ဆောင်းဦးပွဲတော်

610 83 1
                                    

[Unicode]
လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ
အခန်း ၄၉။ ။ ဆောင်းဦးပွဲတော်

"ဘာဖြစ်တာလဲ"
လင်းစစ်ယောင်တစ်ယောက် မီးဖိုချောင်ထဲသို့ပြန်လာသောအခါတွင် စုရွှေလျန်က စားစရာဗီရိုထဲမှ မုန့်နှင့်အချိုသကြားလုံးများကိုထုတ်ကာ စားပွဲပေါတွင် နေရာချနေသည်။
“ဪ..အားယောင် အဒေါ်ထျန်းက ကျွန်မတို့ကိုနေ့လည်စာစားဖို့ဖိတ်ထားတယ်။ သူက ဆောင်းဦးပွဲတော်ကို ကျွန်မတို့နဲ့အတူတူကျင်းပချင်နေတာ။ တပေါင်ကို တပည့်အဖြစ်လက်ခံလို့ကျေးဇူးတင်နေတာလေ"
လင်းစစ်ယောင်က မျက်ခုံးပင့်ကာ သူမအား စကားတစ်ခွန်းမျှမပြောဘဲ ကြည့်လိုက်သည်။ သူကလှည့်ကာ ရေဇလုံဆီသို့လျှောက်လာပြီး မီးဖိုချောင်အပြင်သို့သယ်သွားသည်။
“အားယောင်?”
စုရွှေလျန်အနည်းငယ်မျှတွေဝေသွားကာ လက်ထဲမှစားစရာများကိုချထားလိုကသ်ည။ သူမသည် မီးဖိုချောင်အပြင်သို့ထွက်သွားသော လင်းစစ်ယောင်အနောက်သို့လိုက်သွားပြီး သတ္တိမွေးကာ သူ့နောက်သို့လိုက်သွားသည်။ သူမကမေးလိုက်၏။
"အားယောင် အတူတူမသွားချင်ဘူးလား။ အဲ့လိုဆိုကျွန်မတို့မသွားတော့ဘူးလေ။ တပေါင်ဆီကို မုန့်နဲ့သစ်သီးတွေပေးလိုက်မယ်"
"မဟုတ်ဘူး"
လင်းစစ်ယောင်ကခေါင်းခါပြကာ ပြန်ဖြေလိုက်သည်။
"အဲ့လိုဆိုရင်..."
စုရွှေလျန်ကမျက်လုံးလုံးပေကလပ်ပေကလပ်လုပ်ကာ သူဆိုလိုသောအဓိပ္ပာယ်ကိုနားမလည်ပေ။ သူသည် ကျနေသောအင်္ကျီလက်ကိုမတင်လိုက်သောအခါတွင် သူမက ခေါက်တင်ပေးလိုက်၏။
လင်းစစ်ယောင်က ရပ်ကာချက်ချင်းပြောလိုက်သည်။
"ကိုယ်နဲ့အတူ ဆောင်းဦးပွဲတော်ကိုဖြတ်သန်းမယ်လို့ ကတိပေးထားတယ်လေ"
ယခုတွင် သူသည် အခြားတစ်ယောက်အား ယုံကြည်တတ်လာလေပြီ။ လင်းစစ်ယောင်သည် သူမစကားမတည်သည့်အတွက် စောဒကမတတ်နိုင်ပေ။
သူမက ဆောင်းဦးပွဲတော်ကိုအတူဖြတ်သန်းမည်ဟုပြောထားသည့်ကတိအား အခွင့်ကောင်းယူလိုက်ပေသည်။ ပထမဦးဆုံးဆောင်းဦးပွဲတော်အား အတူတကွငြိမ်းချမ်းစွာဖြတ်သန်းမည်ဟု မျှော်လင့်ထားခဲ့သည်။ သူသည် အခြားသူများနှောင့်ယှက်သည်ကို အလိုမရှိပေ။ သူမသည် ၎င်းတို့ဖြင့်အတူရှိနေလျှင်ပင် သူ့အားကျေနပ်စေမည်မဟုတ်ပေ။
