"သတိုး..."
ရင်းနှီးသော ခေါ်သံတစ်ခု
သတိုးမျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည်။
လူငယ်တစ်ယောက်။
နှုတ်ခမ်းပေါ်တွင် ချာလီချက်ပလင်လို နှုတ်ခမ်းမွှေးနှင့်ဖြစ်သည်။ လျှာထိုးဦးထုပ်ဆောင်းထားပြီး ကြီးမားသောနေကာမျက်မှန်ကလည်း မျက်နှာတစ်ဝက်ကို ဖုံးနေသည်။
"ဘာလဲကွ.. ငါ့ကိုမမှတ်မိဘူးလား..."
"ကိုလေး..."
သတိုး မျက်လုံးပြူးကာ အံ့သြသွားသည်။
သူ့ရှေ့မှသူမှာ တကယ်ပင် ထက်ဝေယံဖြစ်နေသည်။ သတိုး ပါးစပ်ထဲမှ lollypop ကို ဆွဲထုတ်ပြီးမှ တအံ့တသြနောက်ထပ်မေးရသည်။
"ခင်ဗျားတကယ် ကိုလေးလား..."
ထက်ဝေယံ ကျေနပ်စွာ ရယ်နေသည်။
"ဘယ်ကိုလာတာလဲ..."
"အိမ်ထဲမှာ ဒီလောက်အကြာကြီး နေရတော့ ငါ ၀လာသလိုပဲ.. ဒါနဲ့ Gym လာဆော့တာ.."
ဗိုက်ကြွက်သားများကို ပွတ်ကာ ပြောလာသော ထက်ဝေယံကိုကြည့်ပြီး သတိုး ပြုံးကာ ခေါင်းခါမိသည်။
"မင်းရော ဘယ်လိုထင်လဲ.. ငါ ၀လာလား.."
"ဟုတ်တယ်.. ၀တာမှ မေးနှစ်ထပ်တောင် ဖြစ်တော့မယ်.."
ထက်ဝေယံ မျက်နှာတစ်ခုလုံး မဲ့သွားသည်။
"နေစမ်းပါဦး.. ခင်ဗျား နှုတ်ခမ်းမွှေးတွေက အတုလား.."
"ဟေ့ကောင်လေး.."
သတိုး မနေနိုင်စွာ နှုတ်ခမ်းမွှေးကို သွားဆွဲတော့ ထက်ဝေယံ နောက်တစ်လှမ်းခုန်ဆုတ်သွားသည်။ မမီလိုက်။
သတိုး စိတ်ပျက်လက်ပျက် ရယ်မိသည်။
သူများမမှတ်မိအောင် ရုပ်ဖျက်သည်ဆိုလျှင်လည်း ဒီနှုတ်ခေါင်းမွှေးလိုသည်မဟုတ်။
အခုတော့ ဒီနှာခေါင်းမွှေးကြောင့်ပင် လူအားလုံးက ထက်ဝေယံကို ခေါင်းလည်ပြန်ကြည့်သွားနေသည်ပဲ ဖြစ်သည်။
"ဒီမှာ မင်း ipod ချာတိတ်... "
လက်ထဲမှ lollypop ကို ပါးတစ်ဖက်တွင် ပြန်ငုံရင်း သတိုး ထက်ဝေယံ ကမ်းပေးလာ သူ့ ipod ကို ပြန်ယူလိုက်သည်။
YOU ARE READING
ကြယ်တွေကြွေသောည
Chapter 24
Start from the beginning