(၁၄)ချစ်သူဖြစ်ပြီးပြီးချင်း ခွဲခဲ့ရတာမို့ တစ်ခါတစ်လေတော့ မေဇော်နဲ့ကျွန်တော်ရဲ့ တွေ့ဆုံမူအကြောင်းကို စိတ်ရှိလက်ရှိ ထိုင်စဉ်းစားမိပါတယ်။
တစ်ခါက
ကျွန်တော်ရန်ကုန်ရှိခဲ့တဲ့အချိန်၊ သူနဲ့ကျွန်တော် ကန်တော်ကြီးထဲ တစ်ခါရောက်သွားခဲ့ကြတယ်။အဲအချိန်က ကျွန်တော် သူ့ကို ဖွင့်တောင်မပြောရသေးဘူး။
ကျွန်တော်တို့နှစ်ယောက် ရေကန်အစပ်မှာ ထိုင်ရင်းစကားပြောကြတယ်။တခြားသမီးရည်စားတွေကြားမှာ ကျွန်တော်တို့အဖြစ်က ရယ်စရာကောင်းနေမလားဘဲ။ သမီးရည်စား မဟုတ်ပါဘဲ ပန်းခြံထဲရောက်လာတဲ့အဖြစ်က နည်းနည်းတော့ ဂွတိဂွကျနိုင်ခဲ့ပါတယ်။ဘာဖြစ်ဖြစ် သူ့နားနေခဲ့ရတဲ့အခိုက် ကျွန်တော်ပျော်ခဲ့ရတယ်။
ရေထဲမှာ
ကူးခပ်ပြီးသွားနေတဲ့ ငါးဖောင်းရိုးလေးတွေကို စိတ်ကြည်နူးစွာကြည့်နေခဲ့ကြတယ်။
အဲဒီအချိန်မှာ ကျွန်တော် အသိတစ်ချက်ဝင်တယ်၊
"မေဇော် ၊ကျွန်တော်ကို စာရွက်အလွတ်တစ်ရွက်လောက် ပေးနိုင်မလား။"
"ဘာလုပ်ဖို့လဲ၊ ကဗျာရေးဖို့လား။"
"အင်း"
ကျွန်တော်ခေါ်င်းညိတ်ပြလိုက်တယ်။အဲဒီနောက် သူမအတွက် "အရင်လိုမဖြစ်ပါစေနှင့်"ဆိုတဲ့ ကဗျာကို ကျွန်တော်ရေးပေးခဲ့တယ်။
ဒီကဗျာထဲမှာ ကျွန်တော်သူကိုပြောချင်ခဲ့တဲ့ ကျွန်တော်ရင်ထဲက အကြောင်းအရာတစ်ချို့ပါတယ်။ပြောရရင်
အဲဒီကဗျာထဲမှာ ကျွန်တော်အဓိပ္ပါယ်တွေအများကြီး ဝှတ်ထားခဲ့တယ်။
ဒါကို သူ သိမှာမဟုတ်ပါဘူး။ကဗျာထဲမှာ သူဟာ တစ်ချိန်ကျရင် ကျွန်တော်နားကထွက်ခွါသွားလိမ့်မယ်ဆိုတာ ကျွန်တော်ကြိုသိနေကြောင်း အရိပ်အမြွတ်တော့ ရေးထားတယ်။ ကဗျာကဒီလိုပါ...
YOU ARE READING
အချစ်သည် မည်သို့နည်း???
Romanceအချစ်ဆိုတာ မီးပဲ... ရှို့တဲ့သူလည်း ပူတယ် အရှို့ ခံရတဲ့သူလည်း ပူတယ်