချိန်လေးတွေ ကုန်ဆုံးတော့မယ်နော်...ကို။
ကို့ကို အရမ်းချစ်တယ်
ကို့ကို အရမ်းချစ်တယ်
ကို့ကို အရမ်းချစ်တယ်။
June 15
နောက်ကျသွားခဲ့ပါပြီ မေဇော်ရယ်။ ကျွန်တော်ကို မုန်းလိုက်ပါတော့။ ကျွန်တော် နောင်တ မရချင်လို့ပါဗျာ...။

စတုတ္ထစာ
*******
ကို့အနားမှာ ကပ်ပါးကောင်လေးလို တွယ်ကပ်ပြီး နေချင်တယ်
ကို ဘယ်သွားသွား လိုက်နေချင်တယ် ကို
ဖြစ်နိုင်ရင် ကို့အနားမှာ အချိန်တိုင်း အတူတူရှိနေချင်တာပါ။
ဒါပေမယ့် ဆန္ဒလေးပါပဲ ကိုရယ်...
ကိုကလည်း ကျွန်မလို စကားများ၊ ပြဿနာရှာတတ်သူကို
ဘယ်ခေါ်ချင်ပါ့မလဲ...။
June 16
ဟူး......။ ကျွန်တော်ဟာ တကယ်လူမဆန်တဲ့ကောင် ဖြစ်နေပါရောလား။ လောကကြီးဟာ လျိုဝှတ်ချက်တွေ များလွန်းပါတယ် မေဇော်ရယ်။ နောက်ထပ် စာတစ်မျတ်နှာမှာ ဘယ်လို အကြောင်းအရာတွေ ရှိတယ်ဆိုတာ မေဇော်မြင်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်လည်း ပြောပြနိုင်မှာ မဟုတ်ပါဘူး။ ဒီဘဝ ဒီမျှလို့ပဲ သတ်မှတ်ပါတော့မေဇော်ရယ်....။

အချစ်သည် မည်သို့နည်း???Where stories live. Discover now