မွေးနေ့ပွဲကျင်းပခြင်း

592 65 1
                                    

[Unicode]
လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ
အပိုင်း ၅၃။ ။ မွေးနေ့ပွဲကျင်းပခြင်း

ဆယ်လမြောက် ဆယ်ရက်နေ့သည် တိမ်ကင်းစင်သောနေ့ဖြစ်၏။

ယနေ့သည် လင်းစစ်ယောင်၏ မွေးနေ့ဖြစ်ပြီး ဆောင်းဦးမိုးအုံ့မှိုင်းသော ရက်အတော်ကြာပြီးနောက် ပထမဆုံးနေသာသောနေ့လည်းဖြစ်သည်။ စုရွှေလျန် အိပ်ရာနိုးလာချိန်တွင် အတော်လေးအံ့ဩသွားသည်။
"(မင်း)ပျော်လား" လင်းစစ်ယောင်ပြောပြီး သူမကို နောက်ကနေ ပွေ့ဖက်လိုက်သည်။ အနားသို့တိုးဝှေ့ပူးကပ်ပြီး မေးစေ့ကို သူမ၏ချောမွတ်သော ကျောပေါ် တင်လိုက်သည်။
"ဒါပေါ့ ၊ ဒီနေ့က ရှင့်ရဲ့မွေးနေ့မို့ မနေ့က ကျွန်မဆုတောင်းခဲ့တယ်၊ အခု နေသာတဲ့နေ့လေး တကယ်ဖြစ်လာပြီ" သူ့လုပ်ရပ်ကြောင့် စုရွှေလျန် တခစ်ခစ်မရယ်ဘဲမ‌‌နေနိုင်တော့ချေ။
" ကိုယ့်မွေးနေ့ဆိုတော့ရော ဘာလုပ်ရမှာလဲ"သူ မကျေနပ်သည့် မျက်နှာဖြင့် ပြောလိုက်သည်။
သူမှတ်မိနိုင်သမျှကတော့ သူအမြဲတမ်း မိဘမဲ့တစ်‌ယောက်ဖြစ်ခဲ့ခြင်းပင်။ သူ့ကို ရှောင်ယောင်လို့ သိကြပြီး သေးငယ်တဲ့ ဘုရားကျောင်းဖြစ်တဲ့ ယွင်လော့ဘုရားကျောင်းမှာ ရှစ်နှစ်ကြာ နေထိုင်ခဲ့သည်။ မှီခိုနေရသော ဆရာတော်ကြီး ကွယ်လွန်ပြီးနောက် ကျောင်းတော်အား ပိတ်ကာ တောင်ပေါ်မှ ဆင်းလာခဲ့သည်။ ယခင်က ဆရာတော်ကြီးနှင့် အကြိမ်အနည်းငယ် သွားဖူးသော်လည်း ထိုနေရာတွင် အနည်းငယ်ပို၍ စည်ကားပြီး ပစ္စည်းပိုရှိမည်ဟု အမြဲတွေးခဲ့မိပြီး နေထိုင်ရန် မည်မျှ ခက်ခဲမည်ကို မသိခဲ့ပေ။ သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ရိုက်နှက်ခြင်းခံခဲ့ရပြီး အလုပ်ရှင်တွေရဲ့ ဆူပူကြိမ်းမောင်းခြင်းခံခဲ့ရသည်။ သူလိမ်ခဲ့ဖူးသည်၊ ခိုးခဲ့ဖူးသည်၊ တောင်းပင်တောင်းခဲ့ဖူးသည်။၎င်းဖြစ်ရပ်များသည် သူ ကန်းမင်မြို့သို့ အတင်းအကြပ် ရွှေ့ပြောင်းခံရပြီး လက်ဖက်ရည်ဆိုင်တွင် အရေးမပါသော စားပွဲထိုးဖြစ်မလာခင်အထိ ဆက်လက်ဖြစ်ခဲ့၏။ သူ့အသက် ဆယ်နှစ်ရောက်သည့်တိုင်အောင် သူ့ဘဝက ဒီလိုမျိုး ဆက်ရှိနေဦးမည်ဟု သူတွေးခဲ့မိသည်။
သူ့ကံကြမ္မာကို တာဝန်ယူတဲ့လူက(ကံတရားက) သူ့ကို လှည့်စားနေတာ ဘယ်သူသိမှာလဲ?
