Chapter 1

2K 67 0
                                    

(Unicode)

၃ ပြည်ထောင် တစ်စုတည်းတည်ရှိသော လွင်ပြင်ဒေသ ၊ ထို ၃ ပြည်ထောင်အနက် အထွန်းကားဆုံးနှင့် အင်အားအကြီးဆုံးသော "ရန်အန်း"။ ရှင်ဘုရင် ဝမ်ကျစ် ၌ မိဖုရားခေါင်ကြီး နှင့် ကိုယ်လုပ်တော် အဆင့်အနိမ့် အမြင့်များစွာဖြင့် ခြံရံလျက်ရှိသည်။ ၀မ်ကျစ်၌ ကိုယ်လုပ်တော်ဖွား သားသမီး မင်းသား မင်းသမီးငယ် မြောက်များစွာ ရှိသော်လည်း မိဖုရားခေါင်ကြီး မှဖွားမြင်သော သားသမီး တစ်ယောက်မှမရှိချေ။ ဝမ်းကျစ် ဘုရင် နန်းသက် ၁၃ နှစ်ပြည့်တွင်မှ မိဖုရားခေါင်ကြီးမှ သားတော်တစ်ပါးဖွားမြင်လေသည်။ သက်တော်အရွယ်ကြီးမြင့်ကာမှ ဖွားမြင်သော ထိုသားတော်သည် အမည်က "ဝမ်ရိ"။ ၀မ်ကျစ်၏ ၁၂ ယောက်မြောက်အငယ်ဆုံးသားတော်။ ဝမ်ကျစ်သည် သူ၏သားတော်ကိုအရမ်းချစ်သည်။ သို့ရာတွင် ၀မ်ကျစ်ထီးနန်းလွှဲအပ်ရန် အိမ်ရှေ့စံ မင်းသားရွေးရာတွင် အသက်မှာငယ်လွန်း၍ အိမ်ရှေ့စံ မမြောက် ၊ကိုယ်လုပ်တော် "ကွေ့ဖေး" မှ ဖွားမြင်သည့် ၀မ်ရိ ၏ အကိုတော်အကြီးဆုံး "၀မ်ကျင်း" သာအိမ်ရှေ့စံ အရာမြောက်လေသည်.................

နောက် ၁၄ နှစ်ကြာ ၀မ်ရိ မင်းသား အသက် ၁၇ နှစ်အရွယ်ရောက်သော် လက်ရုံးရည်တင်မက နှလုံးရည်၊ ရုပ်အဆင်းမှအစချောမောသော မင်းသားငယ်အသွင်။ ထိုအချင်းအရာကို မနာလိုနေသည်မှာ ကိုယ်လုပ်တော် ကွေ့ဖေး။ မည်မျှပင် သူမ၏သားတော်မှာ အိမ်ရှေ့စံ အဖြစ်ခန့်အပ်ခံရပါသော်လည်း ၊ သူမမှာ မကျေနပ်နိုင် ၊ ညည တွင်အိပ်မပျော်နိုင်လောက်ထိပင် သဝန်တိုလေသည်။ ထို့ကြောင့် သူမ မကြံကောင်းမစည်ရာလုပ်မိလိုက်သည့်အရာမှာ ကုန်းချောခြင်းအရာပင်။

"မင်းကြီး စိတ်မဆိုးပါနဲ့နော် ကွေ့ဖေးပြောစရာရှိလို့ ၊ ဟိုတစ်နေ့ကမှ ကျွန်မရဲ့ အစေခံတွေပြောနေတာကြားလို့ ၊ မင်းသား ၁၂ က မင်းကြီးရဲ့သားတော်မဟုတ်ဘူးဆို။"

"ဘာကွ ၊ မင်းအပြစ်ခံချင်နေတာလား"

"မဟုတ်ရပါဘူး။ ကွေ့ဖေး အပြစ်ကျူးလွန်မိပါတယ် ၊ နန်းတော်ထဲမှာက ကောလဟာလတွေပျံ့နေလို့ ပြီးတော့ ၊ ၀မ်ဖေး မယ်မယ်ကိုတစ်ခြားယောက်ျားတစ်ယောက်နဲ့လည်း တွေ့မိတယ်လို့ အပျိုတော်တွေပြောနေကြလို့ပါ"

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now