အခန်း ၁၁၂။ ။ အိမ်တော်တည်ဆောက်ခြင်း

76 3 0
                                    

လယ်တောဆီမှလုပ်ကြံသတ်ဖြတ်သူ


အခန်း ၁၁၂။ ။ အိမ်တော်တည်ဆောက်ခြင်း


ဤနှစ် နှစ်သစ်ကူးအကြိုနေ့တွင် လင်းစစ်ယောင် ပြန်ရောက်မလာခဲ့ပေ။ ၎င်းကို စုရွှေလျန် ကြိုသိထားပြီးသားဖြစ်သည်။

သို့သော် နွေဦးရာသီကုန်အထိ သူ့အကြောင်း သတင်းမကြားခဲ့ရသောကြောင့် စုရွှေလျန်သည် မကျေမနပ်ဖြစ်နေခဲ့သည်။

"မင်းရဲ့သခင်ကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ သိလား" စုရွှေလျန်က အမြွှာနှစ်ယောက်နှင့် ရယ်မောကစားနေသော စစ်ထူယွင် ကို မေးလိုက်သည်။

စစ်ထူယွင် နားလည်နိုင်သည်ဟု သူမယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် "ကွမ်းချီမျှော်စင်" ၏သူလျှိုသည် တိုင်းပြည်အနှံ့လျှောက်သွားရသည်ဟုဆိုသည်။

စစ်ထူယွင် ရပ်လိုက်ပြီး ဖြည်းညှင်းစွာပြောသည်- "လွန်ခဲ့တဲ့ငါးရက်က ဆရာဦးလေးစစ်လော့ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်၊ သူတို့မကြာခင်ပြန်လာဖို့မလွယ်ဘူးတဲ့။" သူ အမှန်မပြောရသည့် အကြောင်းအရင်းတဝက်​မှာ ဆရာဦးလေးစစ်လော့သည် သွေးဂိုဏ်းကြောင့် တိုက်ခိုက်ခံခဲ့ရသည်။ သူသည် သွေးဂိုဏ်းကို မရှင်းလင်းမီ အိမ်ပြန်ရန် မဝံ့ရဲခဲ့ပါ။ ထိုလူများသည် သူ့လမ်းစဉ်အတိုင်းလိုက်လာကာ သူ့ခယ်မနှင့် သူ၏တူ ၊ တူမများကို နာကျင်စေမည်ကို စိုးရိမ်ခဲ့သည်။

ထို့ကြောင့် စုရွှေလျန် မမေးမီ သူမသိဟန်ဆောင်၍ လိမ်ညာခြင်းထက် လျှို့ဝှက်ထားခြင်းသည် ပိုကောင်းပါသည်။

စုရွှေလျန် ခေါင်းညိတ်လိုက်သည်။ သူ့စာများရှိနေသရွေ့ သူမ ကျေးဇူးတင်မိသည်။ ထိခိုက်ဒဏ်ရာရသူမှာ စစ်လော့ ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူမ အလွန်စိတ်သက်သာရာရသွားခဲ့သည်။

သူမသည် တစ်ကိုယ်ကောင်းဆန်လွန်းနေသလား? လင်းရှောင်၏ သေးငယ်ထွားကျိုင်းသောလက်များကို ဆုပ်ကိုင်ရင်း သူမကိုယ်သူမ ဆင်ခြင်မိသည်။

"သခင်မလေး အလုပ်သမားတွေ ရောက်လာပါပြီ။ သူတို့ကို ဝါးဥယျာဉ်ခန်းမမှာ စောင့်ခိုင်းထားတယ်။" လျန်မော့မော့ ဝင်လာပြီး သတင်းပို့ခဲ့သည်။ ဟုတ်ပါသည်၊ နွေဦးပွဲတော်ပြီးနောက် အိမ်တော်ကို ပြန်ဆောက်ရန် အချိန်ကျပြီဖြစ်သည်။ အားယောင် (လင်းစစ်ယောင်) သည် သူမကို စိုးရိမ်စိတ်ဝင်ပြီး တခြားအရာများကို မလုပ်နိုင်တော့အောင်ဖြစ်စေသည်။

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now