အဟောင်းကိုစွန့်လို့ အသစ်ကိုကြိုဆိုမယ်

336 36 0
                                    

လယ်တောဆီမှလုပ်ကြံသတ်ဖြတ်သူအခန်း ၇၂။ ။ အဟောင်းကိုစွန့်လို့ အသစ်ကိုကြိုဆိုမယ်

ထျန်းအိမ်တွင် ထမင်းစားပြီးသည့်နောက်မှာ နှစ်ယောက်သား နှုတ်ဆက်ပြီး ပြန်လာခဲ့ကြသည်။ လက်တစ်ဖက်တွင် လင်းစစ်ယောင်သည် ရွာလမ်းဘေးတွင် လမ်းလျှောက်ရင်း အိမ်လုပ်ဆန်မှုန့်တစ်အိုးကို ကိုင်ထားခဲ့သည်။

ပါးလွှာသော ရေခဲလွှာသည် လမ်းပေါ်တွင် အရည်ပျော်နေလေသည်။ ပတ်​ဝန်းကျင်​ကို တစ်ချက်ဝေ့ကြည့်​လိုက်မည်ဆိုလျှင် အနီးတစ်​ဝိုက်​ရှိ အိမ်​တိုင်း၏ ​ခေါင်​မိုးပေါ်နှင့် ကွင်းပြင်များတွင်​ နှင်းထူထူများ ဖုံးလွှမ်းနေသည်ကို မြင်ရေပေမည်​။ နေရောင်ခြည်၏ နွေးထွေးသော အလင်းရောင်အောက်တွင် နှင်းများသည် တလက်လက်တောက်ပလျက် တောက်ပနေသည်။ စွဲမက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။

အေးချမ်းသော ဆောင်းနေ့လည်ခင်းနှင့်အတူ အရာအားလုံးသည် အမှန်တကယ်ပင် ငြိမ်သက်နေသကဲ့သို့ ခံစားရသည်။

"ဒီ​နေ့​တော့ ​ပျော်​ရွှင်​စရာ​တွေပြည့်​​နေ​တော့တယ်​မလား" စုရွှေလျန်က သေချာနေသာလေသံဖြင့် မေးသည်။

"အင်း " လင်းစစ်ယောင်က ပြုံးပြီး ခေါင်းညိတ်ရင်း လှပသော ရှုခင်းကို ချီးမွမ်းသည့် သူမ၏ လှပသော မျက်နှာကို စိုက်ကြည့်နေသည်။

စုရွှေလျန်က ပြန်ပြုံးပြခဲ့သည်။

သူမသည် သူမ၏ဒုတိယမိခင်နှင့် သူမ၏ အဖေတူအမေကွဲညီမရွှေယန်ကို တကယ်ကျေးဇူးတင်ချင်ခဲ့သည်။ သူမကို ဤနေရာသို့လာစေ၍ မှန်းဆ၍မရသော၊ တိတ်ဆိတ်နေပုံရကာ အေးစက်သော၊ နူးညံ့သိမ်မွေ့သော၊ ထောက်ထားစာနာတတ်သော ယောက်ျားကို ယခု သူမရှေ့တွင် တွေ့ဆုံခွင့်ရစေသောကြောင့်ဖြစ်သည်။ အပြင်တွင် အေးဆေးသည်ဟုထင်ရသော်လည်း အတွင်းထဲတွင် အမြဲတမ်း ဖိနှိပ်ချုပ်ချယ်ထားသည့် မိသားစုထဲမှ သူမအတိတ်ဘဝကို ထားရစ်ခဲ့ပေပြီ။

.....

နှစ်သစ်ကူးအကြိုမတိုင်မီ ရက်သုံးဆယ်အတွင်း နောက်ဆုံးတွင် ဖန်းဟွာမြို့တွင် ကျယ်လောင်သော မီးရှူးမီးပန်းဖောက်သံများ ထွက်ပေါ်လာခဲ့သည်။

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now