"အင်း။ ကျွန်မရှင်နဲ့အတူ ကုန်ဆုံးမယ်လို့မပြောဖူးပါဘူး"
စုရွှေလျန်သည် နောက်ဆုံးတွင် အဘယ့်ကြောင့် သူသည် သူမအား လျစ်လျူရှုနေရသည်ကို နားလည်သွားပေသည်။
"တကယ့်ဆောင်းဦးပွဲတော်က ညဘက်လမင်းကြီးအောက်မှာစတင်မှာ။ သေရည်ပြိုင်သောက်ကြရင်းနဲ့ပေါ့။ ကြည့်။ ကျွန်မဆို ကွေ့ဟွာသေရည်တောင်ဝယ်ပြီးသွားပြီ။ ဒီသေရည်က အနံ့တော့မမွှေးဘူး။ နောက်နှစ်ကျရင် ကျွန်မတို့ဘာသာ ကွေ့ဟွားသေရည်ချက်ကြမယ်လေ။ ဟုတ်ပြီလား"
မနေ့က သူမသည် မြို့သို့သွားသောအဒေါ်လောင်အား အနံ့မွှေးသောကွေ့ဟွားသေရည်ဝယ်ခဲ့ရန် မှာခဲ့သည်။ လင်းစစ်ယောင်လယ်တောဘက်သို့သွားနေသည်ကို အခွင့်ကောင်းယူကာ အဖုံးဖွင့်ပြီးတစ်ကျိုက်မျှသောက်ခဲ့သည်။ အနံ့သည်ကွေ့ဟွားပန်းနံ့ရသော်လည်း စုအိမ်တွင် အချဉ်ဖောက်ထားသည့်ကွေ့ဟွားပန်းကဲ့သို့ အနံ့မပြင်းပေ။ သူမသည် အရက်ချက်ခြင်းနည်းစနစ်အား သူမဖတ်ဖူးသောစာအုပ်များထဲမှသင်ယူခဲ့သောကြောင့် လေ့ကျင့်ရန်အတွက် ပြီးပြည့်စုံသောအခွင့်အရေးပင်ဖြစ်၏။
သူ၏အင်္ကျီလက်အားခေါက်တင်ပေးပြီးနောက်တွင် စုရွှေလျန်က ဆေးပြီးသောပန်းကန်များကိုယူကာ ဝါးခြင်းထဲတွင်ထည့်လိုက်သည်။ အခြောက်ခံပြီးနောက်တွင် ပြန်စုဆောင်းလိုက်ကာ ဗီရိုထဲတွင်ထားလိုက်သည်။
ငေးနေသော လင်းစစ်ယောင်ကိုမြင်လိုက်ရသောအခါတွင် သူမက တခစ်ခစ်ရယ်မောလိုက်ကာ လက်မောင်းကိုပုတ်လိုက်သည်။ ထိုယောင်္ကျားသည် ထိုသို့ငေးနေသည်မှာ ရှားပါးလှပေသည်။
"ဘာကိစ္စလဲ။ မသွားချင်ဘူးလား။ အဲ့လိုဆိုကောင်းပြီ။ မသွားတော့ဘူး။ ဟုတ်ပြီလား။ အဲ့လိုဆို နေ့လည်စာတော့စားသင့်တယ်မလား"
စုရွှေလျန်က သူ၏လက်မောင်းအား သာသာလေးလှုပ်ယမ်းလိုက်ကာ အလိုလိုက်သောအသံဖြင့် တောင်းဆိုလိုက်၏။ ထိုသို့ပြုမူခြင်းက လင်းစစ်ယောင်၏ဝမ်းဗိုက်အောက်ပိုင်းအား သတိမထားမိစွာဖြင့် တင်းကျပ်သွားစေသည်။
"မင်းပြောတော့.."
