ဖုန်းယောင်၏သခင်

328 41 0
                                    

လယ်တောဆီမှလုပ်ကြံသတ်ဖြတ်သူအခန်း ၉၆ ။ ဖုန်းယောင်၏သခင်

"စစ်လင် မင်းလက်ရှိပိုင်ဆိုင်သမျှအားလုံးကို ဘယ်သူက ပေးခဲ့တယ်ဆိုတာ မမေ့နဲ့..." ဖုန်းချင်းယာ သည် လင်းစစ်ယောင်၊ စစ်ထို နှင့် အခြားသူများကို ကျောပေးရပ်လျက်ရှိသည်။ တရှီတောင်ဝင်ပေါက်ရှေ့တွင် ရပ်ကာ စကားလုံးတစ်လုံးစီကို အလေးပေးရင်း လင်းစစ်ယောင်ကို လှည့်ကြည့်လိုက်သည်။

" ငါထပ်ပြောမယ် စစ်လင်က မင်းလက်ချက်နဲ့ သေသွားပြီ။ ဘဝတစ်ခုက ကျေနပ်မှုတွေနဲ့ အာဃာတတွေအားလုံးကို အဆုံးသတ်ဖို့ လုံလောက်တယ်။" လင်းစစ်ယောင်သည် ဖုန်းချင်းယာနှင့် ပေအတော်အတန် အကွာတွင် ရပ်နေပြီး အေးစက်စွာ ပြန်ဖြေလိုက်သည်။

စစ်ထို ခန္ဓာကိုယ်တွင် ဒဏ်ရာများအများကြီးရခဲ့သည်။ စစ်ရှန်းနှင့် စစ်လော့တို့က သူ့ကို နှစ်ဖက်စလုံးတွင် စောင့်ရှောက်ထားခဲ့သည်။ သူတို့အားလုံး ဆန့်ကျင်ဘက်တွင် ရပ်နေသော ဖုန်းချင်းယာကို ဂရုမစိုက်ဘဲ ဒေါသကို ဖုံးကွယ်ထားသည့် မျက်လုံးများဖြင့်ကြည့်နေလိုက်သည်။

"ဟားဟား ရယ်စရာကောင်းလိုက်တာ။ မင်းကြောင့်ပဲ ငါ့အဖေက ငါ့ရဲ့ဖြစ်တည်မှုကို သတိမပြုခဲ့တာကွ။ ငယ်ငယ်ကတည်းက တစ်ခုခုဖြစ်လာတဲ့အခါ သူစိတ်ထဲမှာ မင်းကပထမဆုံးလူပဲ။ ဟမ့် စစ်လင် မင်း အသက်ရှင်နေတာကိုမပြောနဲ့ မင်းရဲ့အလောင်းကိုတောင် အကြိမ်ပေါင်း ရာထောင်ချီပြီး သုတ်သင်ပစ်ချင်သေးတယ်။ မင်းအရင်ကဘာပြောခဲ့လဲ မင်းရဲ့သေခြင်းတရားက ကျေနပ်မှုတွေနဲ့ အာဃာတတွေကို ကုန်ဆုံးသွားစေတာလား ..."

"ဖုန်းချင်းယာ၊ မင်းက ဆရာကြီးရဲ့သားမို့ ငါတို့က မင်းကို လေးစားခဲ့တယ်။ မင်းက ဘယ်လိုလဲ၊ မင်းက ငါတို့ ညီအစ်ကိုတွေကို အချင်းချင်း သတ်ခိုင်းခဲ့တယ်။ မင်းက ပြင်ပ လူတွေဖြစ်တဲ့ သွေးဂိုဏ်းနဲ့ ပေါင်းစည်းခဲ့တယ်။ ဆရာကြီးသာ ကောင်းကင်ကနေဒါကိုသိခဲ့ရင် မင်းလိုသားမျိုးကိုပြုစုပျိုးထောင်ပေးမိတဲ့အတွက် နောင်တရနေလိမ့်မယ်..." စစ်ရှန်းသည် ဖုန်းချင်းယာ၏စွပ်စွဲချက်ကို အေးစက်စွာ ရင်ဆိုင်ခဲ့သည်။

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Onde histórias criam vida. Descubra agora