Chapter 3

1.1K 51 2
                                    

(Unicode)

"ဒါနဲ့နာမည်အရင်းကဘာလဲ။ မင်းသား ၁၂ လို့ဘဲသိလို့ ၊ ခုဏကတော့ ခေါ်သံတွေကြားတယ် ဝမ် ဘာဆိုလားလေ"

"ဝမ်ရိ ပါ ၊ ဝမ်ရိ"

"ဪ ဝမ်ရိ ဝမ်ရိ ရိ ရိပေါ် ၊ ဝမ်ရိပေါ်"

"အဲဒါ ဘာကြီးလဲ ၊ ရှောင် မင်းသား"

"ရိပေါ် ဆိုတာ ကျွန်တော်တို့ဘာသာစကား နဲ့ဆို လှတယ် လို့ပြောတာ ၊ မင်းသား ၁၂ နာမည်မှာလည်း ရိပါလို့ နောက်က ပေါ်  လေးထပ်ထည့်လိုက်တော "ဝမ်ရိပေါ်" ဖြစ်သွားရော ဟဲဟဲ"

ဝမ်ရိ နောက်ဆုံးပြုံးခဲ့သည်မှာ ဘယ်အချိန်လဲ မမှတ်မိတော့။ အချိန်အတော်ကြာမှ ပထမဆုံးအကြိမ် ပြုံးလိုက်မိသည်။ ပြုံးလိုက်ရသည့်အကြောင်းအရင်းကလည်း သူ့ရှေ့က လူသားလေး ရှောင်ကျန့်ကြောင့်တဲ့။

"ပြုံးတတ်သားဘဲ ၊ စတွေ့တွေ့ချင်းက မပြုံးတတ်လောက်ဘူးထင်တာ။ နာမည်ကို ကြိုက်တယ်ထင်ပ ၊ နောက်ဆို ဝမ်ရိပေါ် လို့ဘဲခေါ်မယ်"

"အဆင်ပြေသလိုခေါ်ပါ ရှောင် မင်းသား"

"အယ် အယ် နေဦး။ အသက်ဘယ်နှနှစ်လဲ ဟောဒီက မင်းသား ၁၂ က"

" ၁၇ နှစ်ပြည့်ပြီးသွားပါပြီ"

" ၁၇ ဆိုတော့ ၊ ကျွန်တော်က ၂၃ ၊ အဲဒီတော့ ၆ နှစ်ကွာတယ်။ ကျွန်တော့်ကို ကောကော လို့ခေါ်"

"အာ......."

"ဘာလို့လဲ ၊ ကိုယ့်ထက်ကြီးတဲ့သူကို အကိုလို့ခေါ်တာ မထူးဆန်းပါဘူး။ ကောကော လို့မခေါ်ချင်ရင် ကျန့်ကော လို့ခေါ် ၊ အဆင်ပြေတယ်"

"ဒါပေမယ့်လည်း နန်းတော်ထဲမှာက......၊ အဆင်မပြေလောက်ပါဘူး"

"မခေါ်ချင်လည်း မခေါ်နဲ့ပေါ့ ၊ ကျွန်တော်လည်း မခေါ်ဘူး။ သွားတော့မယ်"

"အယ် အယ် နေဦးလေ။ ခေါ်မယ် ဒါပေမယ့် သူများတွေမရှိတဲ့အချိန်ဘဲ အဲဒီလိုခေါ်မှာ.....၊ အများရှေ့မှာကျ ဝေဖန်ခံရတာတွေရှိနိုင်တာမလို့"

"အဲ့လိုလုပ်ပါ ၊ ခေါ်ခေါ် ကျန့်ကောလို့"

"ကျန့် .....ကျန့်ကော"

"အင်း ဝမ်ရိပေါ်"

အရင်ကမပြုံးတဲ့ ဝမ်ရိ ၊ ခုတော့ မိနစ်တောင်မခြား ခဏခဏ ပြုံးနေလေရဲ့။ ရှောင်ကျန့်ကလည်း မနိုင်စိန်လေး။ ဝမ်ရိ လို ရေခဲတုံးက ရှောင်ကျန့်နဲ့တွေ့မှ အရည်ပျော်တော့မယ်ထင် ၊ မဟုတ်ဘူး အရည်ကစပျော်နေလေပြီ။

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now