သူကပါးစပ်ဟကာဖြင့်
"ကိုယ်တို့ဆောင်းဦးပွဲတော်မှာ အတူတူရှိနေမယ်လို့ပြောခဲ့တယ်မလား။ ကိုယ်တို့သောက်ဖို့အတွက် ကွေ့ဟွားအရက်တောင်ဝယ်လာခဲ့ပြီးပြီလေ"
လင်းစစ်ယောင်က ယုံကြည်မှုကင်းမဲ့စွာဖြင့် သူမပြောခဲ့သည်ကို ပြန်ပြောပြနေသည်။ သူမသည် သူနှင့်အတူ အရက်ပြိုင်သောက်ချင်ခဲ့သည်မဟုတ်လော။ သူမ၏အရက်အားဒဏ်ခံနိုင်မှုဖြင့်ဆိုလျှင် သုံးခွက်သောက်ပြီးသောအခါတွင် မတ်တပ်ပင်ရပ်နိုင်မည်လော။
အရေးကြီသောအပိုင်းမှာ သူမသည် မည်သည့်အချိန်တွင် သေရည်ဝယ်ခဲ့သည်လော။ သူပင်သတိမထားမိခဲ့ပေ။
"ဟုတ်တယ်။ ကျွန်မလည်း လမုန့်ကိုအထူးတလည်ပြင်ဆင်ထားတယ်။ ပြီးတော့ မနေ့ကဖက်ထုပ်စွပ်ပြုတ်ရောပဲ။ ညအတွက်လေ"
စုရွှေလျန်သည် သူ့အားပြုံးကာပြောလိုက်၏။
လင်းစစ်ယောင်က ခေါင်းလှည့်ကာ မျက်နှာပေါ်သို့တရိပ်ရိပ်တက်လာသောရှက်သွေးဖြာခြင်းအား အသက်ရှုခြင်းနည်းစနစ်ဖြင့်ပျောက်ကွယ်အောင်လုပ်လိုက်သည်။
“အားယောင်?”
စုရွှေလျန်က အင်္ကျီလက်အနားသတ်ကိုဆွဲလိုက်သည်။ သူရှက်နေသည်ကို သူမတွေ့သွားသောကြောင့်ဖြစ်သည်။ မျက်နှာပေါ်ရှိရှက်သွေးဖြာခြင်းသည် မသိသာကာ လျင်မြန်စွာပျောက်ကွယ်သွားပါသော်လည်း သူရှက်နေသည်ကို သူမသေချာသိသည်။
"တပေါင်ကို သွားကြည့်လိုက်ဦးမယ်"
လင်းစစ်ယောင်က တောင်းဆိုကာ လျင်မြန်စွာပင် တောင်ဘက်ဆီသို့ပျံထွက်သွားသည်။
"အဲ့လိုဆိုရင် ဒီညနေ...."
စုရွှေလျန်က ရယ်ချင်စိတ်ကိုချုပ်တည်းလိုက်ကာ မေးရန် သူ့နောက်သို့ပြောလိုက်သွားသည်။
"မင်းလုပ်ချင်တာလုပ်"
လင်းစစ်ယောင်က ခပ်လှမ်းလှမ်းမှ ကိုးရိုးကားရားဖြင့် ပြန်ဖြေလိုက်၏။ စုရွှေလျန်သည် ရယ်ချင်စိတ်အား ဆက်၍ထိန်းမထားနိုင်တော့ပေ။ "အဟွတ်"ဆိုသောအသံနှင့်အတူ ခပ်ပြတ်ပြတ်ရယ်သံလေးသည် နွေးထွေးသောနေရောင်အောက်တွင် ပဲ့တင်သံထပ်သွားပေသည်။
ထိုသို့ဆိုလျှင် သူသည် ချစ်စရာကောင်းသောသူအဖြစ်ပြောင်းလဲသွားပေသည်။ စုရွှေလျန်ကတောင်ဘက်သို့ဆက်ကြည့်နေမိ၏။ လင်းစစ်ယောင်က တပေါင်၏မြင်းရပ်တည်ချက်အား ကြည့်ရှုစစ်ဆေးနေကာ သူမ၏အပြုံးသည် ပျောက်ကွယ်မသွားဘဲ မျက်နှာပေါ်တွင်ကော်ဖြင့်ကပ်သကဲ့သို့ရှိနေပေသည်။
"လာပါလာပါအစ်ကိုကြီး။ သောက်ပါဦး။ တပေါင်က အစ်ကိုကြီးလက်ထဲမှာဆိုတော့ ပြောစရာစကားမရှိတော့ပါဘူး။ ကျွန်တော်တို့ကအာမခံပြီးသားပါ"
ရှက်နေသော ထျန်းတဖူက လင်းစစ်ယောင်၏ခွက်အား သေရည်ဖြည့်ပေးကာပြောလိုက်၏။
။မင်းအဖေကတော့လေ။ အဲ့အရက်နဲ့က ဘာလုပ်ရမှာလဲ။ လာ အားယောင် ရွှေလျန် ကြက်သားစားကြည့်။ ကြက်ကမရင့်သေးပေမဲ့လို့ ကြက်ပေါက်ကလည်းအရသာရှိတယ်လေ။ စားကြည့်ပါ"
အဒေါ်ထျန်းက ကြက်ပေါင်သားနှစ်ချောင်းကိုဖဲ့ကာ လင်းစစ်ယောင်နှင့် စုရွှေလျန်တို့၏ပန်းကန်ထဲသို့ အသီးသီးထည့်ပေးလိုက်ပြီး မြည်းရန်ညွှန်ပြလိုက်သည်။
"အမေ..."
