အခန်း(၁၀)
အလုပ်မရှိဘဲလေနေတဲ့
ကျွန်တော်အတွက် နောက်ဆုံးမှာ
အလုပ်တစ်ခုရလာပါတယ်။အဲဒီအလုပ်နဲ့ ကျွန်တော်လာရှိုးဘက်ကို
ခရီးထွက်ဖို့ ဖြစ်လာရတယ်။ဖြစ်ချင်တော့ ကျွန်တော်ဖုန်းက သွားကာနီးမှ ပျက်သွားရတယ်။
အဆက်အသွယ်ပြတ်မှာစိုးလို့ မေဇော်ကော၊ ရွှေရည်ကောက ဖုန်းအပိုရှိတာတွေ ဌားကြပေမယ့် ကျွန်တော်မယူလာခဲ့ဘဲ သူငယ်ချင်ဖုန်းကို ကပ်သုံးနေဖြစ်ခဲ့
တယ်။လာရှိုးက ခုမှစရောက်တဲ့ ဒေသပါ။
နယ်မြေက နည်းနည်းကြမ်းသလို
ပက်ဝန်းကျင်ရှုခင်းတွေနဲ့ တောင်
ကုန်းတွေက အရိုင်းဆန်ဆန်လှပနေတာကိုလည်း မြင်တွေ့ရပါတယ်။ပြောရရင် ဒါက ကျွန်တော်အကြိုက်ပေါ့၊
လာရှိုးရောက်နေတဲ့ အချိန်မှာ ကျွန်တော်နဲ့ စကားအများဆုံးပြောဖြစ်သူကတော့ ရွှေရည်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့်သူငယ်ချင်းဖုန်းက beetalkတစ်ခုထဲ fontမှန်နေလို့ပါ။ အခြားက စာတွေဖတ်မရဘူး ဖြစ်နေလေရဲ့။ ကိုယ့်ဖုန်းမဟုတ်တော် ဖောင့်လည်းမပြောင်းရဲဘူး။ မတော်တဆ သူ့ဒေတာတွေ ပျက်ကုန်ရင် ကျွန်တော်ပြဿနာဖြစ်နိုင်တယ်လေ။ ဒါကြောင့်
ကျွန်တော်တခြားက စာတွေ ဖတ်ချင်လာတဲ့အခါ copyယူလာပြီး beetalkမှာ pasteပြန်လုပ်ပြီး ဖတ်ရပါတယ်။ဆိုတော့ အဲဒီနေ့ရက်တွေမှာ ရွှေရည်နဲ့ အတော်စကားပြောဖြစ်ခဲ့ပါတယ်။
မေဇော်နဲ့ စကားမပြောဖြစ်ဘူးဆိုတာက အဲဒီရက်တွေမှာ ဘယ်လိုကြောင့်မှန်း
မသိစွာနဲ့ သူ ကျွန်တော်ကို
အတော်လေးပြဿနာရှာနေခဲ့တယ်။ကျွန်တော်တို့သွားရတဲ့နေရာဒေသတွေအရ ဖုန်းလိုင်းအခြေအနေက အတော်ကလေးကို စိတ်ပျက်ဖို့ကောင်းပါတယ်။
တွေးကြည့်တော့လည်း သူ ဟိုကောင်လေးနဲ့များ ပြန်အဆင်ပြေနေသလားလို့ စဉ်းစားမိသေးတယ်။ ပြောရရင် သံသယစိတ်ပေါ့။ သံသယစိတ်ဆိုတာ လူတိုင်းမှာ ဖြစ်ပေါ်တတ်တာပဲလေ။
အဲဒီ ကောင်လေးနာမည်က ဇော်သီဟဆိုလားပဲ။မဆိုးပါဘူး။သူ့အနေအထားနဲ့သူ ကြည့်ကောင်းတယ် ပြောရမှာပါပဲ။ ကျွန်တော်ထက်စာရင်ပေါ့။
ကျွန်တော်ကတော့ ဆံပင်ကရှည်ရှည်၊လူကပိန်ရတဲ့အထဲ လက်မှာတတ်တူးတွေက ထိုးထားသေးဆိုတော့ ဘယ်မှာ လူ့ယဉ်ကျေးရုပ် ထွက်မှာလဲ။ပြီးတော့ ကျွန်တော်ဝတ်တာစားတာကလည်း တစ်စက်မှ နူညံသိမ့်မွေ့ခြင်းမရှိဘူးလေ။
တစ်နေ့တော့ ကျွန်တော်တို့
ကွတ်ခိုင်ဘက်ကို အလုပ်သွားလုပ်ဖို့ ထွက်လာခဲ့ကြတယ်။ လမ်းတစ်လျှောတ် ဖြတ်ကျော်လာတဲ့ တောင်တွေဟာ တသီတတန်းပါပဲ။ စိတ်ထဲမှာ ကြည်နူးဖွယ်ရာအတိနဲ့ ရွှေရည်ကိုတောင် သတိရနေမိတယ်။
ဒီလိုနဲ့ ကွတ်ခိုင်ရောက်တော့ ဗိုက်ဆာလို့
ကျွန်တော်ရှမ်းခေါ်က်ဆွဲ ဝင်စားတဲ့အချိန် စကားပြောဖြစ်ခဲ့ကြတယ်။
သူက
"ကို စားရသောက်ရကော အဆင်ပြေရဲ့လား။"
"ဟုတ်တယ်၊ အဆင်မပြေဖြစ်နေတာ..
ရှမ်းခေါ်က်ဆွဲက မကောင်းဘူး၊ ဘယ်လိုမှ စားမရဘူး၊
မဆလာတွေ ထည့်နယ်ထားသလား မသိပါဘူး။ မစားတတ်ဘူး ဖြစ်နေတယ်။"
"ဟီး၊ ရွှေရည်လည်း အဲဒီဘက်က အစားအသောက်တွေ မစားတတ်ဘူး။"
YOU ARE READING
အချစ်သည် မည်သို့နည်း???
Romanceအချစ်ဆိုတာ မီးပဲ... ရှို့တဲ့သူလည်း ပူတယ် အရှို့ ခံရတဲ့သူလည်း ပူတယ်