တစ်နှစ်အကြာတွင် သူ၏လုပ်ငန်းလက်စသတ်ပြီးနောက် ဖောက်သည်တစ်ဦးအား ၎င်း၏ပိုက်ဆံအိတ်ကို ပြန်လည်ရရှိရန် ကူညီပေးခဲ့သည်။ ထို့နောက် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်း သုံးခုအနက်မှ အမှုဆောင်တစ်ဦးဖြစ်သူ ဖုန်းယောင် တရားရုံး၏ သခင်သည် သူ၏စည်းကမ်းလိုက်နာပုံ(ဥပဒေကို လိုက်နာပုံ)ကို တွေ့ရှိခဲ့သည်။ သခင်က သူ့ကို ချက်ချင်းခေါ်သွားပြီး ရွှမ်းဝူတောင်သို့ စေလွှတ်ကာ တာအိုဝိဉာဏ်ဆရာ(ဉာဏ်အလင်းရသူဟုခေါ်ဆိုနိုင်သူ)တစ်ဦးထံ တပည့်ခံစေခဲ့သည်။ သုံးနှစ်ကြာပြီးနောက်၊ သူသည် ရှောင်ယောင် မဟုတ်တော့ဘဲ 'စစ်လင်'ဖြစ်လာခဲ့၏။ 'စစ်' သည် ဖုန်းယောင် တရားရုံးရှိ လုပ်ကြံသတ်ဖြတ်သူတိုင်းအတွက် ယေဘုယျအမည်ဖြစ်ပြီး ‘လင်’ သည် ခေါင်းဆောင်ဟု အဓိပ္ပာယ်ရသည်။
လူသတ်သမား ‘စစ်လင်' အနေဖြင့် ခြောက်နှစ်တာကာလအတွင်း အမည်မသိ အပျံသင်စ ငှက်ငယ်အဖြစ်မှ ကျန်းဟူ၏ ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူတစ်ဦးအထိဖြစ်လာခဲ့သည်။ သူသည် ဖုန်းယောင် တရားရုံး၏ နံပါတ်တစ် "အသတ်အဖြတ်နတ်ဘုရား" ဖြစ်လာခဲ့သည်။ ဒါကြောင့်လည်း သူ့ဘဝရဲ့ ကျန်ရှိနေသေးတဲ့ ဘဝကို ဒီလိုမျိုးဖြတ်သန်းဖို့ တွေးမိခဲ့ခြင်းဖြစ်၏။
ဆယ်လမြောက်၏ ဆယ်ရက်နေ့သည် ဆရာတော် ပြောခဲ့သော သူ၏မွေးနေ့ဖြစ်သည်။သို့သော် အမှန်တရားကို မည်သူသိသနည်း?
သို့သော် ထိုနေ့ဆိုလျှင် ဆရာတော်က သူ့မွေးနေ့အတွက် ကြက်ဥခေါက်ဆွဲတစ်ပန်းကန် အမြဲချက်ပြုတ်ပေးသည်။ နောက်ပိုင်းတွင် သူသည် ဖုန်းယောင် တရားရုံးသို့ ရောက်သောအခါ သူ့တာဝန်များ ပြီးမြောက်သရွေ့ မီးဖိုချောင်မှ သူ့အား သက်ရှည်ခေါက်ဆွဲတစ်ပန်းကန် ပို့ပေးသည်။ နှစ်စဉ်နှစ်တိုင်း ထိုအရာသည် မပြောင်းလဲခဲ့ပေ။ ဤအရာသည် သခင်ကြီး၏ ကြင်နာခြင်းဖြစ်သည်ကို သူသိ၏။
ယခင် ဖုန်းယောင် တရားရုံး၏ပိုင်ရှင် မကွယ်လွန်ခင် တစ်နှစ်ခွဲအထိ ဤအရာသည် (မွေးနေ့ခေါက်ဆွဲ ပို့ပေးခြင်း)ဆက်လက်ဖြစ်နေခဲ့သည်။ ယခင်သခင်တွင် တစ်ဦးတည်းသောသား ဖုန်းချင်းယာတစ်ယောက်သာ ရှိသောကြောင့် အမွေဆက်ခံခြင်းလုပ်ငန်းစဉ်သည် ရိုးရှင်းပါသည်။ သို့သော် သူသည် ယခင်သခင်နှင့် မယှဉ်နိုင်ပေ။ သခင်အသစ်သည် အရည်အချင်းရှိသော စစ်လင်တစ်ယောက် သူအသစ်ရရှိထားသောရာထူးအား ခိုးယူမည်ကို စိုးရိမ်နေ၏။
ထို့ကြောင့် သူ့ရာထူးအသစ်ကိုအသုံးပြုကာ ဖုန်းချင်းယာက သူ့(စစ်လင်)အား စကားစမြည်လာပြောရန် အမိန့်ပေးလိုက်သည်။
သူ့ဘဝကိုအဆုံးသတ်ဖို့ ရည်ရွယ်ထားတဲ့ ဝိုင်သုံးခွက်။
သူရယ် သူ့သူငယ်ချင်းတွေနဲ့ အမြဲလိုလို အတူတူ လေ့ကျင့်ခဲ့ဖူးတဲ့ ဖုန်းချင်းယာဟာ အနံ့မရှိ၊အရသာမရှိတဲ့အဆိပ်နဲ့ သူ့ကို အဆိပ်ခတ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ဖူးပေ။ ထိုအထဲမှ တစ်ခုမှာ အရိုးပျော့မှုန့်ဖြစ်ပြီး စားသုံးပြီး မိနစ်သုံးဆယ်အတွင်း လုံးဝအားနည်းသွားမည် ဖြစ်၏။ ကျန်တစ်မျိုးမှာ ချိုးနီရောင်အဆိပ်ဖြစ်ပြီး နှလုံးကို ဦးတည်သည့် အဆိပ်ငွေ့ဖြစ်သည်။ ဤအရာများကို ဖုန်းယောင် တရားရုံး၏ ထိပ်တန်းအဆိပ်ဟု ယူဆထားကြ၏။
