"မင်း အားရင် ငါ့ကို တခြားသီချင်းတွေ ရှာပေးစမ်းပါ..."

"ရှာပေးမယ်လေ... ဘာသီချင်းတွေလဲ"

"Incy winyy spider တို့ rain rain go away တို့..."

ရုပ်တည်နှင့်ပြောလာသော ထက်ဝေယံကိုကြည့်ကာ သတိုး ရယ်မိတော့သည်။

သတိုးနှင့်အတူ ရောပြီး ရယ်နေရာမှ ချက်ချင်းလို မျက်နှာတည်သွားသော ထက်ဝေယံကြောင့် ထက်ဝေယံလှမ်းကြည့်နေရာသို့ သတိုး လှည့်ကြည့်လိုက်သည်။

နေရှင်းခ..

ခပ်လှမ်းလှမ်းမှ သူတို့နှစ်ယောက်ကို စိုက်ကြည့်နေသည့် နေရှင်းခနှင့် ဒေါ်မေချို....

"ငါသွားမယ်..."

ထက်ဝေယံ သတိုးနှုတ်ခမ်းများကြားမှ lollypop ကိုဆွဲယူကာ ချက်ချင်းလိုလို လှည့်ထွက်လာခဲ့သည်။

"ဟာ.. ဟေ့လူ....."

သတိုး လှမ်းတားချင်ပေမယ့် မမီလိုက်။

ခပ်လှမ်းလှမ်းမှာ ရပ်ထားသော ကားပေါ်သို့ ထက်ဝေယံ ၀င်ထိုင်လိုက်သည်။

"မောင်းတော့ ဟေ့ကောင်.."

ကားမောင်းသူနေရာမှ ရဲလေးက ထက်ဝေယံကို တစ်ချက်လှမ်းကြည့်ပြီးမှ ကားစက်နှိုးလိုက်သည်။

ကားနောက်မှန်မှတစ်ဆင့် သတိုး ကားအဖုံးမှ ခုန်ဆင်းကာ နေရှင်းခတို့ရှိရာ လျှောက်သွားကာ ဒေါ်မေချိုလက်ထဲမှ အထုပ်များကို သွားကူဆွဲပေးနေသည်ကို မြင်နေရသည်။ နောက်တစ်ကြိမ် ရဲလေး သူရှိရာသို့ လှည့်ကြည့်လာတော့ ထက်ဝေယံ ဒေါသထွက်လာသည်။ ရဲလေးက သူ့ မန်နေဂျာဆိုလည်းဟုတ်သည်။ သူငယ်ချင်းဆိုလည်းဟုတ်သည်။ ခင်မင်ခဲ့သည်မှာ ကြာခဲ့ပြီမို့ ရဲလေးမျက်လုံးများက တစ်ခုခုပြောချင်နေသည်ဆိုတာကို ထက်ဝေယံ သိသည်။

"ဟေ့ကောင်.. ပြောစရာရှိတာပြော.. နောက်တစ်ခါ ထပ်ကြည့်ရင် မင်းမျက်လုံး အဖောက်ခံရမယ်.."

"အံ့သြလို့ပါ..."

ထက်ဝေယံ နေကာ မျက်မှန်ကို ဆွဲချွတ်လိုက်သည်။ နှုတ်ခမ်းမွှေးတုများကိုလည်း ဆွဲဖယ်လိုက်သည်။

ခပ်ဖျင်းဖျင်း နာကျင်သွားသည်။

"မင်း ပြောတော့ နေရှင်းခ ကို လက်စားချေချင်တယ်ဆို.. အခု အခွင့်ရတုန်း အဲဒီ့ကောင် ခံရခက်သွားအောင် မပြောဘဲ ဘာလို့ ရှောင်လာတာလဲ..."

ကြယ်တွေကြွေသောညWhere stories live. Discover now