စိတ်လိုက်မာန်ပါလုပ်မိခြင်း

1K 141 0
                                    

[Unicode]
လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ
အခန်း ၁၅။ ။ စိတ်လိုက်မာန်ပါလုပ်မိခြင်း

"မင်းတို့နှစ်ယောက်က ဝယ်ချင်တာလား။ အဲ့လိုဆိုရင် ငါထင်သလိုဆိုလိုတာလား"

လယ်သမားကြီး၏ဇနီးသည် နဖူးကိုပုတ်ကာ မေးလိုက်သည်။ သူမသည် ပထမဆုံးအကြိမ်နတ်သမီးဆန်သောမိန်းကလေးအား တွေ့လိုက်ရသောအခါတွင် သူမ၏သားနှင့်လက်ထပ်ပေးရန် ဆုံးဖြတ်လိုက်ကာ ချက်ချင်းမစဉ်းစားမိပေ။ ရှက်စရာကောင်းလှပေသည်။

“....”
စုရွှေလျန်သည် အမျိုးသမီးကြီးကိုကြည့်ကာ မိမိဘာသာမေးလိုက်၏။ "ငါထင်သလိုဆိုလိုတာလား" ဆိုသောစကားအား သူမနားမလည်လိုက်ပေ။ သူမတစ်ခုခုမှားပြောခဲ့သည်လော။

"အမ် မင်းဆံပင်ပုံစံကြောင့် မင်းလက်မထပ်ရသေးဘူးလို့ ထင်သွားတာ။ ဒါပေမဲ့ အခုမင်းကအဲ့လိုပြောတော့ ဒီသခင်လေးနဲ့ ဒီမှာပျော်ပျော်ရွှင်ရွှင်နေချင်တဲ့ပုံပဲ။ မင်းတို့နှစ်ယောက် ဒီမြို့မှာလက်ထပ်ကြဖို့ စီစဉ်နေတယ်လို့ ဆိုလိုတာမလား"

"အာ....တောင်းပန်ပါတယ်။ စိတ်လိုက်မာန်ပါလုပ်မိသွားတယ်"

စုရွှေလျန်ခေါင်းကိုငုံ့လိုက်ကာ သူမ၏ပုခုံးလေးကိုကျုံ့လိုက်ရင်း ခပ်တိုးတိုးအသံလေးဖြင့် တောင်းပန်လိုက်သည်။

ယနေ့တွင် တိတ်ဆိတ်လှသော လောင်မိသားစုခြံဝန်းထဲ၌ သူမနှင့် လင်းစစ်ယောင်သာရှိသည်။

   ညနေခင်းမရောက်သေးသောကြောင့် လယ်သမားကြီး လောင်ယို့ခွန်းသည် သူ၏လယ်တောဆီသို့ သွားနေဆဲဖြစ်သည်။ ဇနီးဖြစ်သူသည် အနောက်အရပ်တွင်ရှိသော ဖန်းဟွာမြို့၏ ဟွာအိမ်သို့ သွားရောက်စုံစမ်းနေသည်။

   စုရွှေလျန်သည် လက်ထပ်ခြင်းနှင့်သက်ဆိုင်သော လယ်သမားအမျိုးသမီး၏မေးခွန်းများဖြင့် ရင်ဆိုင်ရသောအချိန်တွင် ဒုတိယတစ်ခေါက်မတွေးမိဘဲ ခေါင်းညိတ်ပြကာ အတည်ပြုပေးခဲ့မိသည်။

   ထို့နောက်တွင် လယ်သမားကြီးဇနီးမောင်နှံသည် လက်ထပ်ခြင်းနှင့်ပက်သက်သည့် မည်သည့်အကြောင်းကိုမျှ မပြောကြတော့ပေ။ စုရွှေလျန်က လင်းစစ်ယောင်အား ချောင်းကြည့်လိုက်ကာ သူ၏မျက်နှာအမူအရာအား အကဲခတ်ကြည့်ရန် ကြိုးစားလိုက်သည်။ သူစိတ်ဆိုးနေသည် စိတ်မဆိုးဆိုသည်ကို ပြောရန်ခက်ခဲပေသည်။

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now