စစ်လင်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို တွေ့ရှိသောအခါ အဆိပ်နှစ်ခုစလုံးသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေပြီဖြစ်သောကြောင့် နောက်ကျသွားလေပြီ။ သူ၏ ချီသွေးကြောအား မြန်မြန်ဆန်ဆန် ပိတ်လိုက်ပြီး နေကောင်းဟန်ဆောင်လိုက်သည်။ အခန်းထဲက ထွက်ပြီးတာနဲ့ အဆိပ်အနည်းငယ်ကို ထုတ်ပြီး ဖုန်းယောင် တရားရုံးကနေ ထွက်ပြေးလာ၏။ ဖုန်းချင်းယာသည် သူ့ကို အလိုရှိသော ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ရန် အချိန်အကြာကြီးပြင်ဆင်နေခဲ့ပြီး ဖုန်းယောင် တရားရုံး၏ လုပ်ကြံသတ်ဖြတ်သူအားလုံးကို သူ့အား ခြွင်းချက်မရှိ သတ်ပစ်ရန် အမိန့်ပေးခဲ့သည်။ အကြောင်းပြချက်ကတော့ သခင်ဟောင်းအားလက်စားချေခြင်းကြောင့်ဖြစ်သည်ဟု ဆိုခဲ့၏။
ယခုလည်း လုပ်ကြံသတ်ဖြတ်သူ 'စစ်လင်' ကွယ်လွန်သွားပြီဟု ကြေညာထားသည်။ စစ်လင်က ယခု လင်းစစ်ယောင်ပင်ဖြစ်၏။ ဖုန်းယောင် တရားရုံးနှင့် ပတ်သက်မှုမရှိသော သာမန်လယ်သမားတစ်ဦးသာဖြစ်သည်။
ကံကြမ္မာက အလွန်အမင်းထူးခြားတဲ့အရာပဲ မဟုတ်လား? လင်းစစ်ယောင်သည် ဤအချက်ကို တွေးတောရင်း အသည်းအသန် ခေါင်းခါလိုက်သည်။
တစ်နှစ်တာကာလအတွင်း၊ ဖုန်းယောင် တရားရုံး၏ အမြင့်ဆုံးဝင်ငွေရလွယ်ကူသောသူတစ်ယောက်မှ သစ္စာဖောက်အဖြစ် တံဆိပ်ကပ်ခံရခြင်း၊ ယခင်ပိုင်ရှင်အားသတ်ခဲ့သောလူသတ်သမားအဖြစ် တံဆိပ်ကပ်ခံရခြင်းအထိပင်။ အရင်သခင်ကို ကျေးဇူးဆပ်ကြွေးတင်ခဲ့တဲ့အတွက် ဒီကိစ္စကို လွှတ်ထားလိုက်သည်။ သို့သော် နောက်တစ်ကြိမ် ဆိုတာ လုံးဝရှိလာမည်မဟုတ်ပေ။(တစ်ခါပဲ ရမည်၊ နှစ်ခါမရဘူးဟု ဆိုလိုခြင်းဖြစ်၏)
….
"အားယောင်၊ တပေါင်ကို ကျွန်မတို့နဲ့အတူ ခေါ်မသွားဘူးဆိုတာတကယ်လား" စုရွှေလျန်သည် ဝံပုလွေ ခွေးပေါက်လေးနှစ်ကောင်နှင့် ထျန်းတပေါင်ကို လည်ပြန်ကြည့်ရင်း ဝမ်းနည်းစွာ မေးလိုက်သည်။
"ကိုယ့်မွေးနေ့ကို ဂုဏ်ပြုချင်တယ်လို့ မင်းပဲပြောခဲ့တာမဟုတ်ဘူးလား" လင်းစစ်ယောင် အနည်းငယ်မျက်မှောင်ကြုတ်သွား၏။
"ဟုတ်တယ်လေ၊ ရှီချွေ့က ဝူချင်စားသောက်ဆိုင်ရဲ့ သက်ရှည်ခေါက်ဆွဲဟာ အရသာကြောင့် နာမည်ကြီးတယ်လို့ပြောခဲ့တယ်" စုရွှေလျန် ခေါင်းလေးညိတ်လိုက်သည်။
တကယ်တော့ သက်ရှည်ခေါက်ဆွဲကို သူမကိုယ်တိုင် လုပ်ချင်တာဖြစ်၏။ လင်းစစ်ယောင်သည် တောထဲတွင် ထျန်းတပေါင်ကိုလေ့ကျင့်ပေးနေစဉ် စုရွှေလျန်က ၎င်းတို့ကို ဖန်တီးရန် ကြိုးစားခဲ့သည်။ သူမသည် သူ့ကို အံ့အားသင့်သွားစေချင်ခဲ့သည်။ သို့သော် သူ့အတွက် အံ့အားသင့်စရာ ဂျုံခေါက်ဆွဲသည် ရေရောထားသော မုန့်နှစ်ကဲ့သို့ ဖြစ်သွားခြင်းဖြင့် အဆုံးသတ်သွား၏။ သူမသည် အရှုံးမပေးချင်သောကြောင့် အစမှပြန်စရန် ဆုံးဖြတ်ခဲ့သော်လည်း မကြာမီတွင် အိမ်၌ကျန်ရှိသောဂျုံမှုန့်အားလုံးကို အသုံးပြုပြီးသွားပြီဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ဟင့် ခုတော့ သက်ရှည်ခေါက်ဆွဲ ချက်ဖို့ မဖြစ်နိုင်တော့ဘူး… ။ သူမသည် လူတိုင်း၏ မနက်စာအတွက် ဂျုံယာဂုအများကြီးကိုသာ လုပ်နိုင်တော့မည်ဖြစ်၏။ သူတို့စားနေစဉ်တွင် ဝံပုလွေတွေရဲ့ မျက်လုံးတွေက သူတို့ရဲ့သခင်အတွက် သနားခြင်းကို ပြသနေကြလေသည်။ ဝူးဝူးဝူး, သခင်မရေ, သခင်မ မချက်ပြုတ်တတ်တာကိုက အံအားသင့်စရာတစ်ခုဖြစ်နေပါပြီ။
