သင်ကြားခြင်းအခကြေးငွေ

687 88 2
                                    

[Unicode]
လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ
အခန်း ၄၈။ ။သင်ကြားခြင်းအခကြေးငွေ

လပြက္ခဒိန်(၈)လပိုင်းမြောက် (၁၅)ရက်နေ့မနက်စောစောတွင် စုရွှေလျန်သည် အိပ်ခန်းသန့်ရှင်းရေးလုပ်ပြီးဖြစ်ကာ မနက်စာလုပ်နေသောလင်းစစ်ယောင်အား ကူညီပေးရန် မီးဖိုချောင်ထဲသို့ဝင်လာသည်။
သူမသည် ကူညီရန် ရည်ရွယ်ထားသော်လည်း သူမလုပ်နိုင်သည်မှာ ပန်းကန်ပြားများနေရာချကာ ပစ္စည်းများပို့ပေးရန်သာဖြစ်သည်။ လင်းစစ်ယောင်က သူမအား ချက်ခွင့်မပြုထားပေ။ ပြောင်းရွှေ့သည်အချိန်မှစ၍ သူမတစ်ခါသာ ချက်ပြုတ်ရပေသည်။
အခြားစကားဖြင့်ဆိုရလျှင်...
လွန်ခဲ့သောသုံးရက်က သူမသည် ရှီချွေ့အား ဖီးနစ်နှစ်ကောင်ပန်းထိုးခြင်းအား ကူညီပေးခဲ့သည်။ အိမ်မှုကိစ္စအားလုံးအား လင်းစစ်ယောင်ဆီသို့ ပစ်ချထားရသည်။ သို့သော် ယခုတွင် သူမသည် ပန်းထိုးခြင်းပြီးပြီဖြစ်ကာ အားနေပေသည်။ လင်းစစ်ယောင်က သူမအား ရေပင်ထိခွင့်မပြုပေ။ အဝတ်လျှော်ခြင်း၊ ဟင်းသီးဟင်းရွက်ဆေးခြင်း၊ အပင်စိုက်ခြင်းနှင့် အခြားသောကိစ္စများအားလုံးသည် လင်းစစ်ယောင်လုပ်ခြင်းဖြစ်သည်။
သူမသည်လည်း အကြိမ်များစွာကူညီပေးချင်ပါသော်လည်း သူ၏အကြည့်အောက်တွင် သူမငြိမ်သက်နေရသည်။
ထို့နောက်တွင် သူမသည် နေ့အချိန်တွင် မလုပ်နိုင်လျှင် ညဘက်တွင်ကြိုးစားရပြန်သည်။ လူနှစ်ဦးသည် ဘေးချင်းယှဉ်ကာ ရစ်ပတ်ချည်နှောင်နေပြီး သူမကလည်ပင်းသည် ရှက်သွေးကြွယ်ကာနီရဲနေသည်။
"မင်းမနက်ဖြန်ကျ ထပ်စမ်းကြည့်ချင်သေးလား"
ထိုသို့ဖြင့် လေးညကုန်ဆုံးပြီးနောက်တွင် စုရွှေလျန်သည် ထိုဗျူဟာအား စွန့်လွှတ်လိုက်ပေသည်။
သို့သော် အမှန်တွင် နူးညံ့သောသူမသည် အားကောင်းသောသူ့အား မည်သို့တတ်နိုင်မည်နည်း။ ထို့အပြင် လက်ရှိအိမ်အလုပ်ခွဲဝေခြင်းသည် သူမအပေါ်တွင် များစွာသက်ညှာထားသည်မဟုတ်လော။ သူမသည် အိပ်ရာကိုသာ သန့်ရှင်းရကာ မနက်ပိုင်းတွင်ဝတ်ရမည်ကိုသာ ရွေးချယ်ရသည်။ ကျန်သောအိမ်မှုကိစ္စအားလုံးကို လင်းစစ်ယောင်က သူ့ခြေသူ့လက်ဖြင့် လုပ်ခြင်းဖြစ်သည်။
