Chapter 40 (end)

1.1K 26 0
                                    

(Unicode)

ရှောင်ကျန့်အလောတကြီး ပြေးသွားပြီးနောက် ဝမ်ရိကိုလိုက်ရှာသည်။ ဝမ်ရိ၏ တပ်ထဲတွင် တစ်ချက်သွားရှာသော်လည်း မတွေ့ ။ ထို့ကြောင့်ပင် ဝမ်ရိသွားတတ်သောနေရာများကို ထပ်သွားရှာသည်။ နောက်ဆုံးသွားတွေ့သည်မှာ ဝမ်ရိ၏ပုန်းခိုရာ ပုန်းကွယ်သောနန်းဆောင်ဟောင်းလေးတွင် ဝမ်ရိကိုတွေ့သည်။ ရှောင်ကျန့်ခင်ဗျာ ပြေးလာရတော့ မောနေတာပေါ့။

"ဝမ်ရိပေါ်.....ဝမ်ရိပေါ်...မင်းကဒီရောက်နေတာကိုး။ ငါ့မယ်ရှာလိုက်ရတာ"

"ကျန်ကော....ဘာဖြစ်လို့လဲ။ အရမ်းကြီးပြေးလာတာ"

"ငါ....ငါပြောမလို့....လလိုမျိုးစောင့်ရှောက်သူလုပ်ချင်တယ်။ ငါ့ကိုလူတွေမသိလည်းကိစ္စမရှိဘူး။ အကူအညီလိုသူတွေကို ငါကိုယ်တိုင်ကူညီရရင်ကိုကျေနပ်ပြီ"

"ဟမ်... ကျန့်ကော မလုပ်ချင်ရင်လည်းရတယ်။ ကျွန်တော် အတင်းဖိအားမပေးဘူး။ မတိုင်ပင်ဘဲ လုပ်မိတာလည်းတောင်းပန်ပါတယ်။ ကျွန်တော်ကကျန့်ကောကိုပါ ဆွဲထည့်မိသလိုဖြစ်သွားတယ်"

"အရူးလေး...မင်းပုခုံးပေါ်ကဝန်ထုပ်ကြီး နည်းနည်းဖြစ်ဖြစ်ပေါ့သွားရင်ကို ကျေနပ်ပြီ"

ဝမ်ရိ တစ်ယောက်ရေးရေးလေးပြုံးလိုက်သည်။ ထို့နောက် ရှောင်ကျန့်၏ ခေါင်းလေးကို ဖွဖွလေးနမ်းလျက် ခပ်နွေးနွေးဖက်ထားလိုက်သည်။

__________________________________________

ရန်အန်း၏ ၁၂ ယောက်မြောက်သားတော် ဝမ်ရိ၏ အိမ်ရှေ့စံအဖြစ်နန်းတက်ပွဲနေ့။

နန်းတော်ထဲတွင် လူအများနှင့်စည်ကားလျက်။ အိမ်ရှေ့စံတင်မြှောက်ပွဲအတွက် ဂုဏ်ပြုပေးရန် အနီးအနားတိုင်းပြည်တွေကရော ရောက်လာကြလေရဲ့။ မှူးမတ်များနှင့် သူတို့၏မိသားစုဝင်အချို့တက်ရောက်ကြသေးသည်။ မိသားစုဝင်ဟူပေမယ့် မိသားစုဝင်အရင်းကိုသာ တက်ရောက်ခွင့်ပြုသည်။

*လာရောက်သူဧည့်သည်များအကြားတီးတိုးစကားသံ*

"ဝေ့.....ငါကြားတာတော့ ဒီနေ့ အိမ်ရှေ့စံတင်မြှောက်ခံရမှာ နှစ်ယောက်တဲ့"

"ဟာ....မဖြစ်နိုင်တာတွေမပြောစမ်းပါနဲ့။ အိမ်ရှေ့စံဆိုတာ တစ်ယောက်ဘဲရှိနိုင်တဲ့ဟာ"

You've reached the end of published parts.

⏰ Last updated: Dec 14, 2023 ⏰

Add this story to your Library to get notified about new parts!

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now