ထျန်းတပေါင်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ကြက်ပေါင်ကိုငေးကာ လင်းစစ်ယောင်ကိုစကားမပြောခင်တွင် ရေမျိုချမိလိုက်၏။
"ဆရာ...ဆရာကတော်...ကြက်ပေါင်ကိုမြန်မြန်စားကြပါ။ အမေကကြက်သားနှပ်ရင် အရမ်းစားကောင်းတာ။ မြန်မြန်စားပါ"
ပြောပြီးသောအခါတွင်မူ သူသည် ထိုအရာအားဆက်၍မကြည့်နေနိုင်တော့ပေ။ သူသည် ထိုကြက်များအား ခြောက်လခန့်ပျိုးထောင်ခဲ့ရသည်။ သူသည် ကြက်တစ်ကောင်လုံးအား မစားနိုင်ပါသော်လည်း ကြက်ပေါင်လောက်ဖြင့် ထိုက်တန်ပေသည်။ သို့သော် ယခုတွင်မူ....။ ထိုအကြောင်းအားမတွေးမိအောင်ကြိုးစားကာ ဆရာနှင့်ဆရာကတော်စားလျှင် ဝမ်းသာပေးသင့်ပေသည်။ သူသည် မည်သို့စိတ်ဓာတ်သေးသိမ်နိုင်မည်နည်း။ ထို့နောက်တွင် ဆရာသည် သူ့အား အံ့ဩစရာကောင်းသောကိုယ်ခံပညာအား သင်ပေးပေလိမ့်မည်။
စုရွှေလျန်က သူမနှင့် လင်းစစ်ယောင်ပန်းကန်ထဲရှိ ကြက်ပေါင်များအား လောဘတကြီးမျက်လုံးများဖြင့်ကြည့်နေသော တပေါင်ကိုကြည့်ကာ ရယ်လိုက်မိသည်။ သူမ၏ကြက်ပေါင်အား ထိုကလေးအားပေးရန်ပြင်လိုက်စဉ်တွင် လင်းစစ်ယောင်ကတားလိုက်သည်။
"မင်းဟာမင်းစား"
ထို့နောက် သူ၏ဝေစုအား တပေါင်ကိုပေးလိုက်သည်။
"မလိုဘူး။ တပေါင်..."
မီးဖိုချောင်ထဲသို့ ပြန်ဝင်ခါနီးသောအဒေါ်ထျန်းတွေ့သောအခါတွင် တပေါင်အား ကြည့်လိုက်သည်။ သူမသည် ဒေါသထွက်ကာ မျက်နှာဆူပုတ်သွားသည်။
"အမ်။ ဒီကြက်ပေါင်က ပန်းကန်ထဲမှာ ဘယ်အချိန်ကတည်းကရောက်လာတာလဲ"
ထျန်းတပေါင်က လျင်မြန်စွာအသိဝင်လာပြီး ကြက်ပေါင်မှာကိုက်ပြီးသွားသည်ကို သတိထားမိပေသည်။ ထျန်းတပေါင်က မျက်စောင်းထိုးခုံအား ကြည့်လိုက်သည်။ သူသည် ဆရာဖြစ်သူ၏ကြက်ပေါင်အားယူထားခြင်းပင်။ သူသည် ဆရာဖြစ်သူ၏ကြက်ပေါင်အား မည်သို့စားလိုက်နိုင်ရသနည်း။
"စိတ်မပူပါနဲ့။ သူ့ကိုစားခိုင်းလိုက်ပါ။ သူ့ခန္ဓာကိုယ်က အာဟာရဖြည့်ဖို့လိုတယ်"
လင်းစစ်ယောင်က ပေါ့ပေါ့ပါးပါးပြောလိုက်ပြီး အဒေါ်ထျန်း၏ဒေါသအား နှစ်သိမ့်ပေးလိုက်သည်။ ထိုသူအားဆရာတော်ချင်သူမှာ မိမိပင်ဖြစ်ကာ မည်သည့်လေးစားသမှုကိုမျှ မပြရသေးပေ။ ဆရာဖြစ်သူ၏ကြက်ပေါင်အား ကိုက်လိုက်သူမှာလည်း မိမိပင်ဖြစ်သည်။ သူသည် အသက်(၁၃)နှစ်ရှိပြီဖြစ်ကာ အရွယ်ရောက်ခါနီးလေပြီ။ သူ၏အပြုအမူများက ရှက်ဖွယ်ကောင်းနေသေးပေ၏။ သူသည် အနာဂတ်တွင် မိန်းမလှလေးအား လက်ထပ်မည်ဟုပင် အိပ်မက်မက်ခဲ့သေးသည်။ ထိုသို့သောအရာများအား အောင်မြင်ရန်မှာခဲယဉ်းလှပေသည်။
"ဆရာ...."
