Chapter 10

772 36 0
                                    

(Unicode)

"အရှင်သား သမားတော်ပြောတာမှန်ပါတယ်။ လေးကြိုးထဲမှာ ဖန်ကွဲစတွေ့ရပါတယ် ၊ သေချာစစ်ကြည့်တော့ဖန်စတင်မကဘဲ ကြိုးကိုလည်း အပင်တစ်မျိုးရဲ့အရည်နဲ့စိမ်ထားတယ်လို့လည်းသိရပါတယ်"

"အင်း..၊ မြင်းကရော ဘယ်လိုဖြစ်တာလဲ"

"မြင်းကိုဆေးခပ်ထားတာပါ။ အဲဒီဆေးက ခပ်ပြီး နာရီဝက်လောက်အကြာမှာအစာအိမ်နာတဲ့ပုံစံမျိုးဖြစ်စေတဲ့ဆေးပါ။ ဘယ်သူခပ်လဲဆိုတာကိုတော့စုံစမ်းနေဆဲပါ"

"အင်း...၊ တစ်ချိန်ထဲမှာတင် ရှောင်မင်းသားကိုထိခိုက်စေတာ နှစ်ခုရှိပြီ။ ကျောက်ယွမ် ဒီအဖြစ်အပျက်တွေက တစ်ယောက်ထဲကလုပ်တာလား မတူတဲ့သူတွေကလုပ်တာလားဆိုတာသေချာစုံစမ်း"

"အမိန့်အတိုင်းပါ အရှင့်သား"

ကျောက်ယွမ်နှင့်ဝမ်ရိသည် တရားခံကိုသိရန် တတ်နိုင်သလောက်စုံစမ်းနေကြသည်။ ဝမ်ရိကတော့ ဒေါသလည်းထွက် ၊ ရှောင်ကျန့်ကို အားလည်းနာ ခံစားချက်ပေါင်းစုံ ရောထွေးလျက်။

ဆေးကုသမှုသေချာခံယူပြီးသော ရှောင်ကျန့်သည် ဆေးကုသဆောင်ထဲမှ ထွက်လာခဲ့သည်။ ဝမ်ရိက အပြင်မှာ စောင့်လျက်။

"ဝမ်ရိပေါ် ၊ ငါအကုန်ကောင်းသွားပြီ ဒီမှာကြည့် သမားတော်ကသေချာလုပ်ပေးလိုက်တာ"

"အင်း..... ပြီးရင်သွားမယ်"

"အော"

ဝမ်ရိ သိပ်ပြီးစကားမပြောသေး။ ပြန်မယ်ဟုဆိုကာ ရှောင်ကျန့်ကို မြင်းပေါ်တင်ပေးသည်။ ထို့နောက် ဝမ်ရိ ကမြင်းကြိုးကို ကိုင်လျက် လမ်းလျှောက်လိုက်သည်။ ရှောင်ကျန့် မြင်းပေါ်မှ အားမလိုအားမရဖြစ်ကာ မေးလိုက်သည်။

"အယ် ဝမ်ရိပေါ် ၊ ဘာလို့အောက်ကနေလမ်းလျှောက်လိုက်နေတာလဲ။ အလာတုန်းကအတိုင်းစီးလည်းရတာဘဲဟာကို"

"မဖြစ်ဘူး"

"ဘာလို့မဖြစ်ရမှာလဲ။ ဝမ်ရိပေါ် မင်းအဲလောက်တောင်ငါနဲ့ မျက်နှာချင်းမဆိုင်ချင်တာလား။ ငါဘာများအဲ့လောက်မှားသွားလို့လဲ ပြောပါဦး"

"..........."

"တစ်ခုခုပြန်ပြောဦးလေ ၊ မင်းအဲ့အတိုင်းကြီး နှုတ်ပိတ်နေတော့ ငါဘာမှားလဲ ဘယ်လိုလုပ်သိမှာလဲ"

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Donde viven las historias. Descúbrelo ahora