အခန်း(၉၁)

19 2 0
                                    

(၉၁)

ကျွန်မရှိရာဆိုင်လေးဆီ လှမ်းလျှောတ်လာတဲ့ ကို့ကို ကျွန်မ အားတတ်သွားမိတယ်။ ဒါပေမယ့်ဘကျွန်မစိတ်တွေက နောက်ကျတဲ့အတွက် ကို့အပေါ်သိပ်တော့ မကြည်သေးဘူး။ ကိုက ကျွန်မဘေးနား ဝင်လာထိုင်ချိန်မှာတော့ ကို့မျတ်နှာကိုကြည့်ပြီး တင်းထားသမျှတွေ အရည်ပျော်ကုန်ပါရော။ ကိုက ကျွန်မခွေးလေးကို ကောက်ချီကြည့်တယ်။ ပြီးတော့ ကျွန်မကို ရီဝေဝေအကြည့် တွေနဲ့ ကြည့်လေရဲ့။
"ဘာကြည့်တာတုန်း။"
"မိန်းမက အရမ်းလှနေတာကို။"
"တော်ပါ၊ နောက်ကြနေပြီ သွားကြမယ်။"
ကျွန်မက ခွေးလေးကိုချီ ကိုက ကျွန်မအထုတ်တွေဆွဲလို့ ပဲခူး ကားကို စောင့်ခဲကြတယ်။ မိုးအရမ်းချုပ်နေတော့ ကားကကြဲပြီး လူအရမ်းကြပ်တယ်။ ခွေးနဲ့ဆို တော့ စီးဖို့က အဆင်မပြေဘူးရယ်။ အဲအချိန်မှာ ရှားရှားပါးပါးကားတစ်စီး ရောက်လာတယ်။ ကျွန်မတို့နှစ်ယောက် ခေါ်င်းခန်းကပဲ စီးခဲ့လိုက်တယ်။ ကားဆရာကလည်း ကားမောင်းမတရားကြမ်းသလား မမေးနဲ့။ ကျွန်မမှာ ကို့လက်မောင်းကိုကိုင်ပြီး ဘုရားတနေရတယ်။ သူ့ကားက ကားရှေ့မီးကလည်း မရှိ။ ကားဟွန်းကလည်း တီးမရ။ ဒီကြားထဲ သူ့မျတ်လုံးကလည်း မကောင်း။ မောင်းတော့ ပြိုင်ကားမောင်းနေသလား ထင်ရတယ်။ အဲဒါကိုမှ ကျွန်မတို့ဆီကို တစ်ခါတစ်ခါ စကားလှည့်ပြောပြန်သေးတယ်။
"ကလေးက တစ်ယောက်တည်းလား။ "
ကျွန်မနဲ့ ကိုနဲ့ တစ်ယောက်မျတ်နှာ တစ်ယောက် ကြည့်မိကြတယ်။ ဘယ်က ကလေးပါလိမ့်ပေါ့။
"ကလေးမရှိပါဘူး။"
"အမ်၊ ချီထားတာ ဘာကြီးတုန်း။"
"ခွေးခင်ဗျ။"
"ဟာ.. ငါက ကလေးလေးထင်နေတာ။"
ကျွန်မတို့နှစ်ယောက် ပြုံးမိကြတယ်။ ကျွန်မ ကလည်း ကျွန်မပဲလေ၊ ခွေးကိုအကျီဝတ်ပေးထားတာကို၊ မှောင်နေတော့ ကလေးလို့ ထင်နေမှာပေါ့။
"ဦးလေး...ရှေ့မှာဆိုင်ကယ်။"
ကိုရဲ့အော်သံနဲ့အတူ ကားက တစ်ချက်ယမ်းသွားတယ်။ ကျွန်မလည်း ရင်တဖိဖိနဲ့။
"မကြောက်ပါနဲ့ကွာ။ ဒီလမ်းက ငါ ဆယ်ခြောက်နှစ်သားထဲက မောင်းလာတာပါ။"
