အခန်း(၈၉)

19 2 0
                                    

အခန်း(၈၉)

ကျွန်မအနေနဲ့ကတော့ ကို့ကို အကြာကြီ လျစ်လျူမရှုနိုင်ခဲ့ပါဘူး။ တကယ်တော့ ကို့ကို ပစ်ပယ်ထားခြင်းဟာ ကျွန်မ ဘဝကို လုံခြုံမူ အားနည်းစေတဲ့အပြင် စိတ်ညစ်ခြင်းတွေ တိုးသထက်တိုးတာသာ အဖတ်တင်ပါတယ်။
ကျွန်မမှာ ရင်ဖွင့်ပြောပြစရာ ယောကျာ်းတွေ အများကြီးရှိပေမယ့် ကို့ကိုပဲ တမ်းတမိခဲ့မိတယ်။ နောက်ဆုံးတိုင်းမှာ လက်လျော့ပြီး ကိုနဲ့ချည်း စကားတွေပြန်ပြန်ပြောဖြစ်ခဲ့တယ်။
"မိန်းမ အစောကလေးတင် အလုပ်ထွက်တာ။ မိန်းမလဲ ခေါင်းတွေမူးနေပြီ။ အိပ်ရေးပျက်ပါများလို့လားမသိ။ အရမ်းပင်ပန်းတယ် ယောင်္ကျား ရယ်။ လုမရှိတော့ အခန်းတွေကဆက်။"
"အင်းပေါ့ ပင်ပန်းတာပေါ့။ ခဏနားလိုက်ပေါ့။"
အဲဒီလို စကားပြောနေရင်းနဲ့ ကျွန်မအန်ချင်လာမိတယ်။
"ခဏ။ အန်ချင်လို့။"
ကျွန်မအန်ကြည့်တယ်။ ဘာမှထွက်ကျမလာခဲ့ဘူး။ မှားယွင်းတဲ့ အန်ချခြင်းထဲမှာ အဆိပ်တွေ ပါမှန်းမသိကို ပါတယ်။
"အဆင်ပြေရဲ့လား၊ သောက်ကောသောက်ထားသေးလား။"
"မသောက်တာကြာပြီ။"
"အင်းအာ့ဆို ခဏလောက်မှိန်းနေလိုက်။ အကြံပေးလို့ရအောင်မေးတာပါ။
သံပုရာသီးရှိနေသေးရင် ဖျော်သောက်လိုက်။ အာ့ပိုကောင်းတယ်။"
ကိုက ကျွန်မတစ်ခုခုဖြစ်တိုင်း ဆေးနည်း တစ်ခုမဟုတ်တစ်ခု ပေးနေကျလူပါ။ သူသာ အဲလိုတွေ မပြောပေးခဲ့ရင် အခြေအနေတွေ တစ်ခန်းရပ်သွားနိုင်တယ်လို့လည်း ကျွန်မထင်မိပါတယ်။
"မိန်းမအလုပ်လုပ်ချင်စိတ်မရှိဘူး
ခုရက်ပိုင်း ဘာဖြစ်တယ်မသိဘူး။ ခွေပဲနေချင်နေတာ။ ဆေးလိပ်နံ့တောင်ခံမရဘူး။"
"အင်း မိန်းမအရမ်းပင်ပန်းနေလို့ပါ။ နောက်ပြီးမိန်းမက ဘာမီတွန်တွေလည်းသောက်တာကို၊ တကယ်သောက်ရမှာက ဖယ်ရိုဗစ်တို့ဘာတို့သောက်သင့်တာ။"
"သောက်ဖူးတယ်။ အဆင်ပြေဘူး။"
"အာ့ဆိုတခြားအားဆေးရော။"
"အီးနပ်ကတော့ တည့်တယ်
တကဒ်၁၈၀၀ ဈေးကြီးတယ်။"
"အင်း အာ့လေးတွေကဈေးကြီးပေးမယ့် အကျိုးရှိပါတယ်။ ညဘက်လုပ်ရတဲ့လူတွေအတွက်ကောင်းတယ်။ ငါးမီနစ်လောက်အိပ်ရရင်ပဲ သူကအားပြန်ပြည့်သွားစေတယ်။"