သူမသည် လင်းစစ်ယောင်တစ်ယောက် ထိုမျှလောက် များစွာလုပ်ခြင်းအတွက် စိတ်ဓာတ်ကျနေပေသည်။ သူမသည် သူ၏တာဝန်များကိုခွဲဝေယူချင်သော်လည်း သူမအား ကျွမ်းကျင်စွာကိုင်တွယ်ကာ ဝါးမျိုတတ်သောကြောင့် မယဉ်ကျေးရာနေကာ သူမသည်လည်း မယဉ်ကျေးနိုင်တော့ပေ။ သူမသည် မြင့်မြတ်သောမိသားစုမှဖြစ်သောကြောင့် ထိုသို့မလုပ်နိုင်ဟု စဉ်းစားနေပါသည်လော။ သူမ၏ဒေါသအား လွှတ်မချသေးပါ။ ယခုတွင် သူမသည် ဇနီးမယားတစ်ယောက်ဖြစ်ပြီဖြစ်သောကြောင့် ထိုသို့လုပ်ရန် အရည်အချင်းပြည့်မှီပြီဖြစ်သည်။
“ရှစ်နျန်*——”
အိမ်ပြင်မှ ရုတ်တရက်ခေါ်လိုက်မှုကြောင့် မီးဖိုချောင်ထဲသို့သွားနေသော စုရွှေလျန်၏ခြေလှမ်းများရပ်တန့်သွားသည်။
(ရှစ်နျန် 师娘 - ဆရာ့ရဲ့မိန်းမကိုခေါ်တာ)
“တပေါင်?”
ဝင်လာသောသူကိုတွေ့လိုက်သောအခါတွင်မူ သူမစိတ်သက်သာရာရသွားသည်။
နေ့အလင်းတွင် သူမအား ရှစ်နျန်ဟုခေါ်ခြင်းသည် အနှောင့်အယှက်မဖြစ်ကာ သူသည် အဒေါ်ထျန်း၏ ချစ်လှစွာသောသား ထျန်းတပေါင်ပင်ဖြစ်သည်။
“တပေါင် မနက်စာစားပြီးပြီလား”
စုရွှေလျန်က တံခါးနားတွင်ရပ်ကာ အထဲဝင်မလာရဲသော တပေါင်အား လက်ပြကာ ညင်သာစွာမေးလိုက်သည်။
"စားပြီးသွားပါပြီ။ ရှစ်နျန်...ဆရာ..သူက...."
ထျန်းတပေါင်က မိမိအဝတ်များကိုပြန်ဆွဲကာ ခြံဝန်းထဲသို့စိုက်ကြည့်ကာ ရှာဖွေနေသည်။ လင်းစစ်ယောင်အား မည်သည့်နေရာတွင်မှရှာမတွေ့သောကြောင့် မျက်လုံးများက စိတ်ချမှုနှင့် စိတ်ပျက်မှုနှစ်မျိုးလုံးအား ဆန့်ကျင်သောအရိပ်အယောင်မျိုးပြသနေသည်။
“အရင်ဝင်လာခဲ့”
စုရွှေလျန်သည် သူ၏ခံစားချက်ကိုနားလည်သောကြောင့် ရယ်ကာမောကာဖြင့် အထဲဝင်ရန် လက်လှမ်းပြလိုက်သည်။
၎င်းတို့အိမ်၏တံခါးအား လင်းစစ်ယောင်တစ်ယောက် တောင်ဆီသို့ ရှောင်ချွမ် သို့မဟုတ် ရှောင်ရွှယ်အားခေါ်ကာသွားပြီး နေဝင်ပြန်သည့်အချိန်အထိ သော့ပိတ်ထားသည်။ မလိုမုန်းထားရှိသောသူများ၊ မကောင်းသောရည်ရွယ်ချက်ဖြင့်သူများ ဝင်လာမည်ကို မျှော်လင့်မထားသော်လည်း ထိုသို့လုပ်ခဲ့ပေသည်။
