အခန်း(၁၀၅)

36 1 0
                                    

အခန်း(၁၀၅)

ကိုနဲ့တွေ့ရတော့ ကျွန်မစိတ်တွေ အတော်ကလေး လန်းဆန်းတတ်ကြွသွားတယ်။ ကိုသာ အနားရှိနေရင် ကျွန်မဘဝက ပြီးပြည့်စုံနေသလိုပါပဲ။ ထုံးစံအတိုင်း ကျွန်မတို့ တည်းတဲ့အခန်းက ၄၀၇၊ ဒီအခန်းလေးက ကျွန်မတို့ရဲ့ နိဗ္ဗာန်ဘုံပေါ့။
"မိန်းမ ၊ ဘာလုပ်မှာလဲ။ ဘီယာသောက်မှာလား၊ အသီးရှို့မှာလား။"
ကျွန်မမျတ်စိထဲမှာ ကို့အပြုံးတွေက ဝေဆာ တောက်ပနေလေရဲ့။
"ဘာလုပ်ရင်ကောင်းမလဲ ယောကျာ်းပြောလေ။"
"နှစ်ခုစလုံးတစ်ပြိုင်နတ်တည်း လုပ်လိုက်တာကောင်းတယ်။ "
"အင်း"
အဲဒီနောက် ကို လုပ်တာလေးတွေကို ကျွန်မ အသေအချာ လိုက်ကြည့်နေမိတယ်။ ဦးဆုံး ကိုက စီးကရက်ဘူးခွံထဲက ငွေရောင်စက္ကူကို ရေစွတ်ပြီး ခဲစက္ကူကို ခွာတယ်။ ပြီးတော့ ရေသန့်ဘူးကို ဆေးလိပ်မီးနဲ့ အပေါ်က်ကလေး ဖောက်တယ်။ နောက်ဘူးထဲကို ဖောက်ထားတဲ့အပေါ်က်ထိ မရောက်တရောက်လောက် ရေကို ထည့်လိုက်တယ်။ ကျွန်မအနေနဲ့ ဒါတွေကို မြင်တွေ့ဖူးပြီးသားဆို ပေမယ့်၊ ကို လုပ်နေတာလေးကို သဘောကျလို့ဂရုတစိုက် ကြည့်နေမိတယ်။ ပြီတဲ့နောက်ကိုက ပဲနို့ဗူးလေးတွေမှာ ပါတတ်တဲ့ အဖြူရောင်ပိုက်လေးကို ဖြုတ်ပြီး ပိုက်ထိပ်မှာ မီးအပူခံနိုင်အောင်လို့ ခဲစက္ကူလေးကိုကပ်တယ်။ အဲလို အားလိုးပြီးစီချိန်မှာ ကိုက ကျွန်မကို ရေဘူးလှမ်းပေးတယ်။ သူက အောက်ကနေအသီးကို ရှို့ပေးတယ်။ ထွက်လာတဲ့အငွေ့တွေကို ကျွန်မရှိုက်သွင်းလိုက်တယ်။ ချောကလတ်နံက ကျွန်မတို့ အခန်းထဲမှာ ပြန့်ကြဲ သွားတယ်။ ဒါဟာ အတော်ပျော်စရာကောင်းတဲ့ အရာတစ်ခုပဲ။ ကို့ကို ပိုချစ်မိသွားတယ်၊
"ဒါကို ကိုလုပ်ပေးတယ်ဆိုတာ မိန်းမကိုချစ်လို့၊ ပျော်စေချင်လို့ လုပ်ပေးတာနော်။ နောက် ကို့ဆီက ရဖို့ဆိုတာမသေချာဘူးနော်။ "
"အင်းပါ။ ဒါက အနံတွေစွဲတယ်မှတ်လား။ အဝတ်တွေ ချွတ်ပစ်လိုက်မယ်။"
ပြောရင်းနဲ့ ကျွန်မအဝတ်တွေကို ချွတ်လိုက်တယ်။ ကိုက ဘီယာသောက်ရင်းနဲ့ ကြည့်နေလေရဲ့။