ကိုရဲ့ စေတနာစကားတွေမှာ ကျွန်မ သာယာပါတယ် ကိုရယ်။ ဒါပေမယ့်..ကျွန်မဟာ ညံဖျင်းနေမိဆဲပါ။ ကို့ကို နာကျည်းစရာတွေသာ ပေးနေမိတဲ့ မိန်းမပါ။
"ယောကျာ်းနဲ့ယူပြီးရင် မိန်းမအလုပ်မလုပ်ပါနဲ့တော့ကွာ။ မိန်းမ ပင်းပန်းနေတာ မကြည့်ရက်ဘူး။"
ကျွန်မအတွက် ကတော့ ဝမ်းသာကြည်နူးခဲ့ရတာပေါ့။ ကို့ကိုရော ကျွန်မ အဲလိုဖြစ်စေခဲ့ဖူးရဲ့လား။ ဟင့်အင်း မဖြစ်စေခဲ့ဖူးဘူး။ ကို့ အပေါ် နာကျည်းစရာတွေချည်းပဲ ပြောခဲ့မိတာ။ ရက်စက်ခဲ့မိသူပါ။
"ဒီနေ့ ဘိုကြီးနဲ့ကို စကားအတော်ပြောဖြစ်တယ်။ အထူး သဖြင့် မိန်း မ အကြောင်းလည်းပြောဖြစ်တယ်။"
"သူက မိန်းမအကြောင်း ဘာတွေပြောတာလဲ။"
"မိန်းမမှာ ကလေးနှစ်ယောက် ရှိတယ်တဲ့။"
ကျွန်မ ခေါ်င်းတွေ ပြာဝေရီသွားတယ်။ အမှန်တရားဆိုတာ ဖုံးဖိထားလို့၊ မရခဲ့ပါလား။ ကျွန်မဝှတ်ထားတဲ့အရာတွေ ပြန်လည်ပေါ်လာပြီလား။
"အဲဒီကလေးနှစ်ယောက်က ရှေ့နေနဲ့ရတာတဲ့။"
ဒီတစ်ခါ မျတ်လုံးပြန်ပြူးသွားရတာက ကျွန်မ။ အမှန်တရားနဲ့အတူ အမှား တရားကပါ ။ဒွန်တွဲ လိုက်ပါလာပါ ရောလား။ ဒါပေမယ့် ဒါတွေကို ခေါ်င်းညှိတ်၊ ခေါ်င်းခါ မလုပ်ရဲခဲ့ဘူး။ ကို ကျွန်မကိုပစ်သွားမှာ ကျွန်မကြောက်မိတယ်။
"သူက ဘယ်လိုသိ တာတဲ့လဲ။"
"မိန်းမ ပြောပြတာတဲ့။"
အမှားတစ်ခုအတွက် ကျွန်မချက်ချင်းဖြေရှင်းပြလိုက်တယ်။ အမှန်တရားကို ဝှတ်ထားပြီးတော့ပေါ့။
"ဖြစ်နိုင်ပါ့မလားဆိုတာ၊ ကိုစဉ်းစားကြည့်လေ။ ကိုသိမှာကြောက်တဲ့စကားတစ်ခွန်းကို ကျွန်မက ဘိုကြီးကို ပြောပြစရာလား။ သေချာတာကတော့ သူဆီကို ရှေ့နေဆက်သွယ်ပြီးသွားပြီလို့ပဲ ထင်တယ်။ "
ကို နူတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ ကို ဘာတွေဆုံးဖြတ်ချက် ချနေသလဲ။
"တကယ် ဟုတ်နေခဲ့လည်း ၊ ကို့အတွက် ပြဿနာမဟုတ်ပါဘူး။ ကိုသိတာ ရွှေရည်ကိုပဲ ချစ်တယ်။ ရွှေရည် ဘာပဲဖြစ်ဖြစ်ပေါ့။ "
