Chapter 29

447 17 0
                                    

(Unicode)

ဝမ်ရိသည် သူ၏မျက်စိရှေ့တွင်ပင် သူ၏အချစ်ဆုံးအကိုတော်ကိုဆုံးရှူံးလိုက်ရလေပြီ။ မျက်ရည်များဟာ မျက်လုံးထောင့်များမှ တစ်ရက်ချင်းစီးကျလျက်။ အတော်ကြာအောင်ပင် ထိုနေရာတွင်ငြိမ်ကျသွားခဲ့သည်။ ကလေးသဖွယ်ငိုနေသော ဝမ်ရိကို ရှောင်ကျန့်က အသာလေးဖက်ထားပေးလေသည်။ သို့သော် ထိုသို့ငိုနေသည်မှာသိပ်မကြာလိုက် ၊ ခဏအကြာတွင် ဝမ်ရိသတိပြန်ကကပ်ကာ ဝမ်ကျင်း၏အလောင်းကို အောက်သို့အသာချထားလိုက်လေသည်။ ထို့နောက် ဓါးအိမ်ထဲမှ ဓါးကိုအလျင်စလိုဆွဲထုတ်ရင်း ရွှမ်းယွမ်တိုက်ခိုက်နေသော ဘက်သို့သွေးအေးစွာပင် သွားလေသည်။ ရွှမ်းယွမ်းကိုလည်းအော်လိုက်သည်။

"ရွှမ်းယွမ်....ဒီကောင့်ကိုငါသတ်မယ်"

"ဟုတ်"

ရွှမ်းယွမ်လည်း ဝမ်ရိအတွက်အသာဘေးဖယ်ပေးလေသည်။ ဝမ်ရိဒေါသတကြီးသွား၍ သတ်ချင်သူမှာ လုကျိန်း၏ညာလက်ရုံးဆိုသူ။ ဝမ်ရိသည် သူ၏ဒေါသကို ထိုညာလက်ရုံးဆီတွင်ပင် အကုန်ပေါက်ကွဲချလိုက်လေတော့သည်။ ထိုညာလက်ရုံးဆိုသူလည်း ဘယ်လောက်မှမခံလိုက်။ ဒေါသမီးအဟုန်ဖြင့် တောက်လောက်နေသော ဝမ်ရိ၏ ဓါးသွားတွင်အသက်ပါသွားခဲ့လေသည်။ သူ့ရဲ့ခန္ဓာကိုယ်အလောင်းကတော့ ဝမ်ရိရဲ့ခြေရင်းတွင် ဝပ်တွားနေသဖွယ်။

ဝမ်ရိသည်ကိစ္စလည်းပြီးရော ရှောင်ကျန့်ကိုတစ်ဖန်ပြန်တွဲကာ ထိုနန်းဆောင်ထဲသို့ထွက်မည်လုပ်တော့သည်။ ထိုအချိန်တွင်.............

××××××××××××××××××××××××××××××××××××

လုကျိန်း နန်းတော်လမ်းတစ်လျှောက်တွင်ကင်းပုန်းချထားသော ကြေးစားတို့ခင်ဗျာ အသက်ထွက်မှန်းတောင်သိလိုက်ကြရဲ့လား။ သူတို့၏ရှေ့တွင် တွေ့နေသော တော်ဝင်တပ်တော်ကို ချေမှုန်းမယ်မကြံရသေးဘူး အသက်ထွက်သွားကြရခြင်းပင်။ သေဆုံးရသည့်အကြောင်းအရင်းမှာ ဒေါသအဟုန်ဖြင့်တောက်လောင်နေသော မိန်းမပျိုတစ်ယောက်၏လက်ချက်ကြောင့်ပင်။ မှန်၏ ၊ ထိုမိန်းမပျိုမှာ ဝမ်ဟွားလျန်။ သူ၏ဆရာ စစ်သူကြီးဟွားကိုသတ်သူ တရားခံအစစ်ကိုသိသိပြီးချင်း သူ၏တပ်တော်ကိုဦးဆောင်ကာ နန်းတော်သို့ဝင်လာခဲ့ခြင်းဖြစ်သည်။ မိန်းမပျိုလို့သာဆိုနေရပေမယ့် စိတ်ဓါတ်ကတော့ သာမာန်ယောက်ျားများထက်ပင်မာသေးသည်။ ဒေါသကလည်း မသေးပေ။ ဝမ်ဟွားလျန်သည် သူ၏ခြေထောက်အောက်နားမှ အသက်ချမ်းသာပေးရန် တောင်းပန်နေသော ကြေးစားကို တစ်ချက်ကြည့်ကာ တစ်ချက်ပြုံးလိုက်ရင်း သူမ၏ဓါးသွားကို ထိုသသူ၏ သွေးဖြင့်ဆေးလိုက်လေတော့သည်။

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Où les histoires vivent. Découvrez maintenant