Chapter 25

470 16 0
                                    

(Unicode)

"အား.......ဒီဟာကိုထုတ်မသုံးတော့ဘူးလုပ်ထားတာ ၊ ဟားဟား.....မင်းတို့တွေအရမ်းတော်လွန်းတယ်။ ဒါပေမယ့်ဒီဟာကိုရောခံနိုင်ရည်ရှိပါ့မလားဘဲ။ ဟေ့....ခေါ်လိုက်တော့ ပွဲကောင်းလေးကြည့်ချိန်တန်ပြီ"

"ဟုတ်ကဲ့ပါလူကြီးမင်း"

ထိုသို့ဆိုလျက် လုကျိန်း၏ညာလက်ရုံးကဲ့သိုသောလူသည် ခရာအသေးပုံစံမျိုးကိုအင်္ကျီထဲမှထုတ်ကာ ကျယ်နိုင်သမျှကျယ်ကျယ်မှုတ်လေတော့သည်။ အတော်ကြာသည်ထိတော့တုံ့ပြန်မှုမရှိ။ သို့ပေမယ့်နည်းနည်းလည်းကြာလာရော ကျကွဲသံတို့ကဲ့သို့သော ဖျက်ဆီးသံများကြားလာရလေသည်။ ထို့နောက်ပဲ့တင်ထပ်နေသောခြေသံများနှင့်အတူရောက်လာသောအရိပ်ပေါင်းများစွာ။ ထိုသူများကိုလက်ခုပ်တဖြောင်းဖြောင်းတီးကာ လုကျိန်းကအားပါးတရကြိုဆိုနေလေသည်။

"ဘယ်အချိန်ကြည့်ကြည့်မင်းတို့တွေကအသန်မာဆုံးဘဲ။ ဘယ်နှယ့်လဲ ရှောင်မင်းသားတို့....လက်ဆောင်လေးကိုသဘောကျရဲ့လား ဟားဟားဟား"

လက်သီးများကိုတင်းတင်းဆုပ်ထားကာဒေါသတထောင်းထောင်းထွက်နေသော ရှောင်ကျန့်သည် ဒီတစ်ခါတွင်တော့ထိန့်လန့်ကြောက်ရွံ့စိတ်များပါ ရောနှောလာတော့။ ရှောင်ကျန့်ပါမက အိမ်ရှေ့စံဝမ်ကျင်းနှင့်ကိုယ်ရံတော်တပ်သားများအပြင် တခြားမင်းသားငယ်များ၏ကြောက်စိတ်ကိုပါ ဆွဲထုတ်နိုင်ခဲ့သောထိုသူများ၏အငွေ့အသက်မှာသေးလှသည်မဟုတ်။ ထိုသူများမှာ ရန်အန်းတစ်တိုင်းပြည်လုံးတွင်နာမည်ဆိုးနှင့်ထင်ရှားသောကြေးစားလူသတ်သမားများသာဖြစ်သည်။ ထိုကြေးစားလူသတ်သမားဂိုဏ်းမှကြေးစားများသာမက ရှောင်ကျန့်တို့ကိုပိုထိတ်လန့်စေသည်မှာ ဝရမ်းထုတ်ခံထားရသော လူသတ်သမားများပါလာခြင်းပင်။ ရန်အန်းတစ်တိုင်းပြည်လုံးတွင်ဝရမ်းထုတ်ခံထားရသည့် ကွင်းဆက်လူသတ်သမားများ လုံးဝဖမ်းမမိသောကြေးစားလူသတ်သမားများအပြင် ဒုစရိုက်သမားများပါဝင်သောထိုလူတစ်စုမှာ မြင်ရသည်တောင်ကြက်သီးထစရာ။ ရှောင်ကျန့်မှာနားမလည်နိုင်အောင်ဖြစ်ကာ လုကျိန်းကိုမေးလိုက်သေးသည်။

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Donde viven las historias. Descúbrelo ahora