ထျန်းတပေါင်က လင်းစစ်ယောင်အား တဖိတ်ဖိတ်တောက်နေသောမျက်လုံးလေးများဖြင့်ကြည့်လိုက်ပြီးနောက်တွင် မျက်လုံးကပန်းကန်ဆီသို့ပြန်ရောက်သွားပြန်သည်။ သူသည် ကြက်သားကိုနောက်တစ်ကိုက်ကိုက်ကာ ထမင်းနှင့်အတူစားလိုက်၏။ အစ်ကိုကြီးလင်း...ဆရာသည် မျက်နှာထားမှာအေးစက်လှသော်လည်း ကြင်နာတတ်သောနှလုံးသားရှိသည်ကို သူသိပေသည်။ နောင်တွင် ဆရာ့စကားနားထောင်ကာ သိုင်းပညာကိုသင်ယူပြီး ဆရာကဲ့သို့သူမျိုးဖြစ်အောင်ကြိုးစားမည်ဟု ထျန်းတပေါင်ဆုံးဖြတ်လိုက်သည်။ ဆရာကဲ့သို့ဆိုလျှင် မိန်းမလှလေးဖြင့် လက်ထပ်ရမည်လော။
လင်းစစ်ယောင်သည်သာ ထျန်းတပေါင်၏အတွင်းစိတ်တွင်ပြောနေသည်ကိုကြားလျှင် ထိုင်ခုံမှတစ်ဆင့်မြေကြီးပေါ်သို့လဲကျသွားနိုင်ပေသည်။ ယခင်ကလူသတ်သမားဖြစ်ခဲ့သောသူသည် အပြင်တွင်အေးစက်ပြီး အတွင်းစိတ်သည်နူးညံ့သည်လော။ စော်ကားသည်ဟုပင် မှတ်ယူရပေမည်။ သူလက်ခံခဲ့သည့်တပည့်သာ ဇွဲမကောင်းဘူးဆိုလျှင် နောင်တွင်အချိန်ဆွဲကာလေ့ကျင့်ပေးရန်သောတပည့်မျိုးအား မလိုချင်ပေ။
"အစ်မ စုရွှေလျန်။ တပေါင်က အစ်မကိုဆရာကတော်လို့ခေါ်တယ်။ အဲ့လိုဆို ကျွန်မရောအစ်မလို့ခေါ်လို့ရမလား"
မိန်းကလေးထျန်းသည် ဝါစဉ်အားစဉ်းစားလိုက်ကာ ကြားကျကျညှိုနှိုင်းလိုက်သည်။ အခြားစကားဖြင့်ဆိုရင်လျှင် ထျန်းတပေါင်သည် ဆရာကတော်ဟုခေါ်ခြင်းကြောင့် သူမသည်လည်း အစ်မဟုခေါ်ပေမည်။ တကယ်ဆိုလျှင် သူသည် တပေါင်၏သိုင်းပညာသင်သောအဒေါ်သဘောမျိုးဖြစ်သွားမည်။ သို့သော် အစ်မစုရွှေလျန်နှင့် အမေဖြစ်သူအား ဆက်စပ်ကြည့်ပါလျှင်....။ ရှုပ်ထွေးလှသောထိုအတွေးအား သူမဖြတ်တောက်လိုက်၏။
"အဟင်း"
ဖျတ်လတ်တက်ကြွသောမိန်ကလေးထျန်းက ရယ်လိုက်မိ၏။
"ငါ့သမီး...ဘာလုပ်တာလဲ..."
