Chapter 17

504 16 0
                                    

(Unicode)

"မဟုတ်ဘူး ဝမ်ရိပေါ်..... ဒီမှာကြည့် မင်းနဲ့တူတာပါဆို"

"ကျန့်ကောနဲ့မှတစ်ပုံစံတည်းပါဆို ၊ မယုံရင်ကျန့်ကော ရယ်ကြည့်"

ဆွဲထားသည့် ယုန်ရုပ်ကဘယ်သူနှင့်တူလဲဆိုတာငြင်းနေကြဆဲပင်။

"ဟောဒီက သခင်လေး ၂ ယောက် မီးပုံးတွေမှာဘယ်လိုဆုတောင်းစာထည့်ချင်ပါသေးသလဲ"

"အာ....မရှိလောက်ဘူးထင်တယ်။ ဪ ပြောဖို့မေ့နေတာ ဦးလေး ကျွန်တော်တို့နိုင်ထားတဲ့ မီးပုံးထဲကနေ ဟိုဘက်က မိသားစုနဲ့ကလေးတွေဆီကို ပေးပေးလို့ရမလား"

"ဒါပေမယ့် သခင်လေး၊ သူတို့တွေကအိမ်ခြေယာမဲ့တွေပါ"

"ရတယ် ပေးပေးပါ။ အိမ်ကိုတောင်ကံမကောင်းအကြောင်းမလှခဲ့လို့ဆုံးရှုံးခဲ့ပြီးပြီ။ မီးပုံးလွှတ်ပြီး ဆုတောင်းနိုင်မယ့်အခွင့်အရေးလေးတောင် မရခဲ့ရင် သူတို့အတွက်ဘယ်တရားပါ့မလဲ"

"ဟုတ်ကဲ့ပါသခင်လေး"

သူနိုင်ထားသည့် မီးပုံးတွေထဲမှအချို့ကို အိမ်ခြေမဲ့ကလေးတစ်ချို့ကိုပေးသည့်ရှောင်ကျန့်က တခြားသူအမြင်မှာထူးဆန်းနေမယ်ထင်ရဲ့။ ဝမ်ရိကတော့ခပ်ပြုံးပြုံးသာ။

"ဝမ်ရိပေါ် မင်းငါ့ကိုလိုက်ပြမယ်ဆိုတာ......."

"ဪ......လိုက်ပြမယ် ၊ ခဏ မီးပုံးလွှတ်ဖို့ ပစ္စည်းလေးနည်းနည်းယူခဲ့ရအောင်လို့"

"အင်း"

လိုအပ်သည့်ပစ္စည်းအနည်းငယ်ကိုဝယ်ပြီးနောက်တွင် ရှောင်ကျန့်ကိုခေါ်လျက် သွားမည်ဆိုသည့်နေရာသို့ခြေလှမ်းပြင်ခဲ့သည်။ သွားသည့်လမ်းတစ်လျှောက်မှာစိမ်းသည့်နေရာတော့မဟုတ်သေးပေ။

"ဘယ်သူလဲ ၊ အာ....မင်းသား ၁၂ တို့ပါလား"

"အင်း...နန်းတွင်းထဲမှာလုပ်စရာရှိလို့"

နန်းတော်တံခါးစောင့်ဆီမှမေးသံကို တုန့်ပြန်လိုက်သောဝမ်ရိ။ သူသွားမည်ဆိုသည့်နေရာမှာ နန်းတွင်းထဲတွင်ရှိနေသည်ထင်ရဲ့။ ရှောင်ကျန့်ကိုခေါ်ကာ နန်းတွင်းသို့ဝင်လျက် တစ်နေရာသို့ခြေလှမ်းများဆက်ခဲ့သည်။

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now