(၂၅)

39 2 0
                                    

အခန်း(၂၅)

တကယ်တော့ ကျွန်တော်ကို စိတ်ရှုပ်စေ​အောင် လုပ်လို့ မေ​ဇော်ကို မုန်းတီးနေတာမျိုးလည်း မဟုတ်ရသလို ၊ မချစ်လို လမ်းခွဲဖို့ကြိုးစားအားထုတ်​နေတာလည်း မဟုတ်ရပါဘူး။

မေဇော်က ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်စိတ်ထဲကို ထိုးဖောက်မြင်နိုင်ရင်​တော့​ကောင်းမှာ။ အကယ်၍ မေဇော်ထိုးဖောက် မြင်နိုင်ခဲ့ရင်ကော ကျွန်တော် မေဇော်ဆီက ဘယ်လိုတုန့်ပြန့်မူမျိုးကို ကြုံ့တွေရနိုင်သလဲ။ ဒါတွေကို သူမရဲ့ တချို့သော အပြုအမူကတဆင့် ကျွန်တော်ပြန်လှန်လေ့လာနေမိဆဲ။

"မဟုတ်​သေးဘူး ကို။ ကို စိတ်ပျက်သွားတာ မှတ်လား။ သိတယ်နော်၊ ကို့ဘက်က နည်းနည်းလေးမှ အလျော့မပေးဘူး။ ရအောင် မေးကြည့်မယ်လည်း စိတ်မကူးဘူး။ အေးစက်စက်နဲ့။ ဒါ ကို့ပုံစံပဲလား။ ကို့ပုံစံက ကျွန်မကို တကယ်မချစ်မှန်း သိသာလွန်းတယ်။ "

ဒါက သူစိတ်ဆိုးနေတာကို ကျွန်တော်မချော့ဘဲ ပစ်ထားလို့ပေါ့။ သ
သူ့ရဲ့ ရိုးသားတဲ့ချစ်ခြင်းဟာ ကျွန်တော်အပေါ် တန်ခိုးကြီးလွန်းလှတာက​တော့ အမှန်ပါ။ အဲဒီရိုးသားမူကိုပဲ ကျွန်တော် ထိတ်လန့်သွေးပျက်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်လည်း ကိုယ်တိုင်ပြန်မေးနေမိတယ်။ ကျွန်တော်ပုံစုံက မေဇော်ကိုမချစ်မှန်း တော်တော်သိသာနေလေသလားလို့။
ဒီလိုမျိုး​တွေ​ပေါ့။ ကျွန်​တော်ရဲ့​လှေနံနှစ်ဖက်ကိစ္စဟာ ကျွန်တော်ရဲ့ည​တွေကို​တောင် အနတ်က​နေ အနီ​ရောင်ဆီ ပြောင်းလဲရွေ့လျားသွားသလို ခံစားစေပါတယ်။ ဒီလိုခံစားခဲ့ပြီးနောက် မေဇော်ရဲ့အသံတွေက ပဲ့တင်ထပ်ပြီး နှလုံးသားကတစ်ဆင့် ပြန်ကြားနေခဲ့ရတယ်။

"ကို
ကျွန်မ မြတ်နိုးရတဲ့ ကို့ကို
ဘယ်သူ့ကိုမှ မပေးချင်ဘူး။ ဒါပေမယ့် စိတ်ထဲမှာ ယုံကြည်နေမိတာက တစ်ချိန်မှာ ကို့ကို သူများလက်ထဲ ထည့်ပေးလိုက်ရမယ်လို့။ အဲဒီအကြောင်း စဉ်းစားမိရင် အသက်ရူမဝတော့သလို ခံစားရတယ်။ ဒီပြဿ နာတွေ ဖြစ်ခဲ့တာ ကျွန်မကြောင့်ပဲလား ကို။"

မင်းကြောင့်သက်သက်ရယ်တော့ မဆိုနိုင်ပါဘူး မေဇော်ရယ်။ ငါ့ကိုယ်တိုင်ကိုက အမှားအယွင်းတွေ ရှိနေတဲ့လူစားမို့ပါ။ ဒီလိုလူမျိုးနဲ့ ပတ်သက်မိလို့သာ မင်းပါ မှားယွင်းသွားခဲ့ရတာပါ။
ဒီတော့ ဘာလုပ်ရမလဲ၊
ကျွန်တော် မုန်းလိုက်ရမလား။ ဟင့်အင်း၊ မေဇော်အပေါ် ကျွန်တော်မလုပ်ရက်ဘူး။ ဒါပေမယ့် အရင်က ကျွန်တော် သူ့ကို စကားတစ်ခွန်းတော့ ပြောဖူးခဲ့တယ်။
"ချစ်ကိုမချစ်ခဲ့ဘူးဆိုရင် ဘယ်တုန်းကမှ ချစ်အနားကို ကိုယ်ရောက်လာခဲ့မှာ မဟုတ်ဘူး။"

အချစ်သည် မည်သို့နည်း???Where stories live. Discover now