အခန်း ၁၀၂။ ။ ထိတ်လန့်ဖွယ်အမှန်တရား

133 11 0
                                    

လယ်တောဆီမှလုပ်ကြံသတ်ဖြတ်သူ


အခန်း ၁၀၂။ ။ ထိတ်လန့်ဖွယ်အမှန်တရား


"သမီးလေး... တော်တော် ဒုက္ခရောက်သွားပြီပဲ......" ကျင်းဝမ်ဖေးက စကားစပြောပြီးနောက် သူမသည် မှိန်းနေသော စုရွှေလျန်ကို ပွေ့ဖက်ချင်ခဲ့သည်။ သို့သော်လည်း သမီးဖြစ်သူ ခွင့်မပြုမှာကို ကြောက်သောကြောင့် မတ်တပ်ရပ်လိုက်သည်။ ကျင်းဝမ်ရယ် သည် ငိုရှိုက်ရင်း မျက်ရည်များကို သုတ်ရကာ စုရွှေလျန် သည် သူမ နှစ်ပေါင်းများစွာ ဝမ်းနည်းပူဆွေးခဲ့ရသော သမီးလေးဖြစ်ကြောင်း သူမ သိလိုက်သောကြောင့် သူမသည် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။

"ဟူး သေသေချာချာ မစုံစမ်းခဲ့တဲ့ ငါ့အမှားကြောင့်ပဲ။ ဖန်ကျင်းက မင်းကို ခေါ်သွားခဲ့တာလို့ ငါ မမျှော်လင့်ထားခဲ့ဘူး..." ကျင်းဝမ်ရယ်က အသံတိုးတိုးဖြင့် ပြောသည်။ သူ မတွေ့တာ နှစ်နှစ်ရှိပြီဖြစ်သော သမီးဖြစ်သူမှာ အိမ်ထောင်ကျပြီး ပြီးခဲ့သည့် နှစ်နှစ်လောက်မှအိမ်ကြီးတွင် မြင်ဖူးသလို မောက်မာပြီး အကြင်နာကင်းမဲ့သည့်ပုံမပေါ်သော်လည်း သူမမိဘများ၏ရှင်းပြချက်ကို လက်ခံမည်ဟု မဆိုလိုခဲ့ပါ။

"အဟွတ်... အဲဒါ... ကျွန်မ..." စုရွှေလျန်သည် ဖြစ်ပျက်ခဲ့သည်များကို မမှတ်မိတော့သောကြောင့် သူမ၏ မှတ်ဉာဏ်များ ဆုံးရှုံးသွားပြီဟု ပြောလိုက်ချင်ခဲ့သည်။ သို့သော် သူ့မိဘများကို မလိမ်ညာချင်ခဲ့ပေ။

သူမ ဆက်မပြောနိုင်ခင်မှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသော ဖုန့်ချိုက်ယွင်က အနှောင့်အယှက်ပေးခဲ့သည်။ "သမီးလေး၊ မင်းအများကြီးခံစားခဲ့ရတယ်ဆိုတာ ငါတို့သိပါတယ်။ အရာအားလုံးက ငါတို့အမှားတွေချည်းပါပဲ။ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ ဟုတ်ပြီးလား မင်းအမေက ဒီလိုအကြောင်းအရာတွေအကြောင်းပြောဖို့ ဗရုတ်သုတ်ခနဲ့ ခေါင်းကိုက်နေတာပဲလေ။ မင်းရဲ့ခန္ဓာကိုယ်ကို လွန်လွန်ကဲကဲတွေးပြီး မထိခိုက်စေနဲ့။ သမီးလေး၊ အေးအေးဆေးဆေး အနားယူလိုက် ငါတို့က မင်းကို အတင်းအကြပ်မလုပ်ချင်ပါဘူး။ ငါတို့ကို လက်ခံချင်မှ လက်ခံဖို့က မင်းရဲ့ရွေးချယ်မှုပါပဲ"

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now