လင်းစစ်ယောင်၏ဆုံးဖြတ်ချက်ဖြစ်သောကြောင့် စုရွှေလျန်စိတ်မပူပေ။ သူနှင့်အိမ်မှာရှိလျှင် လုံခြုံစိတ်ချမှုအား မပူခဲ့ပေ။ ထို့အပြင် သူမသည် ဆောင်းဦးရာသီ၏နေရောင်အောက်တွင် ခြံဝန်းအလယ်၌ လှဲလျောင်းနေသောဝံပုလွေပေါက်နှစ်ကောင်အား ကြည့်လိုက်ပေသည်။ Ah Yaooည် နေ့စဉ် ၎င်းတို့အား လေ့ကျင့်ပြီးသည့်နောက်တွင် ရက်စက်ကြမ်းကြုတ်ကာအရွယ်ရောက်လာသောဝံပုလွေများဖြင့်တူပေသည်။
ထျန်းတပေါင်က ရှက်ရွှံ့စွာဖြင့် ခြေလှမ်းခပ်ကျဲကျဲဖြင့်ဝင်လာပြီး စုရွှေလျန်နောက်မှ မီးဖိုချောင်နောက်သို့ လိုက်လာသည်။
"ဆရာ...ဆရာ..."
သူ၏အမြင်အာရုံအားဖမ်းစားသွားသောသူမှာ မီးဖိုရှေ့တွင်ရပ်ကာ အင်္ကျီလက်များကိုခေါက်တင်၍မန့်ထုံများအပူပေးနေသော လင်းစစ်ယောင်ပင်ဖြစ်သည်။ ထျန်းတပေါင်မျက်လုံးပြူးသွား၏။ ထိုသူသည် သူ၏ဆရာပင်လော။ သူသည် အဘယ့်ကြောင့် မိန်းမတစ်ယောက်ကဲ့သို့ချက်ပြုတ်နေရပါသနည်း။
သူက ဆရာကတော်အားချောင်းကြည့်လိုက်သည်။ သူမသည် စားပွဲပေါ်တွင်တူများချခြင်းမှအပ အခြားမည်သည့်အရာကိုမှမလုပ်ဘဲ ဆရာဖြစ်သူကိုသာ ပြုံး၍ကြည့်နေသည်။ ထျန်းတပေါင်စိတ်သည် ရှုပ်ထွေးသွားရ၏။
"ဒူးပြန်ကောင်းသွားပြီလား"
လင်းစစ်ယောင်က မော့မကြည့်ဘဲ မေးလိုက်၏။ စားလက်စဆန်ပြုတ်ပန်းကန်ကိုချကာ ပြောလိုက်သည်။
စုရွှေလျန်သည် ခေါင်းမော့လိုက်ကာ ဆိုလိုသည်ကိုမေးခါနီးတွင် သူမမေးခွန်းများမေးခြင်းမှကာကွယ်ရန် မန့်ထုံအသေးလေးတစ်လုံးအား ပါးစပ်ထဲသို့ထိုးထည့်လိုက်ကာတားဆီးလိုက်၏။
"ကောင်းသွားပါပြီ ဆရာ"
မီးဖိုချောင်တံခါးဘေးတွင်ရပ်နေသော ထျန်းတပေါင်သည် လင်းစစ်ယောင်စကားများနောက်ကွယ်မှအဓိပ္ပာယ်ကိုနားလည်သွားည်။ ဆရာဖြစ်သူက ဆရာကတော်အား ခွံ့ကျွေးလိုက်သောမြင်ကွင်းက မေးပြုတ်ကျလုမတတ်ဖြစ်သွားရ၏။ ဆရာကတော်သည် အရွယ်ရောက်ပြီးသားသူတစ်ယောက်မဟုတ်လော။ သူမသည် ထိုသို့ခွံ့ကျွေးရန် လိုအပ်သည်လော။ သူ၏မိခင်သည်ပင် ယခင်ကဘယ်သောအခါမှ ခွံ့မကျွေးခဲ့ဖူးပေ။
စုရွှေလျန်က အမှုမဲ့အမှတ်မဲ့ဖြင့်မော့ကြည့်ကာ ထျန်းတပေါင်ကြောင်အမ်းအမ်းဖြစ်နေသောအမူအရာကို ရိပ်မိလိုက်သည်။ လင်းစစ်ယောင်၏ခွံ့ကျွေးလိုက်သောအမူအရာကြောင့်ပင်။ သူမ၏ပါးများသည် ရဲတက်လာ၏။
"အဲ့လိုထပ်မလုပ်ပါနဲ့...."