"မိန်းမ အသဲယားအောင် မလုပ်နဲ့နော်။"
"ဘာလုပ်လို့လဲ။"
"အေးပါကွာ။"
ကျွန်မ သဘက်လေးကို ရင်လျားထားလိုက်တယ်။ ပြီးတော့ ဘီယာသောက်လိုက်၊ အသီးဆွဲလိုက်နဲ့ ကျွန်မကမ္ဘာတစ်ခုလုံး ချာချာလည်နေတော့တယ်။ ကို့အနားက ကျွန်မထွက်မသွားချင်လောက်အောင်ပါပဲ။ ကျွန်မကိုရဲ့ရင်ဘတ်ပေါ်မှာ အိပ်ရင်း ဘဝတစ်ခု တည်ဆောက်နေမိတယ်။ ကိုက ကျွန်မရဲ့ခေါင်းကို ကြင်ကြင်နာနာနဲ့ပွတ်သပ်ပေးနေတယ်။
"ယောကျာ်း မိန်းမကိုချစ်လားဟင်။"
"ချစ်တာပေါ့၊ အရမ်းချစ်တာပေါ့။"
ဘယ်အချိန်မေးမေး ၊ မပြောင်းလဲသွားတဲ့ ဒီအဖြေတစ်ခုအတွက် ကျွန်မအရမ်း စိတ်ကျေနပ်ရပါတယ်။ ကိုရဲ့ နူတ်ဖျားကို ကျွန်မဖွဖွလေးနမ်းလိုက်တယ်။ မှိတ်ထားတဲ့ ကို့မျတ်လုံးတွေက ပွင့်လာပြီး ကျွန်မနူတ်ခမ်းလေးတွေကို ငင်သာစွာ ပြန်နမ်ရှိုက်လေရဲ့။ အဲဒီ အနမ်းနှစ်ခုရဲ့ဆုံမှတ်မှာ လျှပ်စီးတွေ လတ်လာတော့တာပါပဲ။ ညင်သာတဲ့ ပွတ်တိုက်မူတွေ ကျွန်မရဲ့ အသွေးအသားထဲထိ စိမ့်စီးလို့ ဝင်သွားတဲ့။ ကျွန်မရဲ့ဘဝအမောတွေ အခုတော့ သာယာခြင်းတွေနဲ့ မိန်မောလို့၊ ချွေးစေးလေးတွေတောင် စို့လာရတယ်။ ကို့ကို ကျွန်မ အရမ်းချစ်တာပါပဲ။ ကို့ကို ကျွန်မအဆုံးရှုံး မခံနိုင်ပါဘူး။ တုန်ရီမောဟိုက်နေတဲ့အသံနဲ့ပဲ
"ယောကျာ်း မိန်းမအနားကနေ ဘယ်မှ ထွက်မသွားရဘူးနော်။"
ကိုကလည်း တုန်ရီမောဟိုက်နေတဲ့ လေသံနဲ့ပဲ
"အင်း၊ ကို ဘယ်မှ မသွားပါဘူး။"
အဲဒီနောက် သာယာကျေနပ်ခြင်းထဲမှာ ကျွန်မ အိပ်မောကျသွားပါတော့တယ်။ အိပ်မောကျခြင်းထဲမှာ ကျွန်မဟာ လေဟာနယ်ထဲ လွင့်ဝဲနေသလိုမျိုးပဲ။ ကြယ်တွေဆီကို တရွေ့ရွေ့နဲ့သွားတယ်။ ဒါနဲ့ ကိုကော ဘယ်ရောက်နေပါလိမ့်။ သြော်....... ကိုက လခြမ်းကလေးထဲမှာ ထိုင်နေတာကို။ ကျွန်မလည်း လာခဲ့မှာပေါ့ကို။ ကျွန်မဘဝ အခုမှ သာယာစိုပြေ သွားရတယ်။ ကိုနဲ့အတူ လက်ချင်းယှတ်လို့ အာကာသထဲ ကျွန်မတို့ အတူတူ ခရီးဆက်ခဲ့ကြတယ်လေ။

အချစ်သည် မည်သို့နည်း???Where stories live. Discover now