သို့သော်လည်း စုရွှေလျန်သည် သူ၏မွေးနေ့ဖြစ်တာကြောင့် ဂျုံမှုန့်များများဝယ်ရန် သူနှင့်အတူ မြို့သို့သွားရန် မရမကတောင်းဆိုခဲ့သည်။ ရှီချွေ့ ဆက်တိုက်ပြောနေခဲ့သော "ဝူချင်စားသောက်ဆိုင်" သို့ သွားရောက်လည်ပတ်ပြီး လင်းစစ်ယောင် ၏မွေးနေ့ကိုပါကျင်းပရန်ဆုံးဖြတ်ခဲ့သည်။
"ဒါဆို အဲဒါပဲလေ။ ဘာပြဿနာရှိလို့လဲ" လင်းစစ်ယောင် သူမကို မေးခွန်းထုတ်တဲ့အကြည့်ဖြင့် ကြည့်လိုက်၏။ ကလေးတွေခေါ်လာခြင်း(ဝုံလွေလေးများနှင့် တပေါင်)က နှောင့်ယှက်မယ့်အရာဆိုတာကို သူမ မသိဘူးလား? အစာကျွေးဖို့ နောက်ထပ် ပါးစပ်တစ်ပေါက်၊ တစ်လျှောက်လုံးခေါ်သွားဖို့ နောက်ခြေထောက်တစ်စုံသာပိုလာပေလိမ့်မည်။ အရေးအကြီးဆုံးကတော့ သူပိုပြီး အတွင်းရေးကျတဲ့ကြိုးပမ်းမှုတွေ လုပ်ချင်တယ်ဆိုရင် နောက်ထပ် စောင့်ကြည့်နေတဲ့ မျက်လုံးတစ်စုံ ရှိလာလိမ့်မည်။ အတိုချုပ်ပြောရလျှင် လင်းစစ်ယောင်သည် တပည့်တစ်ဦးကြောင့်နဲ့ ချိန်းတွေ့ခြင်းကို ဘယ်တော့မှ အနှောင့်အယှက်ဖြစ်ခံလိမ့်မည်မဟုတ်ချေ။ ဒီတပည့်ကို လက်ခံပြီးနောက် အကြိမ်အနည်းငယ် စိတ်တိုခဲ့ဖူးသည်။ သူအကြိမ်တိုင်း စိတ်တိုရတာကတော့ သေချာပေါက် ကြင်နာစရာကောင်းတဲ့အချိန်တွေမှာ သူ့ရဲ့ရှက်လွန်းလှတဲ့ ဇနီးသည်လေးနဲ့ ရှိနေရတဲ့အချိန်တွေပဲပေါ့။ (တပေါင်ကဝင်ဝင် နှောင့်ယှက်တာကြောင့်ပါ)
စုရွှေလျန်သည် ထျန်းတပေါင်ဘက်သို့ တုံ့ဆိုင်းစွာ ပြန်လှည့်ကာ “လိမ္မာတဲ့တပေါင်ရေ၊ အခု အိမ်ပြန်တော့နော်၊ ရှစ်နျန်က မင်းအတွက် အရသာရှိတဲ့ အစားအစာတွေကျိန်းသေပေါက် ပြန်ယူလာပေးပါ့မယ်”
ဒါကိုကြားတဲ့အခါ လင်းစစ်ယောင် ရယ်မောပြီး စုရွှေလျန်ကို ကြည့်လိုက်သည်။ သူမက ထျန်းတပေါင်ထက် သုံးနှစ်ပဲ ပိုကြီးပေမယ့် စကားပြောနေပုံက တူလေးတစ်ယောက်ကိုပြောနေသလိုပဲ။
အကယ်၍ ထျန်းတပေါင်သည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်းမရှိပါက သူ့ကို တပည့်အဖြစ် ဘယ်တော့မှ လက်ခံမည်မဟုတ်‌‌ပေ။ အသက် ဆယ့်နှစ်နှစ်အရွယ် တပည့်တစ်ဦးနှင့် ဆယ့်ငါးနှစ်အရွယ် ရှစ်နျန်၊ သူစိတ်မချနိုင်ပါပေ။ စုရွှေလျန်ကို မယုံသောကြောင့် မဟုတ်ဘဲ အရွယ်ရောက်လူကြီးတစ်ယောက်နီးပါးဖြစ်နေသော ထျန်းတပေါင်ကို မယုံသောကြောင့်ဖြစ်သည်။
“မြဲမြဲကိုင်ထား” ဘေးမှာဘယ်သူမှမရှိတာသေချာအောင်လုပ်ပြီးတော့မှ လင်းစစ်ယောင် က သူ့လက်ကို စုရွှေလျန် ခါးမှာပတ်ပြီး သူမလက်များကို သူ့လည်ပင်းအားဖက်စေရင်း သူ့ရင်ဘတ်အနီးအားဆွဲယူလိုက်သည်။ "သိမ်မွေ့နက်နက်သော ခြေလှမ်းတစ်ထောင်"ကို အသုံးပြု၍ အနည်းငယ်ခုန်ပြီးနောက် သူသည် ထျန်းတပေါင် ၏မြင်ကွင်းမှ ကွယ်ပျောက်သွားခဲ့သည်။
"ဝိုး၊ ရှစ်ဖူ အရမ်းမိုက်တယ်" ထျန်းတပေါင်သည် စိတ်မဆိုးတော့ဘဲ သူ့ခံစားချက်များသည် လင်းစစ်ယောင်၏ ကိုယ်ဖော့ပညာအပေါ် အလှည့်အပြောင်းဖြစ်သွားသည်။ မဟုတ်ဘူး၊ စိတ်မကောင်းဖြစ်မနေနဲ့တော့! ငါ လေ့ကျင့်ဖို့ ပြန်ရမယ်! ထျန်းတပေါင် သည် နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး လက်သီးများကို တင်းတင်းဆုပ်ကာ အိမ်ရှေ့တံခါးကို စောင့်နေသော ရှောင်ချွမ်နှင့် ရှောင်ရွှယ်တို့ကို လှည့်ကြည့်ပြီး လက်ဝှေ့ယမ်းကာ "နှစ်ကောင်ထဲက ဘယ်ကောင် ငါနဲ့ လေ့ကျင့်ချင်လဲ" ဆရာရဲ့ အမိန့် : ဘာပဲဖြစ်ဖြစ် အိမ်ကြီးကို ခွေးကြီး(ဝံပုလွေကြီး)တစ်ကောင်က အမြဲစောင့်ကြပ်နေရမယ်။
