Chapter 22

464 16 0
                                    

(Unicode)

ရှောင်ကျန့်၏လည်ပင်းသို့ချိန်ထားသောဓါးအလက်ပေါင်းများစွာ။ ဘုရင့်ပလ္လင်ထက်တွင် မိန့်မိန့်ကြီးထိုင်နေသူကိုတော့ သြချလောက်ပေသည်။ ရှောင်ကျန့်၏ နောက်မှအိမ်ရှေ့စံဝမ်ကျင်းနှင့်အတူ တခြားမင်းသားငယ်များလည်း ထိုနန်းဆောင်ဆီသို့ရောက်လာကြသည်။ ရှောင်ကျန့်မလာရန် အော်လိုက်သော်လည်း အချိန်နှောင်းသွားခဲ့ပြီ ၊ ရန်သူတပ်သားများကဝမ်ကျင်းတို့ကိုဝိုင်းလျက်ရှိလေပြီ။ ပုံမှန်အတိုင်းဆိုလျှင် ပြန်တိုက်ခိုက်သော် အနိုင်ရမည်သာ။ အခုတစ်ခါမှာတော့အားနည်းချက်ကိုဆုပ်ကိုင်ခံထားရလေပြီကိုး။ ပလ္လင်ပေါ်ကလူသည် ပြောင်သလိုလိုနောက်သလိုလိုနှင့် ရှောင်ကျန့်ကို ခနဲ့ကာပြောသည်။

"ဘယ်နယ့်လဲ။ စိမ့်ပါရဲ့လား......တူတော်မောင်ဝမ်ရိရဲ့ကြင်ယာတော်လေးရေ"

မှန်သည်။ ထိုသူမှာမုချမသွေ ဦးရီးတော် လုကျိန်းပင်ဖြစ်နေသည်။ ဆုပ်ကိုင်ထားသောအားနည်းချက်ဆိုသည်မှာလည်း ဘုရင်ဝမ်ကျစ်နှင့် မိဖုရားခေါင်ကြီးတို့ကို ဓါးစားခံ လုပ်ကာဓါးနှင့်ထောက်ထားခြင်းပင်။ ဒီတိုင်းဆိုမနိုင်မှန်းသိလေတော့ ဓါးစားခံသုံးတဲ့အောက်တန်းစားအကွက်ဆိုပါတော့။ ရှောင်ကျန့်မှရွံ့ရှာ ဟန်ဖြင့်ပြောလေသည်။

"ကြည့်ရတာ ဦးရီးတော် တစ်ခန်းလွတ်နေပုံဘဲ။ ကိုယ့်အစ်မကိုတောင် ကိုယ့်ဓါးစားခံပြန်လုပ်တယ်ဆိုထဲက"

လုကျိန်းဆီမှမထင်လောက်စရာသော တုံ့ပြန်မှုတစ်ခု.........

"ထွီ........အစ်မတော်တဲ့လား ဟားဟား ၊ မွေးထဲကရွှေဇွန်းကိုက်မွေးလားပြီး ကြီးလာတော့လည်း ဘုရင့်မိဖုရား ၊ အဲ့လိုလူကငါနဲ့မောင်နှမလို့သတ်ရောသတ်မှတ်ရဲ့လား။ ငါဆိုတဲ့ကောင်ကို လုအိမ်တော်ကမွေးထဲက လူရာတောင်သွင်းခဲ့တာမဟုတ်ဘူး။ အမေကအမျိုးနိမ့်ဖြစ်နေတာတစ်ခုကြောင့်နဲ့ လုအိမ်တော်သွေးသားငါ့ကိုလည်း အဆင့်နိမ့်တစ်ယောက်လိုဆက်ဆံခဲ့တာ အစေခံနဲ့မခြားဘူး။ ကဲဘာပြောဦးမလဲ ၊ အဲ့လိုတောင်ငါကသူ့ကိုအစ်မလို့သတ်မှတ်ရဦးမှာလား"

"ခင်ဗျားကိုအဲ့လိုဆက်ဆံတာ လုအိမ်တော်လေ ၊ မယ်တော်ကမှမဟုတ်တာ"

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now