Chapter 11

718 29 0
                                    

(Unicode)

"မင်းကြီး ကျွန်တော်မျိုးပြောတဲ့အရာအတွက် ကျွန်တော်မျိုးကိုသာ အပြစ်ပေးပါ။ အစ်မတော်နဲ့ လုံးဝ မသက်ဆိုင်တဲ့အရာဖြစ်တာမလို့ နားလည်ပေးမယ်မျှော်လင့်ပါတယ်"

ဝမ်ရိ ၏ ဦးရီးတော် တော်စပ်သူ လုကျိန်းသည် အဖြစ်အပျက်တို့ကိုပြန်ပြောပြလေသည်။

"ကျွန်တော်မျိုးက သစ္စာဖောက်တစ်ယောက်ပါ"

"သစ္စာဖောက်တဲ့"

"ဟာ..."

"ဘယ်လိုတွေလဲ"

အမတ်တွေရဲ့ တီးတိုးပြောဆိုသံများနှင့် ညီလာခံတွင် ညံသွားသည်။ ဝမ်ကျစ် လည်းချောင်းတစ်ချက်ဟန့်ရင်း ဆူညံသံများကို တန့်စေသည်။

"အဟမ်း..... အကုန်တိတ်ကြစမ်း။ ဆက်ပြောကွယ့်"

"ကျွန်တော်မျိုး သစ္စာဖောက်တာ အမိနိုင်ငံကိုဖောက်တာမဟုတ်ပါဘူး။ ကျွန်တော်မျိုး အမျိုးသမီး၏ နိုင်ငံ ယုံလင်း ကိုသစ္စာဖောက်မိတာပါ။အခုလောက်ဆို အရှင် သတိထားမိလောက်မယ်ထင်ပါတယ် ၊ ကျွန်တော်မျိုးရဲ့ အမိမြေက ယခုခြေချရာ သုံးပြည်ထောင်စုထဲမှာပါတဲ့  ကျန်းရန် ပြည်ပါ။ အစ်မတော် နဲ့အတူတူပါဘဲ။ ကျွန်တော်မျိုး ယုံလင်းပြည်က အမျိုးမြင့်တစ်ယောက်နဲ့လက်ဆက်လိုက်ရပြီး ယုံလင်းပြည်ကိုလိုက်သွားရတာပါ။ ယုံလင်းမှာ ရာထူးအသင့်အတင့်နေရာမှာ စစ်သူကြီးလုပ်ရပါတယ်။ နောက်ပိုင်းကျ သူတို့က ကျန်းရန် ပြည်ကို ကျူးကျော်မယ်လုပ်ပါတယ်။ အဲဒါနဲ့ ကျွန်တော်မျိုးသိသမျှ သတင်းအကုန်ကို ကျန်းရန် ပြည်ကိုပေးလိုက်ပါတယ်။ အဲဒါကို ယုံလင်းက သူတွေသိသွားပြီး ကျွန်တော့်ကိုသစ္စာဖောက်ကြေညာလိုက်လို့ မင်းသား ၁၂ မမွေးခင် ကျွန်တော် ရန်အန်းမှာ လာပြီးရှောင်နေတာပါ။ အစ်မတော်က တိတ်တဆိတ်ကူညီပေးလို့ ကျွန်တော်မျိုးချမ်းသာရာ ရတာပါ။ အဲ့တုန်းက ကျွန်တော်မျိုးလို သစ္စာဖောက်ကို ကူညီတာကို သိသွားမှာစိုးလို့ တိတ်တဆိတ်နေခဲ့တာပါ။ အစ်မတော်က သူ မတရားစွပ်စွဲခံနေရတာတောင်မှ ကျွန်တော်မျိုးအကြောင်း တစ်ခွန်းမှ မဟခဲ့ရတာ ဒါကြောင့်ပါ။ ကျေးဇူးပြုပြီး အစ်မတော်ကို အပြစ်မမြင်ပါနဲ့"

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now