"ကျောခိုင်းထားလိုက်တဲ့ အချစ်စာမျတ်နှာ"

14 2 0
                                    

"ကျောခိုင်းထားလိုက်တဲ့ အချစ်စာမျတ်နှာ"

ရင်ထဲမှာ အချစ်ကပေးတဲ့ အလွမ်း​တွေအ​ကြောင်း
ကျွန်​မ ရှင်သိအောင်​ ပြောပြချင်ပါသေးတယ်
စွန့်​လွှတ်​လိုက်ရပေမယ့်​ တန်ဖိုးက ကြီးပါတယ်​ ရှင်ရယ်
အချစ်​ဆိုတဲ့ စာလုံးခပ်​ပါးပါးလေး​အောက်​မှာ
နှလုံးသား​တွေ ကွဲ​ကြေမွပြီး ရုပ်​​သေးရုပ်​ဘဝနဲ့ ရှင်သန်နေခဲ့ရတာဟာ
ယုံကြည်ကိုးကွယ်စရာ ​ကောင်းတဲ့ အချစ်​မှ ဟုက်​ရဲ့လား ရှင်​ရယ်​။

ရင်​တွင်းမှာ ပေါ့
ထိုး​ဖောက်ရှင်​သန်လာတဲ့​မေးခွန်းတွေက ကျွန်မကိုတစ္ဆေခြောက်နေဆဲပါ..ပဲ
ရာသီအိုတို့က အချစ်နဲ့ဘဝ ​ရောစပ်လို့မှ မရတာတဲ့
ဆိုတော့ကွယ်​ ဘဝရဲ့တစ်စိတ်​တစ်ပိုင်းပါလို့ ဦးနှောက်ကို အနိုင်ပေးပြီး
ကျွန်မ စွန့်​စားခဲ့ရတာပါ ရှင်​ရယ်​။

ကျွန်မအတွက်က
စွန့်လွှတ်လိုက်ရပေမယ့်​၊ ကျောခိုင်းလိုက်ရပေမယ့်
ဒီအမာရွတ်တွေက
ည၊ည ထိတ်​လန့်​​ခြောက်​ခြားတယ်​။

နှစ်​နှစ်​ကာကာ ချစ်​ခဲ့မိပါတယ်
(ဒါ​ပေမယ့်​) ဟန်​​ဆောင်​ရှင်သန်နေတော့မယ်
လူတွေရဲ့ အတ္တတွေထဲမှာ
ကျွန်မ မနှစ်​မြောဘဲ
နွယ်မြက်​သစ်ပင်တွေလို ကြာရှည်​​တောင့်​ခံမယ်
အလွမ်း​တွေ လာလာ ပုတ်​နိုးလည်း
နှလုံးသားကို ​သော့ခတ်သိမ်းထားမယ်
ဘဝအတွက်​ 
ဘောင်မဝင်သေးတဲ့ အချစ်ရေးမှာ
ကျွန်မဟာ ယုန်သူငယ်လို ကြောက်ရွံထိတ်လန့်​မယ်
ဒါပေမယ့်​ ရှင်ရယ်
စွန့်​လွှတ်​လိုက်ရပေမယ့်
တန်ဖိုးကကြီးလေတော့
နှမြောတမ်းတခြင်းတို့ထဲမှာ ရောင့်ရဲအိပ်စက်​ရင်း
ရှင်ကို တန်ဖိုးရှိရှိ လွမ်းနေမယ်​ရှင်ရယ်​။
May3.2017
Minsetwai

အချစ်သည် မည်သို့နည်း???Where stories live. Discover now