ဝံပုလွေခွေးလေးနှစ်ကောင်သည် သူ့ကိုနားလည်သကဲ့သို့ သူတို့အချင်းချင်းတစ်ချက်ကြည့်လိုက်ကြပြီး အနည်းငယ်ပိုသေးသော Xiao Xiu က ရှေ့သို့လှမ်းလာသည်။ ရှောင်ချွမ်က သူတို့နဲ့ ဒီမနက် အပြင်ထွက်ပြီးတာကြောင့် အခုအိမ်စောင့်ရမှာ သူမအလှည့်ဖြစ်ပုံပင်။ ရှောင်ရွှယ်က တွန့်ဆုတ်နေပေမယ့် တောထဲကိုသွားခြင်းသည် ပိုအရသာရှိတဲ့ အသားတွေ ရလာမည့်အဓိပ္ပာယ်ဖြစ်‌တာကြောင့် သူမညည်းခံလိုက်သည်။
ချက်ချင်းပင် ကလေးတစ်ယောက်နှင့် ဝံပုလွေတစ်ကောင်သည် တရှီတောင်အောက်ရှိ အကွေ့အကောက်များသော လမ်းကြောင်းအတိုင်း လျင်မြန်စွာ ဦးတည်လိုက်ကြပြီး တဖြည်းဖြည်း အစက်လေးများ ဖြစ်လာခဲ့သည်။
( တဖြည်းဖြည်းဝေးဝေးသွားလို့ ပုံရိပ်သေးသေးလေးပဲ ကျန်တော့တာကို ပြောချင်တာပါ)
အိမ်စောင့်ကြပ်ဖို့ကျန်ခဲ့တဲ့ ရှောင်ချွမ်က သူတို့ဆီမှ မျက်နှာလွှဲလိုက်ပြီး ခေါင်းငုံ့သွား၏။ ဆောင်းဦးနှောင်းပိုင်း၏ ရှားရှားပါးပါး ပူနွေးသော နေရောင်ခြည်အောက်တွင် တစ်ရေးတစ်မော အိပ်ရန် သူတို့ အိမ်တံခါးဝတွင် လှဲလိုက်၏။
…..
"အားယောင် သက်ရှည်ခေါက်ဆွဲကလွဲလို့ တခြား စမ်းစားကြည့်ချင်တာရှိသေးလား" ဝူချင်စားသောက်ဆိုင်၏ ဒုတိယထပ်ရှိ သီးသန့်ခန်းတွင် ထိုင်ရင်း စုရွှေလျန်သည် စားသောက်စရာစာရင်းထူထူကို ကိုင်ဆောင်ကာ လင်းစစ်ယောင် အား ဝမ်းသာအားရ မေးလိုက်သည်။
"မင်းစားချင်တဲ့ ဘာမဆို မှာလိုက်လေ" လင်းစစ်ယောင်သည် သူ့ခွက်ထဲသို့မထည့်မီ စားပွဲထိုးယူလာပေးသော စုရွှေလျန်၏ ခွက်ထဲသို့ လက်ဖက်ရည်ပူပူကို ငှဲ့ပေးလိုက်၏။
သူသည် ဘယ်သောအခါမှ ဇီဇာမကြောင်ခဲ့ပေ။ ယခင်က လုပ်ကြံသတ်ဖြတ်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းကြောင့် မဟုတ်ဘဲ ယွင်လော့ဘုရားကျောင်းတွင် ရှစ်နှစ်ကြာ နေထိုင်ခဲ့ရသည့်အပြင် သူ့ဘာသာသူ တစ်ယောက်တည်း ရပ်တည်နေခဲ့ရသည့် နှစ်နှစ်တာကြောင့်ပင်ဖြစ်သည်။ သူ့ကိုဗိုက်ပြည့်အောင်လုပ်ပေးနေသရွေ့ သူစားနေသောအရာသည် ဘာပဲဖြစ်နေနေ အရေးမကြီးချေ။
လုပ်ကြံသတ်ဖြတ်သူအဖြစ် ကိုးနှစ်တာကာလက သူ့ကို ရွှေငွေအမြောက်အမြား စုဆောင်းနိုင်စေခဲ့ပြီး ဒီမြို့တစ်ခုလုံးကို ဝယ်ဖို့တောင် လုံလောက်၏။ သို့သော်၊ ဤငွေထဲမှတချို့တဝက်ကို ယွင်လော့ဘုရားကျောင်း ပြုပြင်ထိန်းသိမ်းရန်အတွက် တောင်ပေါ်သို့ ပို့ပေးခဲ့သည်။ လုပ်ကြံသတ်ဖြတ်သူအဖြစ်မှ အနားယူပြီးလျှင် အသုံးပြုရန်အတွက် ကျန်ငွေကို လျှို့ဝှက်နေရာတွင် ဝှက်ထား၏။ သို့သော် ထိုနေရာသည် ဖုန်းယောင် တရားရုံး၏ နယ်နိမိတ်အနီးတွင် ရှိနေသည်။ ထို့ကြောင့် သူသည် အခု အဲဒီငွေတွေကို ပြန်မရနိုင်သလို ပြန်လည်းမလိုချင်တော့ပေ။
“ဒါပေမယ့် ဒီနေ့က ရှင့်မွေးနေ့လေ…” စုရွှေလျန်သည် တိတ်တဆိတ် ရေရွတ်ရင်း လက်တစ်ဖက်က အစားအသောက်စာရင်းကို လှန်ကြည့်နေရင်း လက်တစ်ဖက်ကမူ မေးစေ့ပေါ်တင်ထား၏။
"မင်းကြိုက်တာမှန်သမျှ ကိုယ်လည်းကြိုက်တယ်" ဒီစကားအား လင်းစစ်ယောင် သူမကို မပြောခင် ခဏလောက်တွေးဆနေခဲ့သည်။ သူပြောလိုက်မိတာကို သတိရတော့ နည်းနည်းရှက်သွားသည်။ ချက်ချင်းဆိုသလိုပင် သူ၏ချီကို အသုံးပြုကာ သူ့နားအထိကူးစက်လာသော ရှက်ရွံ့မှုကို ဖယ်ထုတ်လိုက်သည်။ ဟမ်၊ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်က ဘယ်အချိန်ကတည်းက အီစီကလီစကားပြောတွေကို သင်လိုက်တာလဲ? လွယ်ကူလွန်းမနေဘူးလား?