"ဘာကိုလုပ်တာလဲ"
လင်းစစ်ယောင်သည် ခပ်တုံးတုံးဟန်ဆောင်လိုက်ပြန်၏။ လက်ဖြင့်ဆက်လက်ခွံ့ကာ အေးဆေးတည်ငြိမ်စွာမေးလိုက်၏။
"ပါးစပ်ဟ"
သူ၏တည်ငြိမ်သောအသံခပ်နိမ့်နိမ့်က ပျော်ရွှင်မှုစွက်နေသည်။ သတိမမူမိစွာဖြင့် သူပြောသကဲ့သို့ လုပ်ခဲ့ပေသည်။ သူမအားနောက်တစ်ခေါက်ခွံ့ခြင်းအောင်မြင်သွားပေသည်။
“လင်းစစ်ယောင်”
သူမအသိဝင်လာသောအခါတွင် ပါးများမှမန့်ထုံဖြင့်ဖောင်းကားနေကာ စိတ်ပျက်စွာအော်လိုက်မိသည်။
"ဟဟ...."
လင်းစစ်ယောင်၏မျက်နှာတွင်အပြုံးတစ်ပွင့်ဖြတ်သန်းသွားကာ သေသေချာချာထုံးဖွဲ့ထားသော လင်းယွင်ဆံထုံးအား ဖွလိုက်သည်။ နဖူးစပ်မှ ဆံစလေးများက ကျလာကာ သူမနားနောက်သို့ ညင်သာစွာထည့်ပေးလိုက်သည်။
"ကိုယ် တပေါင်ကို မြစ်ကမ်းနားခေါ်သွားလိုက်မယ်။ မင်းစားလို့ပြီးရင် ဒီနေရာကိုသန့်ရှင်းထားပါဦး။ တခြားဘာမှမလုပ်နဲ့။ နားလည်လား။ အဲ့လိုမှမဟုတ်ရင်တော့...."
လင်းစစ်ယောင်အသံတိမ်ဝင်သွားကာ နားလည်ရခက်သောအကြည့်ဖြင့် သူမအား ကြည့်လိုက်၏။
အမှန်တွင် သူမသည် "အဲ့လိုမှမဟုတ်ရင်တော့...."စကား၏နောက်မှ လာမည့်စကားအား ရှင်းရှင်းလင်းလင်းသိသည်။ ချက်ချင်းပင် ပါးများနီရဲတက်လာကာ နားထိပ်နှင့်လည်ပင်သည်ပင်း ခြောက်ကာရဲလာ၏။ ထိုသူသည် ရွှတ်နောက်တတ်လာသောအခါတွင် နေ့အချိန်တွင်ပင် ထိုသို့သောကိစ္စမျိုးအား ပြောရဲလာပေသည်။ သူသည် အခြားသူတစ်ယောက်ရှိနေသည့်အခါတွင်ပင် ပြောရဲလာပေ၏။
လင်းစစ်ယောင်၏အပြုံးနှင့် ထျန်းတပေါင်၏အူကြောင်ကြောင်အပြုအမူကိုကြည့်ကာ စုရွှေလျန်တစ်ယောက် ပါးနှစ်ဖက်ကိုပုတ်ကာအရှက်ဖြေလိုက်သော်လည်း စိတ်မတည်ငြိမ်နိုင်သေးပေ။ ယခုချိန်ထိ ထိုခံစားချက်သည် မဆိုးဝါးလှပါ။ ပျော်စရာကောင်းသည်ဟု ခံစားရသည်လော။ သူမသည်လည်း ထူးဆန်းလာသည်လော။
“မိန်းကလေး?”
