ကျေးဇူးတင်စကား

Start from the beginning
                                    

ထက်ဝေယံကိုလည်း ချစ်တာပါပဲ။ သတိုးသူ့ကိုဘယ်တော့မှ မချစ်စေရဘူးဆိုတဲ့ အသိနဲ့ အစအဆုံးရေးခဲ့တာပါ။ မမွန် သူ့အတွက် ရင်နာရပါတယ်။ တကယ်တော့ ဝေယံက သနားဖို့အကောင်းဆုံးပါ။ chapter 20 ကိုလည်း ရင်နာနာနဲ့ ရေးခဲ့ရပါတယ်။ သူ့အတွက် နေရှင်းခကို မုန်းဖို့ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခု လိုအပ်တာမို့လို့ ရိုးရိုးအရိုက်ခံရတာမဟုတ်ဘဲ ဒီအထိ ရေးခဲ့တာပါ။ reader တွေရဲ့ ရင်ထဲမှာ နေရှင်းခ နီးပါးတန်းတူ တိုးဝင်နိုင်ဖို့ မရှိမဖြစ် လိုအပ်ခဲ့လို့ပါ။

သတိုးကိုလည်း သနားဖို့ကောင်းအောင် ရေးခဲ့သလို မုန်းဖို့ကောင်းအောင် ရေးခဲ့ပါတယ်။ chapter 22 ကနေ chapter 27 ထိ သတိုးရဲ့ ခံစားချက်တွေကို မဖော်ပြဘဲ တမင်အခြားသူများဖက်ကနေ တမင် လှည့်ရေးခဲ့ပါတယ်။ သူ့ရဲ့ယုံကြည်ချက်တွေကို နောက်ဆုံးဖွင့်ပြမယ့်အထိ နားမလည်နိုင်အောင် ရေးဖြစ်ခဲ့တာပါ။

မမွန်ပြောသလို သုံးယောက်စလုံး ဘယ်သူမှ မသက်သာခဲ့ပါဘူး။

မမွန် ဘယ်လိုရေးရေး အားပေးနေမယ်ဆိုတဲ့ reader လေးတွေရဲ့ ကျေးဇူးကို မမေ့ပါဘူး။ တကယ့်ကို ခွန်အားဖြစ်ခဲ့ရပါတယ်။

အားလုံးကိုလည်း တောင်းပန်ပါတယ်။ ၀မ်းနည်းခဲ့ရအောင်လုပ်တဲ့အတွက်ရော ငိုအောင် လုပ်ခဲ့တဲ့အတွက်ပါ တောင်းပန်ပါတယ်။ ပြောမှားဆိုမှားရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးပါ။

ဝမ်းအနည်းဆုံးကတော့ နောက်ပိုင်းတွေမှာ ပြီးချင်ဇောနဲ့ comment တွေကို တစ်ယောက်ချင်းစီ မပြန်နိုင်ခဲ့တာပါ။

Reader တွေဟာ author တွေအတွက် ခွန်အားပါ။ မျှဝေခံစားပေးနေတဲ့ ကျေးဇူးရှင်တွေပါ။ မမွန် ၀တ္တုတွေဖတ်တဲ့ လူငယ်အများစုက ကျောင်းသူကျောင်းသားတွေမို့ မုန့်ဖိုးကုန်ခံပြီး ဖတ်ပေးနေတယ်ဆိုတာ မမွန် ဘယ်တော့မှမမေ့ပါဘူး။

Seme, uke ခွဲကြတဲ့ ကိစ္စလေး မမွန်နားလည်သလောက် ပြောပါရစေ။ manga term အရ yaoi, yuri anime , manga တွေမှာ ဦးဆောင်သူနှင့် နောက်လိုက် ခွဲသလိုမျိုးခွဲကြပါတယ်။ ဒါကို မမွန်နားလည်ပါတယ်။

reader တွေစိတ်ကြိုက် ထင်သလို ကောက်ချက်ချနိုင်ပါတယ်။

ဒါပေမယ့် အပြင်မှာ gay couple တွေ့ရင် ဘယ်သူကယောက်ျားနေရာကနေလဲ ဘယ်သူက မိန်းမနေရာလဲဆိုတာတော့ သွားမမေးကြပါနဲ့နော်။ 😅😅အားနာစရာကောင်းလို့ပါ။

နှစ်ယောက်စလုံးက ယောက်ျားလေးတွေလေ။ 😉

top, bottom နဲ့ versatile သုံးမျိုးမှာ top ဒါမှမဟုတ် bottom အဖြစ်သာ ပုံသေသတ်မှတ်ထားသူများရှိသလို versatile တွေလည်း ရှိပါတယ်။ စစ်တမ်းအရဆိုရင်တော့ gay အများစုဟာ versatile ဖြစ်ကြလို့ပါ။ မဟုတ်ရင် တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်ပြီးမှ T နဲ့ B သဘောတူညီချက်မရလို့ ကွဲသွားရတော့မှာပဲ။ versatile မှာမှ ver top နဲ့ ver bottom ရှိပါတယ်။

role play တွေအားလုံးကို မမွန်ချစ်သလို ကျေးဇူးလည်းတင်ပါတယ်။ အဓိကဇာတ်ဆောင်မဟုတ်ဘဲ fic အပေါ်တွယ်တာတဲ့စိတ်နဲ့ ဇာတ်ရံဇာတ်ဆောင် ဗီလိန်ဇာတ်ဆောင်လုပ်ပေးသူတွေရဲ့ မေတ္တာကိုလည်း လေးစားပါတယ်။ အချင်းချင်း war တွေမှာမပါဖို့ တိုက်တွန်းနေတာ တွေ့ရတော့လည်း ဂုဏ်ယူမိပါတယ်။ ဒေါ်မေချို role play က သတိုးနဲ့ ကိုလေးကို မျက်စောင်းထိုးနေတာ ဖတ်ရတော့ ရယ်လိုက်ရတာ ဗိုက်တောင်နာတယ်။

ဝတ္တု cover အတွက် လက်ဆောင်လာပေးခဲ့တဲ့ ညီမလေး @XxWeird_LilyxX ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။

စကားတွေလည်း ရှည်ကုန်ပြီ။ အားလုံးကိုထပ်ပြီး ကျေးဇူးတင်ပါတယ်။ ပြောခဲ့သမျှမှာ အမှားပါတယ်ဆိုရင်လည်း မမွန်ကိုလာပြောပြပါ။ နားထောင်ပါ့မယ်။

အားလုံးကို လွမ်းနေမှာပါ။

💖💖💖💖💖

အကြင်နာမွန်

ကြယ်တွေကြွေသောညWhere stories live. Discover now