အိမ်တိုးချဲ့ရန် မြေဝယ်ခြင်း

432 49 0
                                    

လယ်တောဆီမှလုပ်ကြံသတ်ဖြတ်သူ

အခန်း ၈၃ ။အိမ်တိုးချဲ့ရန် မြေဝယ်ခြင်း။

"မင်းတို့ သုံးယောက်ပူးပေါင်းတာတောင် ရန်သူကို မခံနိုင်ဘူးလား။ ငါပြောရဲတယ် မင်းတို့ အသက်ကြီးလေ ပိုဆိုးလေပဲ" လင်းစစ်ယောင်က ကုတင်ကြီးနှင့် မနီးမဝေးစားပွဲဘေးတွင် ထိုင်လိုက်သည်။ သူ့ကိုယ်သူ ရေတစ်ခွက်လောင်းထည့်လိုက်ပြီး ဘာသိဘာသာ လှောင်ပြောင်သည်။ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော စစ်လော့ကို ယဉ်ကျေးအောင်ပင် ဂရုမစိုက်ခဲ့ပါ။

"ငါတို့ သတိလက်လွတ်ဖြစ်ခဲ့တယ်..." စစ်ရှန်းက အနည်းငယ်စိတ်မကောင်းဖြစ်ကာ၊ပြောလိုက်သည် "အနောက်စင်္ကြံလမ်းရဲ့ သေမင်းတမန်တေးသီချင်းက ဒီလောက်ပြင်းထန်ပြီး ရဲရင့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။"

"ဖုန်းချင်းယာက ထူးဆန်းနေပုံပဲ..." အကြာကြီး နှုတ်ဆိတ်နေသော စစ်ထိုသည် ရုတ်တရက် အေးစက်ပြီး မရှင်းမလင်း မှတ်ချက်ပေးခဲ့သော်လည်း ဤအခန်းထဲရှိ လူများကို တစ်နည်းနည်းဖြင့် တုန်လှုပ်သွားစေခဲ့သည်။

"ဟား..." လင်းစစ်ယောင်က အေးစက်စွာ ရယ်လိုက်ပြီး "ရန်သူက အပြင်မှာရှိနေပြီး ငါတို့မှာလည်း ပြဿနာတွေပြေလည်အောင် ဖြေရှင်းဖို့ ရှိတယ်... မင်းတို့ ငါ့နောက်ကို လိုက်ပြီးတော့ လယ်လုပ်သမားလုပ်သင့်တယ် ထင်တယ်..."

"စစ်လင်..." စစ်ထိုက စကားမပြောဘဲ သူ့ကိုကြည့်နေခဲ့သည်။ "မင်းက... သေလူပဲ။ အဲ့ဒါကြောင့် ဖုန်းချင်းယာက မင်းဆီလာမှာမဟုတ်ဘူး။ ဒါပေမယ့် ငါတို့က ..." ဖုန်းယောင် တရားရုံးမှ ထွက်သွားချင်သောလည်း​ ဖုန်းချင်းယာက သူတို့ကို မလွှတ်ပေးခဲ့ချေ။ ဘယ်မှာ သူတို့ပုန်းနေပါစေ သူတို့ လုံခြုံနေမှာ မဟုတ်ပေ။

" စစ်လင်ရဲ့ အကြံပြုချက်ကို ငါတို့ စဉ်းစားနိုင်မယ်ထင်တယ်... " စစ်ရှန်းက ခဏလောက် စဉ်းစားပြီး " ဒီနေ့ ဖုန်းယောင် တရားရုံးက အဲဒီနှစ်မှာ ငါတို့ရဲ့ ဆရာကြီး ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဖျက်သိမ်းလိုက်ပြီ။ ဖုန်းချင်းယာအတွက် ငါတို့ အလုပ်လုပ်နေသေးရင် ငါတို့က လူသတ်သမားတွေမဟုတ်တော့ဘူး။ ငါတို့က နတ်ဆိုးတွေပဲ။"

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now