ရှေ့မီးမပါဘဲ မောင်းနေတာကြောင့် ချိုင့်တွေလည်းဆောင့်၊ တစ်ချို့ကားတွေကလည်း ဝိုင်းကြည့်နဲ့ ပဲခူးရောက်မှပဲ သက်ပြင်းချနိုင်တော့တယ်။
"ထမင်းတစ်ခါတည်း ဝယ်သွားရအောင်နော်။"
"ဝယ်လေ ၊ မိန်းမရဲ့။"
ကိုနောက်တစ်ခေါက် အောက်ထပ်ဆင်း နေရမှာ စိုးလို့ပါ။ ခွေးလေးအတွက် ကြက်သဲမြစ်ဟင်းလေး ဝယ်လာပေးလိုက်တယ်။ သူကလည်း ဂျေးများတာ။ ကျွန်မကလည်း ခွေးဆိုမတရားချစ်တာ။ ကို ကျတော့ ကြောင်ကိုအရမ်းချစ်တာ။ ကျွန်မလည်း ကြောင် ချစ်တော့ချစ်ပါတယ်။ ဒါပေမယ့် ခွေးလောက်တော့ မပိုဘူးရယ်။ အထုတ်အပိုးတွေ နေရာချပြီးနောက်မှာတော့ ကိုက ကျွန်မဗိုက်လေးကို လာကိုင်ကြည့်တယ်။
"အတော် ပူနေ ပြီနော်။"
ကျွန်မ စိတ်မကောင်းဖြစ်သွားရပြန်တယ်။ အရမ်းမမျှော်လင့်ပါနဲ့ ကိုရယ်လို့လဲ စိတ်ထဲကပြောမိတယ်။ ဖြစ်ချင်တော့ ကျွန်မဖုန်းက မြည်လာတယ်။ ဆက် တဲ့သူက ဦးမိုး။ ဒီလူကလည်း ဒုက္ခပဲ။ ကိုရှိနေတော့ ဖုန်းပြောဖို့က အဆင်မပြေဘူးရယ်။ အဲဒါက ကို့ကို ခွင့်တောင်းပြီး အခန်းအပြင်ထွက်လာခဲ့လိုက်တယ်။ ထုံးစံအတိုင်း၊ မုံရွာက ဘာလို့ပြန်သွားတာလဲ၊ ဘယ် တော့ ပြန်လာမှာလဲ။ သူလွမ်းနေပြီ၊ ဒါတွေပါပဲ။ ဒါပေမယ့် အခုချိန်မှာအဲဒီစကားတွေ မကြားချင်သေးဘူး။ ကျွန်မကို့နားမှာ နေချင်တာ။ ဖုန်းကို ပါဝါပိတ်လိုက်ပြီး အခန်းထဲကို ကျွန်မပြန်ဝင်လာလိုက်တာ။ ကိုက အခန်းထဲမှာ စားဖို့သောက်ဖို့ အဆင့်သင့်လုပ်ထားပေးလေရဲ့။ အရမ်းချစ်ဖို့ကောင်းတာပဲ ကိုရယ်။
တကယ်ဆို ကိုဟာ ကျွန်မလို မိန်းမမျိုးနဲ့ မထိုက်တန်ပါဘူး။ တကယ်ဆို ကိုဟာ ကို့ရဲ့ပထမဆုံးချစ်သူနဲ့ပဲ အဆင်ပြေပြေ ရှိနေသင့်တာ။ ဂရုစိုက်ခံချင်တဲ့ ကို့အပေါ် ကျွန်မက ဂရုစိုက်မူမပေးနိုင်ခဲ့ပါဘူးကို။ ဝတ္တရားဆန်ဆန်လေးပြောပေးဖို့ကိုတောင် ကျွန်မက မေ့လျော့နေမိသေးတဲ့ သူပါကို။ ကျွန်မ ကို ဘေးနားဝင်ထိုင်လိုက်တယ်။
"သောက်လေ။"
ကိုက ဘီယာပုလင်းကို အဆင်သင့် ဖွင့်ထားပေးလေရဲ့။ ကျွန်မယူပြီး တစ်ငုံမော့သောက်ပစ်လိုက်တယ်။ ဘီယာဆိုတာ ကျွန်မအကြိုက်ဆုံး အရာပဲလေ။

အချစ်သည် မည်သို့နည်း???Where stories live. Discover now