စုရွှေလျန်သည် မနက်စာစားပြီးနောက်တွင် ပန်းကန်များကိုပန်းကန်ဆေးစင်ပေါ်တွင်ထားကာ စားပွဲကိုသုတ်ပြီး လက်ဆေးနေပေသည်။ သူမသည် ပန်းထိုးကာ ဆောင်းရာသီဝတ်များအားလေ့လာမည်ဟုလုပ်ခါနီးတွင် အဒေါ်ထျန်း ရောက်လာသည်။
“အဒေါ်ထျန်း၊ တပေါင်ကိုလာရှာတာလား။ အားယောင်က သူ့ကိုချက်ချင်းပဲ မြင်းရပ်နည်းကို လေ့ကျင့်ပေးနေတယ်"
စုရွှေလျန်က တောင်ဘက်ပြတင်းပေါက်ကိုလက်ညှိုးထိုးကာပြောလိုက်သည်။ ထိုနေရာမှနေ၍ မြစ်ဘေးလယ်ကွင်းရှိ လင်းစစ်ယောင်နှင့် ထျန်းတပေါင်တို့၏မြင်ကွင်းအား ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ တစ်ယောက်သည် လက်ကိုကျောနောက်ပစ်ကာ အခြားတစ်ယောက်သည် မြင်းရပ်တည်ချက်ကိုလေ့ကျင့်နေပေသည်။
"ဟီးဟီး ဒီမျိုးမစစ်လေး သူအားယောင်နဲ့တွေ့ပြီးတော့ ခေါင်းမာတတ်နေပြီ"
အဒေါ်ထျန်းက ငွေစငါးစကိုယူကာ စုရွှေလျန်အားပေးလိုက်သည်။ စုစုပေါင်းကြေးပြား(၅၀၀)ခန့်မျှနှင့်ညီမျှသည်။
"ဒီမှာမိန်းကလေး အဒေါ်ထျန်းက လုပ်ထုံးလုပ်နည်းတွေလုပ်တတ်ပါတယ်။ ဒီမှာယူလိုက်ပါ။ တပေါင်ကို တပည့်အဖြစ်လက်ခံတဲ့အခကြေးငွေလို့ပြောလို့ရပါတယ်။ လက်ခံပေးပါ"
အဒေါ်ထျန်းက စုရွှေလျန်လက်ကိုဆွဲကာ ငွေစများကိုပြောပြောဆိုဆိုဖြင့်ထည့်ပေးလိုက်သည်။
"မဟုတ်တာ မဟုတ်တာ။ အဒေါ်ထျန်း ဘာလုပ်တာလဲ။ တပေါင်ကို တပည့်အဖြစ်လက်ခံတာက ငွေလိုချင်လို့မှမဟုတ်တာ"
စုရွှေလျန်က ခေါင်းခါပြပြီး ငွေယူရန်ငြင်းဆန်နေသည်။ မလုံသောကြောင့်မဟုတ်ပေ။ ငွေစများသည် ထျန်းအိမ်အတွက် လုံလောက်ငွေပမာဏဖြစ်နေကာ သူမလက်မခံနိုင်ပေ။
လင်းစစ်ယောင်သည်လည်း မည်သည့်အခါမျှငွေယူရန်ရည်ရွယ်ချက်ဖြင့် တပည့်လက်ခံမည်မဟုတ်သည်ကို သူမယုံကြည်သည်။
"မိန်းကလေး ငါပြောတာနားထောင်ပါ။ ငါတပေါင်အဖေနဲ့လည်း ပြောပြီးသွားပြီ။ ဒါက တပေါင်ရဲ့တနှစ်စာတပည့်ခံကြေးပါ။ အခြားပေးတာတွေလောက်မများဘူးဆိုတာသိပါတယ်။ ဒါပေမဲ့...."