စုရွှေလျန် ထိုစကားကိုကြားသောအခါ ပါးနှစ်ဖက်လုံး နီမြန်းလာပြီး၊ အချိုဓာတ်တစ်ခုခုကို စားသုံးလိုက်သကဲ့သို့ သူမ၏နှလုံးသားသည်လည်း တလှပ်လှပ်ခုန်လာခဲ့သည်။
ဒီအချိန်မှာပဲ ဝူချင်စားသောက်ဆိုင်ရဲ့ စားပွဲထိုးက အော်ဒါလက်ခံဖို့ တံခါးကိုလာခေါက်လေသည်။
"ရှင်တို့ရဲ့ နာမည်ကြီးကိုယ်ပိုင်ဟင်းလျာတွေနဲ့ သက်ရှည်ခေါက်ဆွဲတစ်ပန်းကန်ကိုလည်း ယူမယ်" စုရွှေလျန်သည် မီနူးကို အကြိမ်များစွာ ဖတ်ပြီး နောက်ဆုံးတွင် စားသောက်ဆိုင်၏ နာမည်ကြီးသောဟင်းလျာများကို မှာယူရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ဟင်းလျာခြောက်မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်- Scallion *နှင့် ကြွပ်ရွနေအောင်ကင်ထားသော ဘဲကင်၊ ကြက်သားအစာသွပ်၊ငါးပေါင်း၊Walnut Shrimp* ၊သခွားသီးကြော်နှင့်‌and Jasper ဟင်းချို (Jasper Soup )။
(Scallion =ကြက်သွန်မြိတ် ။ Walnut Shrimp ဆိုတာက Walnut =သစ်ကြားသီး Shrimp =ပုစွန် ၊ပုစွန်နဲ့ သစ်ကြားသီးနဲ့ ချက်(ကြော်)ထားတာပါ။ Jasper Soup ဆိုတာကတော့ ပဲတို့ ပြောင်းဖူးတို့နဲ့ စွပ်ပြုတ် (ဟင်းချို)ချက်ထားတာပါ၊ ပါဝင်ပစ္စည်းနဲ့ပတ်သက်ပြီး အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ တစ်ချို့ကကျတော့ ကြက်သားတို့လိုမျိုး အသားနဲ့လည်း ချက်ကြပါတယ်)
"ဟုတ်ကဲ့ပါဗျ! မမလေးက ကျွန်တော်တို့ရဲ့ အထူးဟင်းခြောက်မျိုးလုံးကို မှာထားတာကြောင့် လက်ဆောင်လေးတစ်ခု ပေးမှာပါ၊ ဒါက မွေးနေ့ပွဲကျင်းပနေတာ ဟုတ်တယ်မလားခင်ဗျ” စားပွဲထိုးက သူမတို့ရဲ့အော်ဒါများကိုဝမ်းသာအားရ ရေးမှတ်လိုက်သည်။
“ဟုတ်ပါတယ်ရှင့် ဒီနေ့က ကျွန်မခင်ပွန်းရဲ့ မွေးနေ့ပါ” စုရွှေလျန် ပြုံးပြီး ပြန်ဖြေရင်း မီနူးကို အောက်ချလိုက်သည်။
“ဒါဆို ဒီက ကျွန်တော်ကလည်း လေးစားရတဲ့ ဧည့်သည်တော် မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခဏနေရင် ဟင်းပွဲတွေ အဆင်သင့်ဖြစ်မှာပါ” စားပွဲထိုးသည် သီးသန့်ခန်း၏ ကန့်လန့်ကာများကို မပိတ်မီတွင် လင်းစစ်ယောင်ထံသို့ဦးတည်၍ ဆုတောင်းပေးလိုက်သည်။
နှစ်ယောက်သား အေးအေးဆေးဆေး လက်ဖက်ရည်သောက်ရင်း တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောနေကြသည်။ သူတို့၏အခန်းသည် အပြင်ဘက် လမ်းမကြီး၏ ညာဘက်တွင် ရှိသောကြောင့် ပြတင်းပေါက်မှ လှမ်းကြည့်ရုံဖြင့် လူရှုပ်သော လမ်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ "အားယောင် ကျွန်မတို့စားပြီးရင် အပြင်ထွက်ပြီး မြစ်ကမ်းစပ်မှာ လမ်းလျှောက်ကြရအောင်။ ပြီးတော့အိမ်မပြန်ခင်မှာ ပစ္စည်းတွေ ပြန်ဖြည့်ရအောင်နော်၊ အဆင်ပြေလား” ဒီလောက်ရာသီဥတုကောင်းနေတာကိုမှ မပျော်ရဘူးဆိုရင် ရှက်စရာဖြစ်သွားလိမ့်မယ်။
