အခန်း ၄ ထွက်ခွာရန် အသင့်

1.2K 144 1
                                    

[Unicode]
လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ

အခန်း ၄။ ။ ထွက်ခွာရန် အသင့်

"ဟူး" စုရွှေလျန်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ကိုယ်ကိုမတ်၍ နာကျင်နေသောခါးကို ပွတ်သပ်လိုက်ပြီး အလုပ်ကို လက်စသတ်လိုက်လေသည်။

ထို့နောက် အခြောက်လှန်းပြီးသား မှိုရိုင်းများကို ပိုးစဖြင့် ထုပ်ပိုးပြီးနောက် အိတ်ထဲထည့်လိုက်သည်။

ထိုမှိုများကို လွန်ခဲ့သည့် ရက်အနည်းငယ်က တောတစ်ခွင် စူးစမ်းလေ့လာရင်း ပင်စည်မှာ ရေညှိတက်နေသော သစ်ပင်များအောက်တွင် တွေ့ခဲ့ခြင်းဖြစ်သည်။ ပထမတော့ ထိုမှိုများ အဆိပ်ရှိမရှိ သူလည်း မသေချာပေ။ သို့သော် အတန်ငယ် အကဲခတ်ကြည့်သည့်အခါ အနီးအပါးမှ ဖြတ်သန်းသွားကြသော ရစ်ငှက်များသည် ထိုမှိုများကို နှုတ်သီးဖြင့် ထိုးဆိတ်ကြ စားသောက်ကြသည်ကို တွေ့ရသည်၊ ပြီးတော့ ထိုငှက်များတွင် အဆိပ်သင့်သည့် လက္ခဏာ ဘာမှ မတွေ့မြင်ရပေ။ ထို့ကြောင့် သူလည်းပဲ တုတ်တစ်ချောင်းကို ယူပြီး ထိုမှိုများကို ဝံ့ဝံ့ရဲရဲ တူးယူလာခဲ့ခြင်း ဖြစ်သည်။

သူသည် အသားပြုတ်ထဲသို့ မှိုအနည်းငယ် ထည့်ကြည့်လိုက်သည့်အခါ ဟင်းအရသာ အလွန်ကောင်းလာကြောင်း တွေ့ရသည်။ အသားပြုတ်ဟင်းတစ်ခွက် ဖန်တီးရခြင်းသည်ပင် လွယ်ကူရိုးရှင်းသော ကိစ္စတော့ မဟုတ်ပေ။ သို့နှင့်ပင် သူလည်း ထင်းရှာ မီးမွှေးပြီး ပေါ့ရွှတ်၍ အရသာမရှိသော ကျားသားစွပ်ပြုတ်ဖြင့် စခဲ့ရသည်ကို ပြန်တွေးကြည့်မိသည်။ ချဉ်ချဉ်ငန်ငန် အရသာရှိသော ဟင်းအနှစ်တစ်မျိုး လုပ်တတ်လာမှသာ သူ့အသားပြုတ်ဟင်းမှာ အရသာ နည်းနည်းပါးပါး ရှိလာခဲ့ပေသည်။ ယခုတော့ သူ ရှာတွေ့ခဲ့သော မှို၏ကျေးဇူးဖြင့် သူ့ဟင်းမှာ အရသာစုံလင်လာခဲ့လေပြီ။

စုရွှေလျန် သည် မှိုခြောက်ထုပ်ကြီးကို ကြည့်ပြီး ပီတိဖြစ်နေမိသည်။ မှိုထုပ်ကြီးမှာ များစွာမလေးလှသော်လည်း သူ့တစ်ကိုယ်စာ စားဖို့အတွက် လပေါင်းများစွာ ဖူလုံပေလိမ့်မည်။

"အု...အု...အု" ထိုအချိန်မှာပင် ဝံပုလွေပေါက်လေးနှစ်ကောင်သည် ဂူထဲသို့ အပြေးအလွှား ဝင်လာလေသည်။ ပြီးတော့ စုရွှေလျန်၏ ဘောင်းဘီအနားစများကို ဖွဖွလေး ကိုက်ဆွဲကြသည်မှာ သူ့ကို ဂူအပြင်ဘက်သို့ ဆွဲခေါ်နေကြသလိုပင်။ စုရွှေလျန်လည်း ဘယ်လိုမှ မငြင်းဆန်နိုင်ဘဲ ဝံပုလွေပေါက်လေးနှစ်ကောင် ဆွဲရာနောက်သို့ ဂူပေါက်ဝထိ ပါသွားလေတော့သည်။

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now