Chapter 19

470 19 0
                                    

(Unicode)

ဘယ်ချိန်ကတည်းကရွာနေမှန်းမသိသောမိုးသည် တစ်စုံတစ်ယောက်ကိုလွမ်းဆွတ်စေ၏။  အဖြစ်အပျက်များကမြန်လွန်းလှ၍ မည်သူ့ကိုအပြစ်တင်ရမှန်းကိုမသိလေတော့ အချိန်မကျဘဲရွာလာသောမိုးစက်များကိုသာ အဖြစ်ဖို့နေသော ရှောင်ကျန့်။ အဖြစ်ကား မီးပုံးပွဲတော်နေ့အပြီး နောက်တစ်နေ့မနက်တွင် နယ်စပ်တွင် အခြေအနေဆိုးနေသည် ဟူ၍ ဝမ်ရိခမျာ နယ်စပ်သို့ သွားရလေသောကြောင့်သာ။ အချင်းချင်း၏ခံစားချက်များကို သိပြီး တစ်ရက်ဟူသောအချိန်တောင်မပြည့်သေးချိန်တွင် စစ်ချီထွက်ရသော အမောင်ဝမ်ရိကို ရှောင်ကျန့်စိတ်ပူလို့မဆုံးဖြစ်နေလေသည်။ တစ်စက်ချင်း တဖြည်းဖြည်းကျနေသော မြို့စောင့်တပ်တံစက်မြိတ်မှ မိုးရေစက်များကိုကြည့်ရင်း မကျေနပ်စိတ်လေးဖြင့်ရေရွတ်နေသည်။

"မိုးကလည်းမတိတ်နိုင်ဘူး ၊ မနေ့ကတင် ဆောင်းဝင်လို့ပွဲတော်လုပ်ထားတာလေ။ မိုးရေ မရွာသင့်တော့ဘူး။ ဝမ်ရိပေါ် မိုးစိုပြီး ဖျားတော့မှာဘဲ။ မိုးစက်လေးတွေ မင်းတို့အရမ်းဆိုးတယ်"

တစ်ယောက်တည်းရေရွတ်ရင်းက စာပို့ငှက်ရောက်လာလေသည်။ တစ်ခုမှမတွေ့ဖူးသော ငှက်ပင်။ မြို့တော်မှ ထိန်းကျောင်းလေ့ကျင်ပေးထားသော ငှက်လည်းမဟုတ်။ တပ်သားတစ်ယောက်လာ၍ ထိုစာပို့ငှက်ဆီမှာ စာကိုရှောင်ကျန့်ဆီသို့လာပေးလေသည်။ ထိုစာထဲတွင်.........

"မင်းတို့ပျော်နိုင်တဲ့အချိန် ၂ ရက်ရှိမယ်။ အဲဒီ ၂ ရက်ပြီးရင် ရန်အန်းက ငါ့အပိုင်ဖြစ်တော့မှာမလို့! မြို့တော်မှာသိပ်အခြေအနေမကောင်းတာတွေသိတယ်မလား။ မင်းတို့ရဲ့တော်လှပါတယ်ဆိုတဲ့ စစ်သူကြီးဟန်လည်း မတတ်နိုင်တော့ဘူးလေ။ ဒီကောင်တော်တော်တော့အသက်ပြင်းသား မသေခင်စာရေးပြီးချန်ထားခဲ့သေးတာ။ ဘာတဲ့ လက်နက်ပုန်းတဲ့လား။ ၂ ရက်ပြီးရင်တွေ့မယ်။ ပြီးတော့ သားထွေးလေးက နယ်စပ်ရောက်နေတာနော် သေချာလေးဧည့်ခံပေးလိုက်မယ်"

ရှောင်ကျန့်ထိတ်လန့်သွားသည်။ ချက်ချင်းပင် နန်းတော်သို့အခစားဝင်လေတော့သည်။ စိတ်ပူခြင်းနှင့် ဒေါသမီးတို့ကရောနှောလျက်။

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now