အဒေါ်ထျန်းကြောင်အမ်းသွားသော်လည်း ရုတ်တရက်သမီးဖြစ်သူအတွေးပေါက်နေသည်ကို သဘောပေါက်လိုက်သည်။ ထိုအရာသည် အမှန်ပင် ရယ်စရာကောင်းသောကိစ္စအား စဉ်းစားနေခြင်းဖြစ်ပေမည်။
စုရွှေလျန်က သူမဘေးတွင် ထိုင်နေသော လင်းစစ်ယောင်အားကြည့်လိုက်သည်။ သူသည် အသက်နှစ်ဆယ်ကျော်အရွယ်တွင်ရှိသည့်ပုံပေါက်သော်လည်း အချင်းချင်းအသက်အရွယ်အား ယခုထက်ထိ မမေးဖူးကြသေးပေ။
ကံကောင်းသည်မှာ ၎င်းတို့၏တရုတ်နိုင်ငံ စုဒေသတွင်မဟုတ်ခြင်းပင်။ လက်မထပ်ခင်တွင် ၎င်းတို့သည် ဒြပ်စင်ငါးပါးနှင့် မွေးနေ့မွေးရက်များကို စစ်ဆေးရသည်။ ထို့အပြင် ငြီးငွေ့ဖွယ်ကောင်းသောစာရွက်စတမ်းများအား ကြေညာရသည်။ နာမည်၊ အသက်၊ လိင်အမျိုးအစား၊ မွေးနေ့၊ သက်သေအရေအတွက်၊ မိသားစုအခြေအနေ စသည်ဖြင့် အတိုအရှည်စုံလှစွာပင်။ ထိုသို့စုစည်းမထားသောအခမ်းအနားမျိုးဖြစ်မည်မဟုတ်ပါ။
ထိုအချက်အားစဉ်းစားကြည့်ကာ စုရွှေလျန်တစ်ယောက် ခွက်ထိုးခွက်လန်ရယ်လိုက်သောကြောင့် လင်းစစ်ယောင်ကလှမ်းကြည့်လိုက်သည်။ သူမသည် ခပ်မြန်မြန်ပင် အရယ်ရပ်လိုက်ပြီး ပြုံးကာဖြင့် မတ်မတ်ထိုင်လိုက်သည်။ သူမသည် သူ့အားသတိထားသည်မှာ တစ်စထက်တစ်စနည်းလာပေသည်။
"အားယောင် ရှင်ဒီနှစ်ဆို အသက်ဘယ်လောက်ရှိပြီလဲ"
အိမ်ပြန်လမ်းတွင် နှစ်ဦးသားသည် ဆောင်းဦး၏လေပြင်လေညင်းကြား၌ လူရှင်းနေသောလမ်းမထွက်တွင် စိတ်ပြေလက်ပျောက်လျှောက်လာကြသည်။ စုရွှေလျန်ကနှုတ်ခမ်းဆူကာ ရှက်ရှက်ဖြင့်မေးလိုက်သည်။
လင်းစစ်ယောင်က ထူးဆနန်းသောအကြည့်ဖြင့်ကြည့်လိုက်သည်။ ပုံမှန်အေးစက်နေသောလေသံက ညင်သာမှုအချို့ဖြင့်ပြည့်နှက်ကာ ပြန်ဖြေလိုက်သည်။
"မင်္ဂလာဦးညက မင်းကိုပြောပြပြီးပြီမလား"
"အမ်?"
သူပြောပြခဲ့သည်လော။ စုရွှေလျန်က မျက်လုံးပုတ်ခတ်ပုတ်ခတ်ဖြင့် လပြက္ဒဒိန် ရှစ်လပိုင်း (၈)ရက်မြောက်နေ့အား ပြန်စဉ်းစားကြည့်နေသည်။ ထိုနေ့တစ်နေ့လုံးအား ခေါင်းထဲတွင် ပြန်စဉ်းစားကြည့်ပြီးသော်လည်း သူသည် အသက်နှင့်ပက်သက်၍ ဘာမျှပြောမသွားချေ။
"ရှင်မပြောခဲ့ဖူးမလား"
လင်းစစ်ယောင်ကပြုံးကာ နှုတ်ခမ်းအား သူမမျက်လုံးနားသို့ကပ်လိုက်ပြီး
"ငါတို့ ဟိုဟာလုပ်နေတဲ့အချိန်တုန်းကလေ...."
