အစီအစဉ်နှစ်ခု

608 65 2
                                    

လယ်တောဆီမှလုပ်ကြံသတ်ဖြတ်သူအခန်း ၁၀၀ ။ ။အစီအစဉ်နှစ်ခု

"အား..." မွေးဖွားခန်းအဖြစ် အသုံးပြုနေသော အနောက်တောင်ပံအိပ်ခန်းမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ စူးရှသော အော်သံကြောင့် အပြင်မှာ စောင့်ဆိုင်းနေရသော လင်းစစ်ယောင်သည် တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ တိုးဝင်လုနီးပါး ဖြစ်သွားခဲ့သည်။

သို့သော်လည်း သူဘယ်လောက်ပဲ ဝင်ချင်နေပါစေ ဖြူဖပ်ဖြူရော်မျက်နှာဖြင့် အပြင်မှာ စောင့်နေရဆဲဖြစ်သည်။ လျန်မော့မော့က သူ့ကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး ယောက်ျားဖြစ်သူက ဝေဒနာခံစားနေရသည့် အမျိုးသမီးဖြစ်သူ၏သွေးကိုမြင်ခဲ့လျှင် သူတို့ နှစ်ယောက်စလုံးမှာ ကံကြမ္မာဆိုးနှင့် ကြုံရလိမ့်မည်ဟု ပြောခဲ့သည်။

ကံကြမ္မာဆိုးလား? ယခင်အခြေအနေမျိုးဆိုလျှင် ဤစကားများကို သူဘယ်တော့မှ မေ့မှာမဟုတ်ပါ။ သူ့လက်များတွင် သွေးများအများကြီးပေနေခဲ့သည်မဟုတ်လား ။

ယခုမူကား သူတစ်ယောက်တည်း မဟုတ်ပေ။ သူ့တွင် ဝေဒနာကြောင့် နာကျင်စွာ ငိုကြွေးနေသော အမျိုးသမီး ရှိပါသည်။ သူမ အမွှာများကို ဘေးကင်းစွာ ကယ်တင်ရန်အတွက် သူ့ကိုယ်သူ ထိန်းထားရလေသည်။

"ဦးလေး..." တော်၀င်သမားတော်ကို ခေါ်ယူရန် အင်ပါယာမြို့သို့ စေလွှတ်ခံရသော စစ်ထူယွင်သည် နောက်ဆုံးတွင် ရောက်လာခဲ့သည်။ အိမ်အကူများ၊ အစေခံများနှင့် အစောင့်များ၏ မျက်ရည်ကျသော မျက်လုံးများဖြင့် နှုတ်ဆက်ခံလိုက်ရပြီး အိမ်ထဲသို့ ပြေးဝင်ကာ လင်းစစ်ယောင်အား ပြောလိုက်သည်။ "ဦးလေး၊ တော်၀င်သမားတော်... သမားတော်က ဒီမှာရောက်နေပြီ။ သူ့အလုပ်သင်လည်း ဒီမှာပဲ။ ကလေးမွေးဖွားရာမှာ အမှားအယွင်းမရှိလို့ နာမည်ကြီးတဲ့ မိန်းကလေး ရှီယွဲ့ ပါ။ "

"သူတို့ဘယ်မှာလဲ" လင်းစစ်ယောင်က သူ့ကို စိုက်ကြည့်လိုက်သည်။ ဤကလေးစုတ်သည် ရွှေလျန် မွေးပြီး ခဏအကြာမှလာဝံ့လျှင် သို့မဟုတ်... သူ အချိန်မီမလာဘူးဆိုလျှင် သူတို့ ဘာလုပ်ကြမလဲ။ လင်းစစ်ယောင်သည် ဆက်မတွေးဝံ့တော့ပေ။

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now