Chapter 21

485 19 0
                                    

(Unicode)

ရန်သူဘက်ကလက်နက်ပုန်းကျွမ်းကျင်လှသည့် ယုံလင်းဖြစ်နေသည်ကတစ်မျိုးခက်နေသည့်ပင်။ အပေါ်မှယမ်းစက်လုံးများနှင့်ပစ်ကာ နှိမ်နင်းနေသော်လည်း ယုံလင်းဘက်မှအင်အားများလွန်းလှသည်။ ထိုထက်ပိုဆိုးသည်မှာ လက်နက်များသာ။ ယုံလင်းတပ်သားတိုင်း၏ ဓါးရိုးတွင်အခေါင်းပုံစံအပေါက်များပါသည်။ ထိုအပေါက်များထဲမှ လက်နက်ပုန်း မြှားတိုအသေးစားများသည် လက်ပန်းကျနေသော ရန်အန်းစစ်သည်များအတွက်တော့ ရှောင်ရခက်သော လက်နက်ကြီးတစ်ခုသဖွယ်ဖြစ်လျက်။ သေးငယ်ပေမယ့်လည်း အထိနာသည်ဆိုရမလို ၊ အသွားလေးဖက်ပါသည့်ပုံစံ ပြုလုပ်ထားသော ထိုလက်နက်ပုန်းများမှာ အလွန်လက်ရာမြောက်ပြီး ချက်ကောင်းထိလျှင်သေစေနိုင်သည်ထိ အသွားထက်လှသည်။ ထိုလက်နက်များဖြင့် လျှပ်တစ်ပြက် ဖြစ်နေသောရန်အန်တပ်သားများမှာ အထိနာလျက် ၊ စက်ခလုပ်နှိပ်ကာ တိုက်နေရသော တပ်သားများကိုထိလေတော့ နည်းနည်းအခြေယိုင်စပြုလာလေပြီ။ ရှောင်ကျန့်လည်းကြံရာမရဖြစ်နေလေပြီ။ သူတို့လုပ်နိုင်သည်မှာ အကူအညီရရန်စောင့်ဆိုင်းခြင်းသာရှိတော့သည်။ သို့ပေမယ့်လည်းအကူအညီကို ဒီတိုင်းဘာမှမလုပ်ဘဲ ထိုင်ပြီးစောင့်နေနိုင်မယ်တဲ့လား ၊ ထိုသို့စောင့်နေလျှင်သေဖို့မှတပါးမရှိ။

"ဟိုဘက်က လက်နက်ပုန်းတွေကိုဘယ်လိုတားရမလဲ ၊ ထိုင်စောင့်နေရအောင်လည်း ဘာမှမသေချာဘူး"

သူတွေးပြီးရင်းတွေးသည်။ နောက်ဆုံးတစ်ခေါက်စဥ်းစားပြီး ဆုံးဖြတ်လိုက်သည်မှာ သူထွက်တိုက်မှရတော့မည်ဆိုသော ဆုံးဖြတ်ချက်သာ။ ထွက်တိုက်ရန် အကွယ်နေရာမှထလာသော် ရုတ်တရက် လက်နက်ပုန်းတစ်ခုသည် သူ၏လက်မောင်းကိုအပေါ်ယံကို ထိသွားလေသည်။ ရုတ်တရက်ပြန်ဆုတ်မလို့လုပ်ပေမယ့်လည်း ရှေ့ဆက်ရမည်ဟူသောစိတ်သာလွှမ်းမိုးလျက် ဆက်သွားသည်။ ခံတပ်မှထွက်ကာ တိုက်မည်အလုပ်တွင် မြင်းဟည်းသံနှင့်မြင်းခွာသံများဒုန်းစိုင်းလာသံကိုရုတ်တရက်ကြားလိုက်ရသည်။ ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ခံတပ်စောင့်တပ်သားတစ်ယောက်ကို လှမ်းအော်ကာကြည့်စေသည်။

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now