ကို့စကားကြောင့် ကျွန်မ သက်ပြင်းချနိုင်တော့တယ်။ ကိုရဲ့စိတ်ကို အရမ်းလေးစားမိပါတော့တယ်။ ဒါအပြင် မစစ်မှန်ခဲ့တဲ့ ကျွန်မအချစ်တွေအတွက်လည်း ကျွန်မအများကြီး နောင်တရလာမိတော့တယ်။ ရှက်လည်းရှက်လာမိတယ်။ ကိုက ကျွန်မကို အရမ်းချစ်ပြလေလေ ၊ ကျွန်မမှာ အပြစ်ရှိသလိုလို ခံစားရလေလေပါပဲ။ နောက်ဆုံး ကျွန်မ ဆုံးဖြတ်ချက် ချလိုက်တယ်။ငိုသံ လုံးဝမပါသွားမိအောင် စကားလုံးတွေကို အရက်စက်ဆုံးနဲ့ ဓားတစ်စင်းလို လှလှပပနဲ့ ကိုနှလုံးသားထဲ ပစ်သွင်းခဲ့မိတယ်။"
"ခင်ဗျားကို ဝန်ခံတယ်။ ဘိုကြီး ခင်ဗျားကို ပြောခဲ့တာတွေက
အမှန်တွေချည်းပဲ။ "
"အဲဒါဆို ကိုက ကြာကူလီကောင် ဖြစ်နေတာပေါ့နော်။"
ကို့အသံက ယူကြုံးမရတဲ့ ကြေကွဲခြင်းတွေနဲ့။
"အဲလိုလည်း မဟုတ်ပါဘူး။ ကျွန်မတို့က ကွာရှင်းပြီးသားပါ။"
"ရှေ့နေလား၊ အဲဒီလူက။"
"မဟုတ်ပါဘူး။ အဲဒါတွေထားပါ။
အဲဒီတော့ ခင်ဗျားဘာဆက်လုပ်မလဲပဲ စဉ်းစားပါ။"
ကိုက မတုန့်မဆိုင်းဘဲ ချက်ချင်းအဖြေပြန်ပေးတယ်။
"ယောကျာ်း ပြောပြီးပြီလေ။ မိန်းမ ဘာပဲဖြစ်ဖြစ် ချစ်မှာပါလို့။"
"မချစ်ပါနဲ့ ခင်ဗျားအပေါ် ကျုပ်ကတစ်စက်ကလေးမှ ကောင်းတဲ့လူ လည်း မဟုတ်ဘူး။ ပြီးတော့ ကျွန်မ ဒီအလုပ်ကိုပဲ တစ်သက်လုံး လုပ်တော့မှာ ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူး။"
ကို့ဘက်က ငိုကြွေးသံတွေကို ကျွန်မကြားရတယ်။ ကျွန်မရင်ထဲမှာလည်း တဆစ်ဆစ်နာတယ်။ ဒါပေမယ့် ကိုရယ်။ ခံစားရ ခဏပေါ့။ နောက်တော့လည်း ကျွန်မကို မေ့သွားမှာပါ။ ကျွန်မ ရှိရှိသမျှ ကို့အကောင့်တွေ အကုန်လုံးကို ဘလော့ပစ် လိုက်တယ်။ မတရားခဲ့ဘူး လို့ ဆိုရင်လည်း ဆိုကြပေါ့။ ကျွန်မအရာရာကို ကြိတ်မှိတ်ခံစားပါ့မယ်။ ဒါပေမယ့် ကျွန်မရဲ့ညတွေကို ကို့မျတ်ရည်တွေက ပူလောင်စေခဲ့တယ်ဆိုတာ အသေအချာပါ။
"ယောကျာ်း မိန်းမပြန်အလာကိုမျော်နေတယ်နော်။"
ကျွန်မဘဝတစ်ခုလုံး လွင့် စင်ကြေမွ မတတ်ပါပဲ ကိုရယ်။ ကို့ကို ဘယ်လိုနှလုံးသားနဲ့ ရက်ရက်စက်စက်ထားခဲ့ရမယ်ဆို တာကို ကျွန်မမသိနိုင်တော့ပါဘူး ကိုရယ်။

အချစ်သည် မည်သို့နည်း???Where stories live. Discover now