ခုနှစ်လပိုင်း၏ခုနှစ်ရက်မြောက်နေ့

1K 145 1
                                    

[Unicode]
လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ
အခန်း ၁၁။ ။ ခုနှစ်လပိုင်း၏ခုနှစ်ရက်မြောက်နေ့

   "ဟား"

   စုရွှေလျန်သည် သစ်သားရေချိုးဇလုံကို စိမ်ပြေနပြေမှီ၍အနားယူနေကာ စိတ်ကျေနပ်သည့်ညည်းတွားသံလေးထွက်ပေါ်လာသည်။

   သုံးလခန့်ရေမချိုးသည့်နောက်တွင် ယခုအကြိမ်ရေစိမ်ခြင်းသည် အတိသုခပင်ဖြစ်သည်။

   ရေနွေးနွေးအား သူမ၏နူးညံ့ကာကျောက်စိမ်းရောင်သမ်းနေသောပုခုံးများပေါ်သို့ လောင်းချလိုက်သည်။ စုရွှေလျန်သည် ခါးထိရှည်သောကျစ်ဆံမြီးအားဖြေချထားကာ ရေနွေးထဲတွင် သူမဘာသာ တစ်ဝက်မျှနစ်မြုပ်စေသည်။

သူမသည် တဲထဲတွင်နေနေသည်မှာ လပေါင်းများစွာကြာပြီဖြစ်သည်။ ရေပေါသော်လည်း ရေချိုးရန်အထိ နွေးနေခြင်းမဟုတ်ပေ။ ဆပ်ပြာနှင့်ခေါင်းလျှော်ရည်ကဲ့သို့သော် တစ်ကိုယ်ရေသုံးသန့်ရှင်းရေးပစ္စည်းများမရှိသည်မှာ ပျော်စရာပင်မလိုပါ။ ထိုအရာများသည် ရိုးရှင်းသောပစ္စည်းများဖြစ်သော်လည်း တစ်ခုမှမရှိပေ။ ထင်းမီးကိုကြည့်ကာ စုရွှေလျန်၏စိတ်က စတင်ခြေဦးတည်ရာမရှိသွားလာနေပေသည်။ သူမ၏ယခင်ဘဝ စုအိမ်တော်၏အကြီးဆုံးသမီးဖြစ်ခဲ့သည်မှာ  လက်တွေ့ဆန်သောအိပ်မက်သာသာမျှသာဖြစ်သည်။ ယခုတွင် မိဘမဲ့မိန်းကလေးအဖြစ်နိုးထလာကာ သူမ၏အိမ်သည် မည့်သည့်အရပ်တွင်ရှိသည်ကိုပင် မသေချာပေ။

   စုရွှေလျန် သက်ပြင်းချမိသည်။ ထားလိုက်ပါလေ။ အတိတ်သည် အတိတ်မျှသာဖြစ်သည်။ သူမသည် ယခုနေရာတွင် ရှိနေပြီးဖြစ်ကာ အမေနှင့်အစ်ကိုသည် သူမအကြောင်းစဉ်းစားမိရန်သာ ဆုတောင်းနိုင်ပေသည်။ ကူးပြောင်းလာပြီးဖြစ်သည့်အတွက် ယခုနေရာမှဘဝကိုနှစ်ခြိုက်ကာ ကောင်းကောင်းမွန်မွန်ရှင်သန်ရမည်ပင်။

   စူးရှကာကြည်လင်သောတံခါးခေါက်သည် အခန်းအပြင်မှ ထွက်ပေါ်လာသည်။ တံခါးခေါက်သံနှင့်အတူ ရင်းနှီးနေသောအသံတစ်သံကိုလည်း ကြားလိုက်ရသည်။

   "စားဖို့အချိန်ကျပြီ"

   "ဪ ဪ ကျွန်မလာခဲ့ပါ့မယ်"

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Waar verhalen tot leven komen. Ontdek het nu