Chapter 24

472 15 0
                                    

(Unicode)

တိုက်ခိုက်နေသည်များကပြင်းထန်လှသည်။ သို့ရာတွင်ဝမ်ရိတို့ကို ထွက်လာရန်တော့အချက်မပြသေး။ အချိန်ကောင်းတစ်ခုကိုရနိုင်သလောက်ရအောင်စောင့်နေလေသည်။ အခုချိန်တိုက်ခိုက်နေသောလည်း လုကျိန်း၏ ညာလက်လုံးဟုထင်ရသော လူတစ်ယောက်နှင့် တပည့်တပန်းတချို့မှာ သူ့အနားတွင်ရှိနေသေးသည်။ ထိုသူတွေထဲမှတချို့သည် တိုက်ခိုက်နေသော စစ်သည်များကိုအမိန့်ပင်ပေးနေသေးသည်။ ဆိုတော့ထိုသူများကပေါ့သေးသေး တပ်သားငယ်လေးများတော့မဟုတ်ဘူး ဆိုတာရှောင်ကျန့်ရိပ်မိသည်။ ထိုသူများကိုမရှင်းနိုင်သေးခင် ဝမ်ရိတို့ကိုခေါ်လိုက်မိလျှင် လုကျိန်းဆီမှ မထင်မှတ်ထားသည်များထွက်လာနိုင်သေးသည်။ ထိုလူများကိုအကုန်ရှင်းပြီးမှသာ လုကျိန်းအောက်ခြေလွတ်သွားမည့်အခြေအနေဖြစ်သည်။ တစ်ယောက်နှင့်အများတွင် တစ်ယောက်ထဲသူကဘယ်လောက်သန်မာနေပါစေ အားနည်းချိန်ဟာကွက်တော့ရှိလာစမြဲ။

တိုက်ခိုက်မှုများကအတော်ကြာအောင်ဆက်လက်ဖြစ်နေသေးသည်။ သူမသာကိုယ်မသာအခြေအနေမှ ရှောင်ကျန့်တို့ဘက်ကအားပိုသာလာသည်။ အနိုင်ရနိုင်ခြေပိုရှိလာသည်ပေါ့။ လုကျိန်းလည်းခြေမငြိမ်တော့ သူ့နားမှတပည့်အနည်းငယ်ကို အမိန့်ပေးကာ ရှောင်ကျန့်တို့နှင့်တိုက်ခိုင်းလေတော့သည်။ ပလ္လင်ပေါ်ကနေ ပြောလိုက်သေးသည်။

"မင်းသား ၁၂ ကြင်ယာတော်လေး အားသိပ်သုံးနေတယ်မထင်ဘူးလား။ မင်းဒီထဲကသူတွေကိုရှင်းနိုင်နေလည်း အပြင်မှာငါ့လူတွေအများကြီးရှိသေးတယ်နော်။ မင်းအားကုန်မှာစိုးလို့စေတနာနဲ့ပြောတာပါ။ စိတ်လျှော့စိတ်လျှော့။ အိမ်ရှေ့စံအရှင့်သားရောအတူတူဘဲ။ သေမယ့်သေအေးအေးချမ်းချမ်းလေးသေလို့ရနေတာကို။ အလကားနေ အမောခံနေတယ် ဟူး......လူငယ်တွေများ ပြောရခက်တယ်"

တိုက်ခိုက်လို့ မောနေရတဲ့ကြားထဲ လုကျိန်းကပြောစရာမရှိတာလုပ်ပြောနေလေတော့ ရှောင်ကျန့်တင်းပြီပေါ့။ ရှိသမျှအားသုံးကာရန်ပြန်ဖြစ်မယ်လုပ်သော်လည်း အိမ်ရှေ့စံဝမ်ကျင်းကတားလေသည်။

"ရှောင်မင်းသား စိတ်လျှော့။ သူကစကားနဲ့စိတ်ကိုလွတ်အောင်လုပ်နေတာ။ အပြောတစ်လုံးက မတော်ရင်လူ့အသတ်ပါထိနိုင်တယ်ဆိုတာ သူသိတယ် ရှောင်မင်းသား။ ရှောင်မင်းသား စိတ်လိုက်မာန်ပါလုပ်ပြီးသာ သူပြောတဲ့စကားတွေကို ပြန်ပြောနေမယ်ဆိုရင် လူ့လက်အောက်ငယ်သားတစ်ယောက်ယောက်က မင်းသားကိုထိခိုက်အောင်လာလုပ်မှာ။ ဖြစ်နိုင်ရင်သတိကပ်ပါ"

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now