သတိုးမျက်မှောင်ကုတ်ထားသည်မှာ အနည်းငယ်ဖြေလျော့သွားသည်။ သူ့လည်ပင်းကို ဖက်ညှစ်ထားသော သတိုးလက်ကို ခပ်ဖြည်းဖြည်းပုတ်လိုက်သည်။

"သတိုးရာ.. မင်း လိမ္မာပါတယ်.. ဆရာကို သေကြောင်းမကြံချင်စမ်းပါနဲ့..."

သတိုး လက်များကို ဖြေလျော့ကာ ကျောမှတွန်းထုတ်လိုက်သည်။

ကံကောင်း၍သာ ရှေ့မှနံရံနှင့် နေရှင်းခ ခေါင်းမဆောင့်မိခြင်းဖြစ်သည်။ နေရှင်းခ လည်ပင်းကိုပွတ်ပြီး သတိုးရှိရာ အပြုံးနှင့် ပြန်လှည့်ကြည့်လိုက်သည်။

"မင်း ဘယ်အချိန်ကတည်းက ဒီလောက်တောင် အားတွေရှိကုန်တာလဲ.."

"မင်း သတိထားနေ ရှင်းခ..."

သတိုး လက်ညှိုးဖြင့် သူ့နဖူးကို ထိမိသည်အထိ ထိုးရင်း အံကြိတ်ပြောလာသည်။

ထို့နောက်မှ စာကြည့်စာပွဲတွင် ၀င်ထိုင်ကာ ကွန်ပျူတာခလုတ်ကို နှိပ်ဖွင့်ပြီး နားကြပ်ကို နားမှာအုပ်လိုက်သည်။

"လျှာနဲ့သွားဆိုတာ ဒါပဲဖြစ်မယ်.."

နေရှင်းခ နာသွားသော လည်ပင်းကို ခပ်ဖွဖွပွတ်ကာ ရယ်ကျဲကျဲ တစ်ယောက်တည်း ပြောမိသည်။

သတိုးမကြားလောက်ဘူးထင်၍ တမင်စကာမှ ကြားဖြစ်အောင်ကြားကာ ၀ုန်းခနဲ နောက်လှည့်ကြည့်လာသည်။

"ဘာမှမပြောဘူး... ငါ ဘာမှပြောတာမဟုတ်ဘူး.."

ဒီတစ်ခါတော့ သတိုးကို သူ ရင်မဆိုင်တော့။ တစ်ခါတည်း ရေချိုးခန်းထဲပြေးဝင်ကာ ချက်ချလိုက်ရသည်။ နေရှင်းခ ရေချိုးအ၀တ်အစားလဲပြီးချိန်အထိ သတိုး ကွန်ပျူတာရှေ့မှ မထသေး။

ရေစိုနေသော မျက်နှာကို မျက်နှာသုတ်ပုဝါဖြင့် သုတ်ရင်းလှမ်း မေးလိုက်သည်။

"သတိုး.. မအိပ်သေးဘူးလား.. ဒါမှမဟုတ် ငါ့ကိုစောင့်နေတာလား..."

သတိုး နားမှ နားကြပ်ကိုဖြုတ်ကာ ပခုံးမှာ ချိတ်လိုက်သည်။

"ရှင်းခ.. မင်း မျက်နှာပြောင်မနေနဲ့.. ပြန်ရမယ့်ရက်နီးနေပြီ.. ပစ္စည်းတွေသိမ်းဖို့ကောင်းပြီ..."

ကြယ်တွေကြွေသောညWhere stories live. Discover now