"အဒေါ်ထျန်း ကျွန်မငွေတော့လက်ခံမှာမဟုတ်ဘူး။ ဒီလိုပေးဖို့ဆက်တိုက်တွန်းနေမယ်ဆိုရင် အားယောင်ကိုပဲ သွားပေးလိုက်ပါ"
သို့သော် သူသည်လည်း ငွေလက်ခံမည်မဟုတ်ပေ။ စုရွှေလျန်ခေါင်းခါကာ ငွေစများကိုလက်ခံရန် အကြောက်အကန်ငြင်းဆန်နေသည်။
အဒေါ်ထျန်းသည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ငွေစကိုပြန်ယူလိုက်မှသာ စုရွှေလျန်သည် စိတ်ထဲတွင်စိတ်သက်သာရာရသွားသည်။ လင်းစစ်ယောင်လည်းအတူတူပင်လုပ်လိမ့်မည်ဖြစ်သည်။ ထိုငွေစများသည် တပေါင်၏အနာဂတ်ပင်ဖြစ်သည်။
သားဖြစ်သူသည် ဆေးဆရာပြောသကဲ့သို့ အပြည့်အဝပြန်ကောင်းနိုင်သည်ကို ဘုရားပင်သိပေမည်။ သူသည် အသက်ကိုးနှစ်အရွယ်သာရှိနေသေးလျှင် မည်သည့်မိန်းကလေးသည် သူ့အားလက်ထပ်ချင်မည်နည်း။ တဖူသည်သာ အလုပ်လုပ်နိုင်သေးပြီး ငွေစုနိုင်လျှင် ထိုသို့ဖြစ်ရန်မကြာတော့ဟု ဆိုလိုခြင်းပင်ဖြစ်သည်။
တပေါင်က ဆရာအဖြစ် သတ်မှတ်ပါသော်လည်း သူမသည် ငွေယူရမည်ကို မကြိုက်ပေ။
စိတ်ထဲရှိအတွေးများဖြင့် အဒေါ်ထျန်းက အိမ်သို့မပြန်ခင် စုရွှေလျန်အား စကားအချို့ပြောခဲ့သည်။ သူမသည် အုတ်လမ်းဆီမှ မြစ်ကမ်းဘေးသို့လျှောက်လာသည်။ သူမသည် မည်မျှပင်ထိုငွေများအားယူရန် ဆန္ဒမရှိလျှင်လည်း ကိစ္စမရှိ‌ပေ။ တပေါင်က သိုင်းပညာသိခြင်းမသိခြင်းသည်သာ အဓိကကျသည်။
သူမမျှော်လင့်ထားသည့်အတိုင်းပင်။ စုရွှေလျန်သည် တောင်ဘက်ပြတင်းပေါက်သို့မျှော်ကြည့်လိုက်ကာ။ အဒေါ်ထျန်းနှင့် လင်းစစ်ယောင်စကားပြောနေသည်ကိုတွေ့ရသည်။ သူမကခေါင်းခါပြလိုက်ပြီး ရယ်မောလိုက်၏။
"မိန်းကလေး...."