"အား...."
သူမ၏ရှက်သွေးဖြာနေသောမျက်နှာကိုလျစ်လျူရှုကာ စုရွှေလျန်တစ်ယောက် အာမေဋိတ်သံပြုမိသွားသည်။ သူမက လင်းစစ်ယောင်၏နှုတ်ခမ်းအား သူမလက်လေးများဖြင့်အုပ်လိုက်ကာ ပတ်ဝန်းကျင်သို့ကြည့်လိုက်မိသည်။ ကံကောင်းစွာဖြင့်ပင် ညနေခင်းအချိန်ရှိပြီဖြစ်နေသောကြောင့် ရွာသားများသည် အိမ်ထဲတွင်အနားယူနေကြကာ လမ်းမထွက်တွင် ၎င်းတို့နှစ်ဦးတည်းသာရှိ၏။
သူမသက်ပြင်းချလိုက်မိသည်။ လက်ကိုလွှတ်လိုက်ကာ နောက်ပြန်ထားလိုက်ခါနီးတွင် လင်းစစ်ယောင်က ဆွဲယူလိုက်၏၊ သူမ၏လက်လေးများကို ဆုပ်ကိုင်ထားလိုက်ပြီး အိမ်ဆီသို့ဦးတည်သွားပေသည်။
“အားယောင်... ဒါက ပေါ်တင်ဆန်လွန်းတယ်မလား။"
စုရွှေလျန်၏စိတ်ထဲတွင် ရှက်သွားကာ လည်ပင်းအောက်မှနီရဲတက်လာပြီး အခွင့်ကောင်းမယူခံရရန် အတော်လေးရုန်းကန်နေရရှာသည်။
"မလှုပ်နဲ့"
လင်းစစ်ယောင်က အသံခပ်တိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။ သူသည် နံရံဖြူ၊ အုတ်ကြွပ်ပြားအမည်း၊ အနီရောင်တိုင်ဖြင့် ၎င်းတို့ပိုင်ဆိုင်သာအိမ်အားကြည့်လိုကသ်ည်။ ရုတ်တရက်တောက်ပသောအပြုံးဖြင့်
"ကိုယ်က အသက်(၂၃)နှစ်ရှိပြီ။ မွေးနေ့က ဆယ်လပိုင်း ဆယ်ရက်မြောက်နေ့။ မင်းကရော"
"ကျွန်မက (၁၅)နှစ် မွေးနေ့က သုံးလပိုင်းပထမဆုံးနေ့...."
သူမသည် လက်ရှိတွင် (၁၅)နှစ်ရှိပြီဖြစ်ကာ မွေးနေ့သည် ယခင်ကမွေးနေ့ပင်ဖြစ်သည်။
"မင်းက ဘာကြောင့် တိတ်သွားရတာလဲ"
လင်းစစ်ယောင်က သူမအားပွေ့ဖက်ထားလိုက်ပြီး နိမ့်ကျသွားသောခေါင်းလေးအား ကြည့်လိုက်မိသည်။
"ရွှေလျန် ကိုယ်အရင်ကပြောခဲ့သားပဲ။ ကိုယ်တို့က ခင်ပွန်းနဲ့ဇနီးလေ"
"ကျွန်မသိပါတယ်"
သူမက လျင်လျင်မြန်မြန်ပင် ခေါင်းညိတ်ပြလိုက်သည်။ အမှန်တွင် သူမသိသည်။ အမေဖြစ်သူက အိပ်မက်ထဲတွင်ပြောခဲ့သည်ကို မှတ်မိနေ၏။ ၎င်းတို့သည် ရင်းနှီးသောခံစားချက်များကို ဖလှယ်သင့်ကာ လပ်ထပ်ထားသောဇနီးမောင်နှံထက် သူစိမ်းနှင့်ပို၍တူသော အမေနှင့်အဖေကဲ့သို့ မဖြစ်သင့်ပေ။
***

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now