"ရတယ်လေ" လင်းစစ်ယောင် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။
"ဟမ်? ဒါအရင်တစ်ခေါက်တုန်းက ကောင်မလေး မဟုတ်ဘူးလား" စုရွှေလျန်သည် လမ်းတစ်ဖက်ရှိ ဈေးဆိုင်တစ်ဆိုင်တွင် လက်ဝတ်ရတနာများကို သဘောကျနေသော လုဝမ်အာကို သတိထားမိသွားသည်။ သူမသည် နှစ်လိုဖွယ်ကောင်းပြီး ကလူ၏သို့မြူ၏သို့ လုပ်တတ်တုန်းပင်၊ ဖြတ်သွားသော အမျိုးသားများအားလုံးသည် သူမ၏ ရှားပါးသောအသွင်အပြင်ကို အနည်းငယ်မျှ ထပ်မံကြည့်ရှုရန် လှည့်ပြန်လာကြသည်။
"မမှတ်မိဘူး" လင်းစစ်ယောင်သည် တစ်ချက်သာကြည့်ပြီး စုရွှေလျန်၏ခွက်ကို လက်ဖက်ရည်ထပ်ဖြည့်ပေးရန် ပြန်လှည့်လာ၏။
"အယ်? ရှင် သူမကို မမှတ်မိဘူး? အဲဒါ… အဲဒီနေ့တုန်းက…” သူ့ခံစားချက်တွေကို ဝန်ခံဖို့ ရှင့်ကို လိုက်နေတဲ့ မိန်းကလေး… စုရွှေလျန်သည် လင်းစစ်ယောင်က သူမအား အဓိပ္ပါယ်ပါတဲ့ အကြည့်တစ်ချက် ပေးလိုက်ပြီးနောက် ကျန်စကားလုံးများကို မျိုချရုံသာ ရှိတော့၏။ ကောင်းပြီ၊ တကယ်တော့ သူမကလည်း သူ့အား ထိုမိန်းကလေးကို မမှတ်မိစေချင်ပါပေ။
“အဆင်သင့်ဖြစ်ပါပြီ--” ကျယ်လောင်သောအသံကြားပြီးနောက် လိုက်ကာများကို မတင်လိုက်ပြီး စားပွဲထိုးသည် အစားအသောက်အပြည့်ထည့်ထားသော လင်ပန်းကြီးတစ်လုံးနှင့် ဝင်လာခဲ့သည်။
ပန်းကန်ခုနစ်လုံးဖြင့် လူနှစ်ယောက်၏ထောင့်မှန်စတုဂံပုံစားပွဲမှာ ပြည့်လုနီးပါးဖြစ်နေပြီ။
“လေးစားရပါသော ဧည့်သည်တော်များခင်ဗျာ၊ ဒီဟာတွေကတော့ ကျွန်တော်တို့စားသောက်ဆိုင်ရဲ့ အထူးဟင်းလျာတွေဖြစ်ပါတယ်။ ဒီဟင်းကတော့ မွေးနေ့ရှင်လေးအတွက် ဖြစ်ပါတယ်။" စားပွဲထိုးက ပြောပြီး မူးရစ်ဇာမဏီခြေထောက် (အရက်ပါဝင်သော ကြက်ခြေထောက်) ပန်းကန်ကို စားပွဲပေါ်တင်ကာ ပြုံးပြီး သီးသန့်ခန်းထဲက ထွက်သွားလေသည်။
"ဒါက သူတို့ရဲ့ ဝန်ဆောင်မှုလက်ဆောင်လား" စုရွှေလျန်သည် ပြုံးလိုက်ပြီး ဇာမဏီခြေထောက်' ကို သူမ၏ တူဖြင့် ညှပ်ယူပြီး လင်းစစ်ယောင် ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ "စားပါ မွေးနေ့ရှင်လေး၊ ဟားဟား၊ ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်"
လင်းစစ်ယောင်သည် သူမကို လေးလေးနက်နက်ကြည့်ရင်း မျက်ခုံးပင့်လိုက်သည်။ ဒီနေ့ သူမ နည်းနည်း ထူးခြားနေသလိုပဲ။ သို့သော် သူသည် ‘ဇာမဏီခြေထောက်'ကို အလျင်အမြန် ညှပ်ယူပြီး စားလိုက်သည်။ သူတို့ ဒီဟင်းထဲမှာ အရက်တွေ အများကြီးထည့်ထားပုံရတယ်၊ နှစ်ပိုင်းလောက်ပဲစားပြီးရင် သူမ မူးလာမှာမဟုတ်လား?