အဒေါ်ထျန်း၏မျက်နှာသည် နီရဲနေပေသည်။ အခန်းထဲသို့ပြန်ဝင်လာသောအခါတွင် အဒေါ်ထျန်းက ရှက်ရှက်ဖြင့်ရယ်ပြလိုက်၏။
"မိန်းကလေး မင်းတို့နှစ်ယောက်က ငွေယူဖို့ငြင်းဆန်နေမှတော့ ငါလည်းထပ်ပြီးမတိုက်တွန်းတော့ပါဘူး။ ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ။ ဒီနေ့ကဆောင်းဦးဆိုတော့ မင်းတို့နှစ်ယောက် ဒီနေ့နေ့လည်စာလာစားကြရင်ဘယ်လိုလဲ။ ငါတို့က တပေါင်ကို ဆရာတစ်ယောက်ကလက်ခံလို့ တရားဝင်ပြုစုပေးတာဆိုလည်းဟုတ်တာပေါ့။ မင်းတို့မီးမမွှေးရသေးဘူးမလား"
"မလိုပါဘူး။ အဒေါ်ထျန်း ကျွန်မတို့ကဟင်းတွေပြင်ပြီးပါပြီ...."
စုရွှေလျန်က မီးဖိုပေါ်ရှိသရေစာများကိုညွှန်ပြလိုက်ကာ "ကြည့်လိုက်။ ကျွန်မတို့ကပြင်တောင်ပြင်ဆင်ပြီးသွားပြီ"
"အဲ့တာတွေကညမှစားလို့ရတယ်လေ။ အဲ့လိုဆို သဘောတူပြီမလား။ မင်းနဲ့ အားယောင်တို့ ညနေကျ တပေါင်နဲ့အတူတူလာခဲ့ပါ။ မလာရင်တော့ အဒေါ်ထျန်းတို့ကို အထင်သေးတာလို့ဆိုလိုလိုက်တာပဲ။ အရင်ပြန်ပြီးသန့်ရှင်းရေးသွားလုပ်လိုက်ဦးမယ်။ မင်းငါ့ကိုလိုက်မပို့နဲ့တော့။ မင်းလုပ်စရာရှိတာလုပ်"
အဒေါ်ထျန်းကပြောပြောဆိုဆိုဖြင့် ခြံဝန်းတံခါးဆီသို့ တက်ကြွစွာလျှောက်သွား၏။
သူမ၏စိတ်သည် မသိုးမသန့်ဖြစ်နေရှာသည်။ စုရွှေလျန်နှင့်သူမ၏ခင်ပွန်းသည် ငွေယူရန်ငြင်းဆန်နေကာ သားဖြစ်သူအား ပထမနေ့တွင်ပင် ပြင်းပြင်းထန်ထန်သင်ကြားပေးနေကာ သူမသည်ငွေဖြင့်တန်ဖိုးဖြတ်ခဲ့မိသည်။ စိတ်ထဲတွင် သူမဘာသာရှက်နေမိ၏။
အဒေါ်ထျန်းကအိမ်သို့ပြန်ကာ အရသာရှိသောဟင်းပွဲများပြင်ဆင်မည်ဟု ဆုံးဖြတ်လိုက်သည်။ မှန်ပေသည်။ တဖူသည် ယနေ့အလုပ်မလုပ်သောကြောင့် သူ့အားမြစ်သို့သွားခိုင်းကာ ငါးဖမ်းခိုင်းရပေမည်။
စုရွှေလျန်သည် အဒေါ်ထျန်းပျောက်သွားသည်ကိုကြည့်ကာ ရယ်ရခက်ငိုရခက်နေသည်။ သို့သော်လည်း အဒေါ်ထျန်းက အားယောင်နှင့်သူမအား ဆောင်းဦးပွဲတော်အား အတူတူဆင်နွှဲရန်ဖိတ်ကြားနေသည့်အတွက် မငြင်းဆန်လိုက်နိုင်ပေ။ တံခါးမကြီးကိုမှီပြီးစဉ်းစားနေရာမှ မီးဖိုချောင်ထဲသို့သွားကာ ထျန်းမိသားစုအားကျေးဇူးတင်သည့်အနေဖြင့် လက်ဆောင်ပေးရန်ပြင်ဆင်လိုက်ပေ၏။
***

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now