Chapter 35

455 17 0
                                    

(Unicode)

"အရှင့်သားတို့ပြောနေတာတွေ ကျွန်တော်မျိုးနားမလည်တော့ဘူး။ ရှောင်မင်းသားကကျွန်တော်တို့ကိုသိတာလား"

ကျောက်ယွမ်မှတအံ့တသြမေးလိုက်သည်။ ရွှမ်းယွမ်ကတိတ်ဆိတ်နေပေမယ့် သူလည်းကျောက်ယွမမ်မေးသောမေးခွန်း၏အဖြေကိုသိချင်နေလေသည်။

ထိုအခါဝမ်ရိကထလျက်

"မင်းတို့ကိုကယ်တာငါတစ်ယောက်ထဲမဟုတ်ဘူး။ ရှောင်မင်းသားရောမင်းတို့ကိုကယ်ခဲ့တာ။ မင်းတို့ဆေးပေးခန်းမှာတုန်းက ကုပေးတဲ့သမားတော်က ရှောင်မင်းသားဘဲ"

"အာ!"

ကျောက်ယွမ်ဆီမှအာမေဍိတ်သံလေးတစ်ချက်ထွက်လာသည်။ ရွှမ်းယွမ်ကတော့တည်လျက်...

"ဒီလောက်တိုက်ဆိုင်နိုင်လို့လား"

ဟု ပြန်၍မေးခွန်းထုတ်လေသည်။ ဒီတစ်ခါ ဝမ်ရိမဖြေ ၊ ရှောင်ကျန့်မှထဖြေသည်။

"အင်း.....တိုက်ဆိုင်တာတွေချည်းဘဲတော့မဟုတ်ဘူး။ တွေ့ဆုံရမယ့် ကံကြမ္မာနဲ့လည်းဆိုင်သေးတာပေါ့ ဟီး"

ရှောင်ကျန့်၏ပြန်ဖြေသော စကားကိုကြားပြီးပြီးချင်း ရွှမ်းယွမ်နှင့်ကျောက်ယွမ်သည် ဒူးတစ်ဖက်ထောက်ချလျက် အမိန့်နာခံသော အနေအထားဖြင့်ဆိုသည်။

"အရှင့်သားတို့ ၂ ယောက်လုံးကကျွန်တော်မျိုးတို့ရဲ့ ကယ်တင်ရှင်တွေပါ။ ကျွန်တော်မျိုးတို့အသက်ကိုပေးဆိုရင်တောင်ပေးရဲတာမလို့ လိုသလိုအသုံးပြုနိုင်ပါတယ်။ လက်နက်တစ်ခုအဖြစ်နဲ့ဘဲဖြစ်ဖြစ် အသုံးဝင်ချင်ပါတယ်"

သူတို့ ၂ ယောက်၏အပြုအမူကိုကြည့်လျက် ရှောင်ကျန့်နှင့် ဝမ်ရိ ၂ ယောက်အနည်းငယ်ဆွံ့အသွားသည်။ ခဏ အကြာတွင်တော့ ရှောင်ကျန့်လှုပ်လှုပ်ရှားရှားဖြစ်လာသည်။

ကုတင်ပေါ်မှဆင်းလာပြီး ကျောက်ယွမ်နှင့်ရွှမ်းယွမ်တို့ဒူးထောက်နေရရာထိဆင်းလျက် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်လေသည်။

ကျောက်ယွမ်နှင့်ရွှမ်းယွမ်တို့ကလည်း အယောင်ယောင်အမှားမှားနှင့် ဘာလုပ်ရဘာကိုင်ရမှန်းမသိဖြစ်သွားသည်။ ရှောင်ကျန့်ကိုဘဲထထူရတော့မလား ၊ သူတို့ကိုယ်ကိုဘဲ အောင်သိူ့ဝပ်ချလိုက်ရတော့မည်လား မသဲကွဲတော့။ ထိုအချိန်တွင်....

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Où les histoires vivent. Découvrez maintenant