အပိုင်း - ၆

Start from the beginning
                                    

ဗီရိုထဲက Jongin အကျီတွေ ဆွဲထုတ်နေရင်း အခန်းထဲက အိပ်ယာခင်းကြီးကို ဆွဲချပစ်လိုက်သည်....

မြင်ရတာ Sehun ရူးချင်စိတ်ပင်ပေါက်လာပြီမို့...

အဝတ်တစ်ခုကို ရေအေးအေးလေးဆွတ်လိုက်ကာ
Jongin ခန္တာကိုယ်ကို Sehun ပွတ်သတ်ပေးနေသည်...

Jongin ကတော့ အသံပင်မထွက်....

ခန္တာကိုယ် အနှံ့က ခရမ်းပုတ်ရောင် အမှတ်တွေကို
Sehun ကြည့်ရင်း တကယ်ပင် သေချင်စိတ်ပေါက်လာသည်...

" Jongin လက် နည်းနည်းမြှောက်မယ်နော်..."

ခန္တာကိုယ်တစ်ခုလုံး နာနေတာမို့ ဦး ပြောတာကို
Jongin လိုက်မလုပ်နိုင်....

ဦးက အသာ Jongin လက်ကိုမြှောက်လိုက်တော့ နာလို့ မျက်ရည်ပင် ဝဲသွားသည်...

" အရမ်းနာနေလား... ကိုယ်တောင်းပန်ပါတယ် ကလေးရာ..."

မျက်စိပျက် မျက်နှာပျက်နဲ့ ဦးက တောင်းပန်နေတာကို
Jongin မလိုအပ်ပါဘူးလို့ ပြောချင်ပေမယ့် လူက တကယ်ကို မလှုပ်နိုင်တာဖြစ်သည်....

Jongin ကို အဝတ်အစားလဲပေးကာ family doctor ဆီကို Sehun ဖုန်းဆက်ဖို့ လုပ်ရသည်...

ရေပတ်တိုက်ထားပေးပေမယ့် အပူမကျသေး
ကိုယ်တိုင်ဆေး on ဖို့ တွန့်ဆုတ်နေတာမို့ Doctor Lee ကိုသာ ဖူန်းဆက်ခေါ်ဖို့ပြင်သည်...

Sehun အဒေါ်ကြီးကို Jongin အတွက် ကြက်သားဆန်ပြုတ်ပြုတ်ခိုင်းလိုက်ပြီး ကိုယ်တိုင်က ပါမုန့်တစ်ချပ်ကို ကော်ဖီနဲ့ မျှောချကာ အကိုက်ခဲပျောက်ဆေးသောက်ရသည်....

ဖုန်းကို ဖွင့်လိုက်တော့ နီရဲနေတဲ့ message box နဲ့ miss callတွေက တစ်ပူံတစ်ပင်...

" အခူထိ မထသေးပူံထောက်ရင် ညက အလုပ်ဖြစ်တယ်ပေါ့
Oh sehun 🙄 "
From~ Kim Jongdae

" ဖုန်းမကိုင်ပူံထောက်ရင် အိပ်ယာထဲက မထနိုင်သေးတာပေါ့ ㅋㅋㅋ.... Jongin တော့ မင်းကိုလန့်သွားလောက်ပြီ...
ဘယ်နချီမြောက်မှာ လက်ပန်းကျသွားတာလဲ 😈 "
From~Do KyungSoo

" မနေ့ညက ငါဆေးထည့်တာနည်းနည်းများသွားတယ်...
အဲ့တာလည်း စေတနာနဲ့ပါ oh sehun ရယ်...
အဲ့ဆေးက ငါကိုယ်တွေ့မို့
မင်း ကလေးကို သေချာဂရုစိုက်လိုက်ပါဦး ယောက်ဖ.."
From~Park Chanyeol

| ဦး | Zawgyi + Unicode  [ Completed ] Where stories live. Discover now