"အရသာက ဘယ်လိုလဲ" စုရွှေလျန်သည် လင်းစစ်ယောင် ဖြည်းညှင်းစွာ ကိုက်နေသည်ကို ကြည့်နေ၏။ သူမမျက်လုံးများက သူ့ကို တည့်တည့်စိုက်ကြည့်နေရင်း သိလိုဇောဖြင့် မေးလိုက်သည်။
သူမသည် ယခင်က ဇာမဏီခြေထောက်ကို တစ်ခါမျှ မစားဖူးပေ။သူမအရင်ဘဝတုန်းကတည်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ စူကျိုးတွင် ၎င်းသည် တွေ့နေကျ ဟင်းပွဲဖြစ်ပေမယ့် စမ်းစားကြည့်ဖို့ အခွင့်အရေးမရခဲ့ချေ။ ဒါမှမဟုတ် ဂုဏ်သိက္ခာရှိသော မိသားစု၏ အကြီးဆုံးသမီးဖြစ်သူ၊ သူမသည် “သာမန်စားစရာ” ကို စားခြင်းဖြင့် သူမ၏ ပုံရိပ်ကို ညစ်နွမ်းအောင်မလုပ်နိုင်ခြင်းဟုလည်း ဆိုနိုင်၏။ (တချို့ သူဌေးတွေ လမ်းဘေးအစားအစာ မစားသလိုမျိုးပေါ့)
"မင်း မစားဘူးလား" လင်းစစ်ယောင် မော့ကြည့်လိုက်သည်။ သူ့ပန်းကန်ထဲမှာ ဟင်းတိုင်းရဲ့ အကောင်းဆုံး အစိတ်အပိုင်းတွေ ဖြစ်တဲ့ ဘဲနဲ့ ကြက်ပေါင်များ၊ ငါးအသားပိုင်းနဲ့ ပုစွန်တွေ အများကြီးဖြင့် ပြည့်နေသည်။
" ရှင်က ဒီနေ့ မွေးနေ့ရှင်လေ ဟားဟား... မြန်မြန်စား၊ မလောက်ရင် ကျွန်မတို့ ထပ်ပြီး မှာလို့ရတယ်" စုရွှေလျန် သည် လင်းစစ်ယောင်၏ ပန်းကန်အား ပြည့်လုနီးပါးဖြည့်ပေးပြီးနောက်မှ သူမသည် ပဲနှင့် ပြောင်းဖူးဟင်းချိုကို ဂရုတစိုက်ယူကာ သောက်လိုက်၏။
"မင်းလည်း များများစားသင့်တယ်၊ မင်းက ပိန်လွန်းနေတယ်" လင်းစစ်ယောင်သည် သူမ၏ ရည်ရွယ်ချက်ကို သိရှိသောအခါ မျက်မှောင်ကြုတ်ပြီး ပြန်ဖြေသည်။ ဘဲပေါင်ကို ကောက်ယူလိုက်ပြီး စုရွှေလျန်၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
"ရှင်က ပုံကြီးချဲ့နေတာပဲ" စုရွှေလျန် နှာခေါင်းရှုံ့လိုက်သော်လည်း သူ၏ကြင်နာသော အပြုအမူကိုတော့ မငြင်းဆန်ခဲ့ပေ။ သူမသည် ကြက်ပေါင်များကို တူဖြင့် ညှပ်ယူကာ အနည်းငယ် ကိုက်လိုက်ပြီး လင်းစစ်ယောင် အားမော့ကြည့်ပြီး ပြုံးပြလိုက်သည်။ ရုတ်တရက်ဆိုသလိုပင် သူမတစ်ခုခုကို တွေးမိသကဲ့သို့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ‘ဖူး’ ဆိုသောအသံကို ထုတ်လွှတ်ပြီး စတင်ရယ်ပါတော့သည်။ "ဟားဟား၊ ရှင် တပေါင်ကို ကျွန်မတို့နဲ့အတူတူ ဘာလို့ လိုက်ခွင့်မပေးခဲ့တာလဲဆိုတာ ကျွန်မ အခုသိသွားပြီ။ ကျွန်မတို့ နည်းနည်းလေးမှ မစားရသေးခင် သူက,စားပွဲပေါ်က အစားအသောက်တစ်ဝက်လောက်ကို စားပြီးသွားမှာမို့လို့လေ”
ထျန်းတပေါင်၏ အကြိုက်ဆုံး အစားအစာမှာ ကြက်သား၊ဘဲသား ဖြစ်သည်ကိုတွေးမိပြီး စုရွှေလျန် အသံကျယ်ကျယ်ဖြင့် မရယ်ပဲ မနေနိုင်တော့ပေ။
လင်းစစ်ယောင် သူမကို တစ်ချက်ကြည့်လိုက်သည်။ သူက ဆယ့်နှစ်နှစ်အရွယ်ကောင်လေးနဲ့ အစားအတွက် တိုက်မယ့်သူလို့ သူမထင်နေတာလား? သူ ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ ထို့နောက် သူသည် ငါးပေါင်းကြီးကြီးတစ်ပိုင်းကို ကောက်ယူပြီး အရိုးများနွှင်ကာ စုရွှေလျန် ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
"လာ၊ စား၊ အေးသွားရင် စားမကောင်းဘူး"
"ဟုတ်ပါပြီ" စုရွှေလျန် သူ့ကို ကျေးဇူးတင်စွာ ကြည့်လိုက်၏။ ငါးသည် သူမအကြိုက်ဆုံး ဟင်းလျာများထဲမှ တစ်ခုဖြစ်သော်လည်း အရိုးတွေက အနှောင့်အယှက်ပေးတတ်တာကြောင့် အကြိမ်အများစုမှာ မစားဘဲ အရှုံးပေးရုံသာ ရှိခဲ့လေသည်။
***

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now